ဘယ်သွားမှာလဲ စတာလင်

အသက် ၂၆ နှစ်မှာ ဂိုးပေါင်း ၁၅၇ ဂိုးသွင်းပြီးသွားပြီ။ ဒီအထဲက ၁၈ ဂိုးက နိုင်ငံ့လက်ရွေးစင်အဖြစ်သွင်းတာ။ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာလည်း နာမည်တစ်ခုခိုင်ခိုင်မာမာတည်ဆောက်ပြီးပြီ။ အခုတော့သူက နေရာရဖို့သေချာရေရာတဲ့အသင်းပြောင်းချင်လို့ ဆိုလာပါတယ်။  ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ တင်စားကြတဲ့ ပက်ပ်ကလည်း သူ့ကိုတန်ဖိုးထားပေမယ့် အသင်းပြောင်းလိုကပြောင်းနိုင်ကြောင်း တံခါးဖွင့် ပေးထားလိုက်ပါပြီ။  စတာလင်ရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

အပြောင်းအရွှေ့ကာလမှာ နာမည်အထွက်ဆုံးတွေထဲမှာ သူအပါအဝင်ပါပဲ။ အဲ့ဒီအထဲကမှ အာဆင်နယ် နဲ့ ဘာစီလိုနာက အကျယ်လောင်ဆုံး။  တောင်ပံကစားသမားရော ၊ အတွေ့အကြုံရင့်ကစားသမားပါ လိုအပ်နေတဲ့ အာဆင်နယ်ဟာ စတာလင်ဆီမှာ အဲ့ဒီအရာ ၂ ခုစလုံးရှာတွေ့ခဲ့ပုံရပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ထုံးစံအတိုင်း တကယ်ဖြစ်ကာမှသာဖြစ်လို့ဆိုရမယ်။ တဖက်က ဘာစီလိုနာကတော့ တောက်လျှောက်စိတ်ဝင်စားခဲ့ပေမယ့် ဇာဗီနည်းပြဖြစ်လာတဲ့နောက် စတာလင်အစား ချဲလ်ဆီး ကစားသမားတွေ ဖက်ကို အာရုံရောက်သွားခဲ့ပုံပါပဲ။ Football London အပါအဝင်အချို့သတင်းဌာနတွေဆိုရင် ဇာဗီရောက် လာခြင်းဟာ အာဆင်နယ်အတွက်အားသာချက်တစ်ခုဖြစ်စေပါတယ်တဲ့။

ဒါဆိုစတာလင်တစ်ယောက်ဘာဆက်လုပ်မှာပါလဲ .. လက်ရှိအခြေအနေမှာ သူမပျော်တာကတော့ သေချာနေပါပြီ။  မနှစ်က စီတီးတို့အတွက် ၄၉ ပွဲကစားပြီး ၁၄ ဂိုးသွင်းပေးခဲ့သူဟာ ဒီရာသီမှာတော့ ၁၅ ပွဲကစားပြီးချိန်အထိ ၂ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ ဒါဟာ စီးတီးတို့အတွက် သူ့ရဲ့ ၇ ရာသီမြောက်ဖြစ်ပါတယ်။  မနှစ်ကအထိကို ၁၁၄ ဂိုးသွင်းပေးထားတဲ့ တိုက်စစ်မှုးတစ်ယောက်က ဒီရာသီမှာ ပွဲထွက်ခွင့်ရော ကစားချိန်ရောကျဆင်းသွားခဲ့ပါပြီ။ စက်တင်ဘာလတုန်းက Marca သတင်းစာရဲ့အာဘော်အရဆိုရင် စတာလင်ဟာ စွမ်းဆောင်ရည်တွေကျဆင်းသွားတာကြောင့်မဟုတ်ပဲ ပက်ပ်ရဲ့ နည်းစနစ်ပိုင်းတွေရယ် ၊ လူငယ်ကစားသမားတွေရဲ့ တိုးတက်လာမှုရယ်ကြောင့် အရံခုံရောက်သွားခဲ့တာလို့ဆိုပါတယ်။ ဒီအဖြစ်တွေဟာ ပြီးခဲ့တဲ့ရာသီကစခဲ့တာပါ။ တကယ်တော့ စတာလင်ဟာ ကစားသမားကောင်းဆိုတာ သံသယဖြစ်စရာတစ်ကွက်မှမရှိ။

တိုက်စစ်မှုးအဖြစ်ရော ၊ တောင်ပံကစားသမားအဖြစ်ရော ကစားနိုင်တဲ့အပြင်  စိန်ပွင့်ပုံသဏ္ဏာန် ကွင်းလယ်မှာလည်း ဗဟိုတိုက်စစ်ကစားသမားအဖြစ်ကစားနိုင်တဲ့စတာလင်ဟာ လက်ရွေးစင်မှာရော ၊ စီးတီးမှာပါ ပြယုဂ်တစ်ခုဖြစ်ပြီးသားပါ။ ဒါပေမယ့် ရုတ်တရက်ဖြစ်လာခဲ့တဲ့အလှည့်အပြောင်းက သူ့ကို အခုအခြေအနေရောက်လာစေပါတယ်။

ကျွန်တော်က စောဒက တက်တတ်တဲ့သူမျိုး မဟုတ်ပါဘူး .. ဖြစ်လာသမျှအခြေအနေကိုလက်ခံပြီး လုပ်စရာရှိတာဆက်လုပ်မှာပါ။ ကျွန်တော်ဘောလုံးကိုချစ်မြတ်နိုးတယ်၊ ပွဲတွေကစားမယ် ၊ ဂိုးတွေသွင်းမယ် ၊ ဒါကျွန်တော့်အတွက်အရေးကြီးပါတယ်  လို့ သူကဆိုခဲ့ပြီး  ကစားခွင့်ပိုရမယ်ဆိုရင် ဘယ်လိဂ်ကိုမဆို သွားနိုင်ကြောင်းပြောခဲ့ပါတယ်။

စတာလင်ကစားခွင့်ရချင်နေတဲ့ အဓိကအကြောင်းက ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားကြောင့်လဲပါနေပါတယ်။ အဂ်လန်အသင်းကလည်း လူငယ်ခြေတက်တွေအပြိုင်းအယိုင်းပေါ်နေတဲ့ကာလမှာ ခြေစွမ်းပြထားနိုင်မှ စတာလင်အတွက်တော်ကာချမယ်ဆိုတာ သူလဲနားလည်ထားပါတယ်။

လီဗာပူးအသင်းနဲ့စတင်ထွန်းတောက်ပြီး ၄ ရာသီအကြာမှာ ယူရို ၄၄ သန်းနဲ့ မန်စီးတီးကိုရောက်ခဲ့တယ်။ အခုတော့ ဒီဇာတ်လမ်းက ၂ နှစ်ကျန်သေးပေမယ့် ဘာဆက်ဖြစ်မလဲမပြောနိုင်။

အာဆင်နယ်ကိုရောက်သွားမယ်ဆိုရင်တော့ လူငယ်တွေကို လမ်းပြပေးရင်း သူကိုယ်တိုင်လဲ ခြေစွမ်းပြနိုင်ပါ လိမ့်မယ်။ ဘာစီလိုနာရောက်ရင်တော့ အဂ်လန်သားတွေနိုင်ငံခြားထွက်ကစားရင် မအောင်မြင်တတ်တဲ့ အစဥ်အလာကို သူချိုးဖျက်ပြရပါလိမ့်မယ်။  ဒါပေမယ့်နောက်ဆုံးအနေအထားတွေ အရတော့ ပြည်တွင်းမှာပဲ ဆက်ရှိနေမယ့်အနေအထားက ပိုများလာခဲ့ပြီပဲဖြစ်ပါတယ်။  မီဒီယာတွေကလဲ အာဆင်နယ်နဲ့ သာသာထိုးထိုးရေးနေကြပါတယ်။  Football London ဆိုရင် စတာလင်လာရင် အိုဒီဂတ်နေရာပျောက်မယ် ဆိုတာမျိုးထိ လမ်းကျောင်းပြီးရေးနေတာပါ။

အသင်းကထွက်ခွာချင်ရင် ထွက်ခွာနိုင်ကြောင်းပြောထားပေမယ့်  ပက်ပ်ဂွာဒီယိုလာက စတာလင်ရဲ့ အရေး ပါမှုကို အခုလိုပြောပါတယ်။

ကျွန်တော်တို့ရဲ့ သိပ်ကောင်းတဲ့ဘောလုံးရာသီတွေဟာ စတာလင်မပါပဲ မဖြစ်နိုင်ပါဘူး။ သူက အသင်း အတွက်အဲ့ဒီလောက်ကိုအရေးကြီးပါတယ် 

Marca သတင်းစာကတော့ စတာလင်အနေနဲ့ပိုမြင့်မားတဲ့ကစားသမားဘဝအတွက် နိုင်ငံပြင်ပလိဂ်တစ်ခုခုမှာ သွားကစားဖို့ အောက်တိုဘာလတုန်းက အကြံပြုသုံးသပ်ထားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: