ရာသီ၀က်ချန်ပီယံဖြစ်ဖို့ ‌ကျော်ဖြတ်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည် ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ချဲလ်ဆီး အသင်းအနေနဲ့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ကနေ ဦးဆောင်နေ‌ပြီး ၂၀၂၁ခုနစ်ရဲ့ လက်ကျန်ပွဲစဥ်ပွဲစဉ် ၉ ပွဲမှာ ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်လောက်ထိစိန်ခေါ်နိုင်လဲဆိုတာကို စမ်းသပ်မယ့် ပွဲစဉ်‌ ၃ပွဲ က စောင့်ကြိုလို့နေပါတယ်။

ဒီပွဲစဉ်တွေကိုသာ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ရင် ရာသီ၀က်ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံပြေးလမ်းကြောင်းမှာ ရှေ့ဆုံးကဦးဆောင်နိုင်ဖိုအတွက် သိပ်အရေးကြီးတဲ့ ပွဲစဉ်တွေဆိုလည်းမမှားပါဘူး။

လက်စတာ Vs ချဲလ်ဆီး – နိုဝင်ဘာလ ၂၀ ရက်

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာပဲ ချဲလ်ဆီးအသင်းဟာKing Power stadiumကိုသွားရောက်ပြီး မြေခွေးပြာတွေကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အသင်းရဲ့လူစာရင်းမှာ လူကာကူ၊မေဆင်မောင့်တို့ ပြန်လည်ပါ၀င်လာနိုင်ချေရှိနေတာက အသင်းအတွက် အားတက်စရာတစ်ခု ဖြစ်ပါတယ်။၂၀၁၇ကတည်းက King Powerမှာ လက်စတာကို အနိုင်မယူနိုင်သေးတဲ့ ချဲလ်ဆီး အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ သိပ်တော့လွယ်ကူမှာ မဟုတ်ပါဘူး။ တဖက်မှာလည်း လက်စတာတို့ခြေစွမ်းယိမ်းယိုင်နေတာကြောင့်အနိုင်ရနိုင်ခြေတော့ များပါတယ်။ နိုင်ငံအသင်းတွေနဲ့ခြေစွမ်းပြထားခဲ့ကြတဲ့ ချဲလ်ဆီးအသင်းသားတွေလည်း ဒီအရှိန်တွေကို ဆက်လက်သယ်ဆောင်လာနိုင်မယ်လို့ ယူဆပါတယ်။

ချဲလ်ဆီး Vs မန်ချက်စတာယူနိုက်တက် – နိုဝင်ဘာလ ၂၈ရက်

တကယ်လို့ မနက်ဖြန်သာ ဒီပွဲကို ကစားခဲ့ရင်တော့ ချဲလ်ဆီးအသင်းအနေနဲ့ မန်ယူကိုသေချာပေါက်အနိုင်ရမှာဖြစ်ပါတယ်။လက်ရှိမှာ ဆိုးရှားလ်ဟာဖိအားတွေအောက် ရောက်နေပြီးမန်ယူ အသင်းကလည်း ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကာလတစ်ခုအကြာ မှာတော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်တာမို့  နို၀င်ဘာ ၂၈ ရက်နေ့ စတန်းဖိုဒ်ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ကစားရမယ့် ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒီကြားထဲမှာ မန်ယူအသင်းအနေနဲ့ နည်းပြ ‌အပြောင်းအလဲတွေနဲ့အတူ ပိုကောင်းတဲ့ပုံစံနဲ့ ချဲလ်ဆီးအသင်းကို အခက်တွေ့အောင်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ လုံးဝမေ့ထားလို့မရတာက မန်ချက်စတာယူနိုက်တက်ဟာ ကစားသမားကောင်းတွေပြည့်နှက်နေတဲ့ အသင်းကောင်းတစ်သင်းဆိုတဲ့အချက်ပါပဲ။

၀က်စ်ဟမ်း Vs ချဲလ်ဆီး – ဒီဇင်ဘာလ ၄ ရက်

လက်ရှိအချိန်မှာ ၀က်စ်ဟမ်းဟာ ချဲလ်ဆီးအသင်းနဲ့ သုံးမှတ်အကွာ အမှတ်ပေးဇယား အဆင့်သုံးနေရာမှာ ရပ်တည်နေတာမို့ သူတိုရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတာဟာ လွယ်ကူမှာတော့မဟုတ်ပါဘူး။၀က်စ်ဟမ်းဟာ လီဗာပူးလ်အသင်းကိုလည်း ဂိုးပြတ်အနိုင်ယူပြထားနိုင်ခဲ့တာဖြစ်လို့  ဒီလန်ဒန်ဒါဘီပွဲစဉ်ဟာ တူချယ်အတွက် ချိုမြိန်မှာမဟုတ်တာတော့အသေအချာပါပဲ။မာကျောတဲ့၀က်ဖိုဒ့်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရပြီး နှစ်ရက်အကြာမှာ နောက်ထပ် အဝေးကွင်းပွဲစဉ် တစ်ပွဲကို ထပ်မံကစားရတာက မလွယ်ကူလှပါဘူး။ ဒီကလန်ရိုက်စ် ၊ အန်တိုနီယို ၊  ဘိုဝင် တို့နဲ့ ရင်ဆိုင် အနိုင်ယူပြီး ချန်ပီယံခြေစွမ်းကိုပြသရပါလိမ့်မယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ရာသီ၀က်ချန်ပီယံဖြစ်ဖို့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်၂၀ မတိုင်မီ ၀က်ဖိုဒ်၊လိဒ်စ်ယူနိုက်တက်၊အဲဗာတန်၊ဘရန့်ဖိုဒ်နဲ့ အက်စတွန်ဗီလာတိုကိုလည်း အနိုင်ကစားဖို့ လိုအပ်နေပြီး လက်ရှိအချိန်မှာခြေစွမ်းကောင်းတွေပြသနေတဲ့ လန်ဒန်ကလပ်အတွက်ကတော့ ရလဒ်တွေမကောင်းဖြစ်နေတဲ့  ဒီအသင်းတွေကို အခက်အခဲမရှိ ကစားနိုင်မယ်လို့ ယေဘူယျအားဖြင့် ဆိုလို့ရပါတယ်။ ၂၀၂၁ ပွဲစဉ်တွေပြီးတာနဲ့ နှစ်သစ်မှာ လီဗာပူးလ်၊မန်စီးတီးနဲ့ စပါးအသင်းတွေကို ဆက်တိုက်ကစားရမှာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ၂၀၂၁ လက်ကျန်ပွဲစဉ်တွေကနေ ရသလောက် အမှတ်တွေ စုဆောင်းထားနိုင်မှသာ တော်ရာကျပါလိမ့်မယ်လို့ ဆိုရပါမယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လက်စတာ၊မန်ယူ၊၀က်စ်ဟမ်း အသင်းတို့ထံကနေ ဘယ်နှစ်မှတ်အထိရနိုင်မလဲဆိုတာလည်း စိတ်၀င်တစားစောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: