ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ (16Nov-7am)

  • ချဲလ်ဆီး အသင်းက ခေါ်ယူဖို့စိတ်၀င်စားနေတဲ့  အသက်၁၇နှစ်အရွယ် အန်ဂါးစ်လူငယ်တိုက်စစ်မှူး မိုလာမက်အလီချို ကို အက်သလက်တီကို၊အေစီမီလန်အသင်းတိုကလည်းစိတ်၀င်စားနေတဲ့အတွက် ချဲလ်ဆီး အသင်းအနေနဲ့ အပြိုင်ကြိုးစားရဖွယ်ရှိပါတယ်။
  • စီးရီးအေကလပ် အင်တာမီလန်အသင်းက ချဲလ်ဆီးနောက်ခံယူ ရူဒီဂါကို ခေါ်ယူဖို လက်လျှော့လိုက်ပြီလို့ သိရပါတယ်။အီတလီထိပ်တန်းကလပ်ဟာ ရူဒီဂါကို ခေါ်ယူလိုခဲ့ပေမယ့် ကစားသမားရဲ့လစာ မြင့်မားမှု ကြောင့် အခုလိုဘက်လျှော့ခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ အသားတင်လစာ တစ်ပတ်ကို ပေါင် ၂ သိန်းခန့်လိုချင်နေတာပါ။
  • ချဲလ်ဆီးကစားသမား ဇီယက်ခ်ျကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဒေါ့မွန်လည်း ပါ၀င်လာပြီး ‌ပြောင်းရွှေ့ကြေး ပေါင်၃၄သန်းဟာ သူတိုအတွက် အခက်အခဲမရှိဘူး လိုဆိုလာပါတယ်။  ဇီယက်ချ်ဟာ အသင်းဟောင်းအေဂျက်စ်အတွက် ၁၆၅ ပွဲကစား ၄၉ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအတွက်တော့ ၄၉ ပွဲကစားပေးပြီးသည့်တိုင်အောင် ၈ ဂိုးသာသွင်းပေးထားနိုင်ခဲ့ပါတယ်။
  • ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဟန်ဒါဆန်ကို ခေါ်ယူဖိုရှိနေတယ်လို့လည်း Four Four Two အပါအဝင် သတင်းဌာနတွေရဲ့ Update တွေအရ သိရပါတယ်။ဟန်ဒါဆန်ဟာ အသင်းရဲ့ ပထမဦးစားပေး ဒီဂီယာရဲ့နောက်မှာ နေရာမရ ဖြစ်နေတာကြောင့် ပွဲထွက်ခွင့်ရရှိဖို့အတွက် မန်ချက်စတာယူနိုက်က်တက်အသင်းကနေ ၁၈လအငှား သို့မဟုတ် အပြီးပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
  • ချဲလ်ဆီးကစားသမားများစွာကိုအလိုရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုခံရတဲ့ ကစားသမားတွေထဲက ပူလီဆစ်ကို နည်းပြတူချယ်ကထွက်ခွာခွင့်ပေးဖို့ရှိနေတယ်လို့   Nacional ကဖော်ပြလာပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: