ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (17Nov-8am)

  • ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ကစားသမားကြီး ဆေးဗားဟာ သူ့ရဲ့ကလပ်ဟောင်းဖလူမင်နီစ် နဲ့ချိတ်ဆက်ပြောဆိုမှုတွေရှိနေတယ်လို့  The Chelsea Chronicle ကဖော်ပြလာပါတယ်။ ကစားသမားကြီးဟာ အသက် ၃၈ နှစ်ပြည့်တော့မှာဖြစ်ပြီး  ဒီရာသီကုန်မှာ အလွတ်နဲ့ထွက်ခွာခွင့်လဲရရှိထားသူဖြစ်ပါတယ်။ ဆေးဗားက တူချယ်လက်အောက်မှာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီရာသီမှာလည်း ၁၂ ပွဲ ပါဝင်ကစားထားပါတယ်။
  • နည်းပြသစ်စဖြစ်လာကတည်းက ချဲလ်ဆီးကစားသမားတွေကိုပဲစိတ်ဝင်စားနေတဲ့ ဘာစီလိုနာနည်းပြ ဇာဗီဟာ ခြောက်ယောက်မြောက်စိတ်ဝင်စားခြင်းအဖြစ်  အသင်းခေါင်းဆောင် အက်ပလီကွယ်တာကို ခေါ်ယူလိုနေတယ်လို့   ESPN News ကဖော်ပြသွားပါတယ်။ ဒါပေမယ့် အခုလာမယ့်ဇန်နဝါရီမှာ မဟုတ်ပဲနဲ့ အလွတ်ခေါ်ယူခွင့်ရမယ့် နွေရာသီမှသာဖြစ်တယ်လို့ဆိုပါတယ်။ အသက် ၃၂ နှစ်ရှိပြီးဖြစ်တဲ့ စပိန်သားဟာ စတမ်းဖို့ဘရစ်ချ်မှာ စာချုပ်သစ်ဆွေးနွေးနေပေမယ့် ခုထိတိုးတက်မှုတော့မရှိသေးပါဘူး။
  • ပရီးမီးယားလိဂ်တိုက်စစ်မှုးဟောင်း ကီဗင်ဖိလစ်က  ချဲလ်ဆီးလူငယ်ကစားသမား ဘီလီဂေးမားအနေနဲ့ပွဲထွက်ချိန်ပိုရအောင် လိဒ်ယူနိုက်တက် အသင်းကိုပြောင်းကစားသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ စကော့တလန်သားလေးဟာ ပြီးခဲ့တဲ့နွေတုန်းက နောဝစ်ကိုအငှားနဲ့လာကစားခဲ့ပေမယ့် ပွဲထွက်ခွင့်မရတာကြောင့် အသင်းပရိတ်သတ်တွေကလည်း မကျေမနပ်ဖြစ်နေကြတာပါ။ တူချယ်ကတော့ ကစားသမားလေးနဲ့ပတ်သတ်လို့ ဇန်နဝါရီမှာ ဆုံးဖြတ်ချက်တစ်ခုခုချမယ်လို့ ဆိုထားပါတယ်။
  • ချဲလ်ဆီးတို့ဟာ ၁၉၉၅ ခုနှစ်တုန်းက နောင်တစ်ချိန်မှာ အာဆင်နယ်ဂန္တဝင်ဖြစ်လာမယ့် ဒင်းနစ္စဘားကင့်ကို ခေါ်ယူလုနီးပါးဖြစ်ခဲ့ဖူးတယ်လို့  နည်းပြဟောင်း ဂလင်းဟော်ဒယ်က ပြန်ပြောင်းပြောပြပါတယ်။ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိချဲလ်ဆီးကိုနည်းပြဖူးတဲ့ ဟော်ဒယ် ဟာ ရိုမန်အေဘရာမိုဗစ်မတိုင်ခင် ကာလတွေမှာ အသင်းကိုအဆင့်တစ်ခုရောက်အောင်ဆွဲတင်ပေးခဲ့သူဖြစ်ပြီး  မာ့ဟုချ် ၊ ပီထရီစကု နဲ့ ရုဒ်ဂူးလစ် တို့လို ထိပ်တန်းခေါ်ယူမှုတွေကိုလည်းပြုလုပ်ခဲ့သူဖြစ်ပါတယ်။
  • ချဲလ်ဆီးလူငယ်လေး ဘီလီ‌ဂေးမားကို  စကော့တလန်အသင်းကိုမြင့်တင်ပေးမယ့် မျိုးဆက်သစ်ကစားသမားအဖြစ် တီယာနေ ၊ တော်မီနေးတို့နဲ့အတူ ရည်ညွန်းဖော်ပြလာပါတယ်။ လက်ရှိမှာ နောဝစ်ချ်အသင်းကိုအငှားနဲ့သွားကစားနေရပြီး ရုန်းကန်နေရတဲ့ လူငယ်လေးဟာ နိုင်ငံအသင်းအတွက်တော့ ရလဒ်ကောင်းတွေရရှိအောင် အသင်းဖော်တွေနဲ့အတူ တောက်ပနေခဲ့တာဖြစ်ပါတယ်။
  • ချဲလ်ဆီးဂိုးသမား မန်ဒီက သူနဲ့ အခြားဂိုးသမားတွေကြားကဆက်ဆံရေးအနေအထားကိုအခုလိုပြောပြခဲ့ပါတယ်။ ကျွန်တော်နဲ့ ကီပါကြားက ဆက်ဆံရေးက တကယ်ကောင်းမွန်ပါတယ်။ သူ့အပြင်  မားကပ်စ် ဘက်တီနယ်လီ (တတိယဂိုးသမား) နဲ့လဲအတူတူပါပဲ။ ကျွန်တော်တို့တွေက ပိုတိုးတက်လာဖို့ယှဥ်ပြိုင်နေကြတာပါ။ နောက်ပြီး ကစားသမားတွေယှဥ်ပြိုင်ချင်းဟာ သူတို့အတွက်မဟုတ်ပါဘူး။ အသင်းပိုမိုတိုးတက်လာဖို့သာဖြစ်ပါတယ်   လို့ဆိုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: