နောက်ဆုံးရ အာဆင်နယ် သတင်းများ (16Nov-12pm)

အန်ကတ်တီယာဖက်က အသင်းပြောင်းဖို့သာဆုံးဖြတ်ထားခဲ့ပြီ

အသင်းဖက်က အနာဂတ်အစီအစဥ်တွေမှာပါဝင်တယ်လို့ အတည်ပြုပေးထားပေမယ့်  တိုက်စစ်မှုးအန်ကတ်တီယာ အသင်းပြောင်းရွှေ့ဖို့ပဲဆုံးဖြတ်ပြီး အာဆင်နယ်ကိုအသိပေးထားကြောင်း  The Daily Mail ကဖော်ပြလာပါတယ်။ ဒီရာသီခြေစွမ်းပြဖို့ရုန်းကန်နေရပေမယ့်  အာတီတာက တိုက်စစ်မှုးလေးရဲ့တိုးတက်မှု အခြေအနေကိုစောင့်လိုခဲ့တာပါ။  ဒါပေမယ့်လည်းကစားသမားဖက်ကပြောင်းရွေ့ဖို့ပဲ ပိုအားသန်နေခဲ့တာဖြစ်ပါတယ်။

ဆမ်ဘီဟာ ယာယာတိုရေးလက်သစ်ပါ – ကွန်ပနီ

မန်စီးတီးနဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက အာဆင်နယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါကို ယာယာတိုရေးလက်သစ်လို့ တင်စားသွားခဲ့ပါတယ်။ လက်ရှိအင်ဒါလက်ချ်နည်းပြဖြစ်တဲ့ ကွန်ပနီက ဖာဒီနန်ရဲ့  Vibe with Five YouTube channel နဲ့တွေ့ဆုံရာမှာ  “   ကျွန်တော် ရောက်လေရာနေရာကနေ ဆမ်ဘီကစားတာကို စောင့်ကြည့်ခဲ့ပါတယ်။  တစ်ပွဲနှစ်ပွဲ‌လောက် ကစားပြီးတဲ့နောက် သူဒဏ်ရာ ရသွားခဲ့တယ် ။ သူကစားတာကိုတွေ့တွေ့ခြင်းထဲက  ပက်ပ်ကိုရော အာတီတာကိုပါ ဆမ်ဘီဟာ တိုရေးလက်သစ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြောခဲ့ပေမယ့် ဘာမှတော့ဖြစ်မလာခဲ့ပါဘူး။   

 ကျွန်တော်နည်းပြဖြစ်လာတော့ ဆမ်ဘီနဲ့တွဲပြီးအလုပ်လုပ်ရပါတယ်။  အဲ့ဒီနောက်ပိုင်း  အာတီတာနဲ့စကားပြောဖြစ်တဲ့အခါမှာလည်း သူ့အပေါ်ကို အမြင်တွေမပြောင်းသွားခဲ့ပါဘူး  လို့ ဆိုပါတယ်။

အာဆင်နယ်ပရိတ်သတ် ကူလူဆက်စကီ

အာဆင်နယ်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့  ကူလူဆက်စကီအတွက်  ကနဦးမေးမြန်းမှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့  ဒီမာဇီယို က ဆိုလာခဲ့ပြီး ကစားသမားဖက်ကလည်း ပြောင်းရွှေ့လိုနေတယ်လို့   Tutto Juve ကဖော်ပြလာပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာလည်း အာဆင်နယ်ဟာ သူ့ အကြိုက်ဆုံးအသင်းဖြစ်ကြောင်း ကူလူဆက်စကီက ထုတ်ဖော်ပြောထားဖူးပါတယ်။ ကူလူဆက်စကီကို  အက်သလက်တီကို နဲ့စပါးတို့ကလည်း အာဆင်နယ် နည်းတူစိတ်ဝင်စားနေကြပါတယ်။

စတာလင်နဲ့ဆင့်ကဲသက်ရောက်မှု

စတာလင်လုပွဲကနေ ဘာစီလိုနာအသင်း မပါဝင်နိုင်တော့ချိန်ကစပြီး အာဆင်နယ်အသင်းဟာ ပိုမိုအားထုတ်လာနေတယ်လို့  Football London ကဖော်ပြလာပြီး အကယ်၍သာ သူ့ကိုခေါ်နိုင်လိုက်ရင် ဆင့်ကဲသက်ရောက်မှုအနေနဲ့ မာတင်အိုဒီဂတ်အတွက် အခက်အခဲဖြစ်လာနိုင်တယ်လို့ သုံးသပ်သွားပါတယ်။ စတာလင်သာရောက်ရှိလာရင် စမစ်ရိုး အနေနဲ့ ကွင်းလယ်မှာပြန်ကစားဖွယ်ရှိနေလို့  အိုဒီဂတ်ပွဲထွက်ခွင့်ခက်ခဲလာမှာဖြစ်ကြောင်း ဆိုခဲ့တာပါ။

ယွန်းဘတ်အတွက် ကူညီပေးနေဆဲ ဝင်းဂါး

အာဆင်နယ်လူငယ်အသင်းနည်းပြလဲဖြစ်ခဲ့ဖူးပြီး အသင်းကိုလဲ ယာယီနည်းပြအဖြစ်တာဝန်ယူဖူးတဲ့ ဂန္တဝင် ယွန်းဘတ်ကို ဝင်းဂါးက   Tokyo FC အသင်းနည်းပြရာထူးအတွက်ထောက်ခံမှုပေးခဲ့ပါတယ်။ ယွန်းဘတ်ဟာ နည်းပြအတွေ့အကြုံတွေစုဆောင်းဖို့လိုအပ်နေတာကြောင့် ဂျပန်ဘောလုံးလောကနဲ့ နီးစပ်တဲ့ ဝင်းဂါးက တပည့်ဟောင်းကို လမ်းညွှန်ခဲ့တာဖြစ်ပါတယ်။ နည်းပြအတွေ့အကြုံမရှိခဲ့ပေမယ့်  အာတီတာရောက်မလာခင်တာဝန်ယူခဲ့စဥ်က အာဆင်နယ်ဟာ  ၂ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: