လိုင်လီနောက်ခံလူကို စောင့်ကြည့်နေတဲ့ အီဒူး
ပြိုင်ဆိုင်မှုဖြစ်ပေါ်စေပြီး အသင်းလိုက်စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်ခြင်နေတဲ့ အီဒူးဟာ တချိန်က ပေပေနဲ့ တောင်ပံတစ်ခြမ်းမှာ အတူတူခြေစွမ်းပြခဲ့ကြတဲ့ လိုင်လီနောက်ခံလူ ဇီကီ စီလစ်ခ် ကိုခေါ်ယူလိုနေတယ်လို့ Foot Mercato ကဖော်ပြသွာခဲ့ပါတယ်။ လတ်တလောမှာ ဘဏ္ဏာရေးအခြေအနေကြောင့် ကစားသမားများစွာကို ဝိတ်လျှော့ရမယ့် လိုင်လီရဲ့ စာရင်းထဲမှာ စီလစ်ခ်လဲပါဝင်နေပါတယ်။ လူသစ်ကစားသမားတွေကိုဖြည့်တင်းရင်း မတူညီတဲ့ ကစားပုံတွေကိုတည်ဆောက်နေတဲ့အာဆင်နယ်အတွက်နောက်ထပ်လုပ်ဆောင်ချက်ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။ တဖက်မှာလည်း ပေပေ ကိုကောင်းစွာအသုံးချဖို့မဖြစ်နိုင်ရင် ရောင်းထုတ်တာမျိုးလုပ်ဖို့ ဆွေးနွေးမှုတွေရှိနေပြီဖြစ်ပါတယ်။

ဆိုအာရက်စ်ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုနေကြ
ပုံမှန်နေရာမရတဲ့ နောက်ခံအစွန်လူ ဆီးဒရစ်ဆိုအာရက်စ် ရဲ့ကြိုးစားအားထုတ်မှုတွေဟာ လေ့ကျင့်ရေကွင်းမှာ ပေါ်ပေါ်လွင်လွင်ရှိနေတယ်လို့ ESPN ကို ကိုးကားပြီး Hitc က ဖော်ပြပါတယ်။ ဒီရာသီမှာတော့ စုစုပေါင်း ၁၈၈ (ပရီးမီးယားလိဂ်ပွဲစဥ်များ) သာကစားရသေးတဲ့ နောက်ခံလူဟာ ကစားခွင့်ရတာနဲ့ခြေစွမ်းပြနိုင်ဖို့ကြိုးစားနေတာဖြစ်လို့ အာတီတာရဲ့ သဘောကျခြင်းကိုလည်းရရှိနေတယ်လို့ဆိုပါတယ်။ အသက် ၃၁ နှစ်သား ဟာ အရံကစားသမားအဖြစ်တော့ အစီအစဥ်တွေမှာပါဝင်နေဆဲဖြစ်ပါတယ်။
ပွဲကစားချိန်ပိုလိုချင်နေတဲ့ ဘာလိုဂန်
ပိုပြီးပွဲထွက်ကစားခွင့်ရဖို့အတွက် အငှားဖြစ်စေ ၊ ဘယ်လိုနည်းနဲ့ဖြစ်စေ ရလာနိုင်တဲ့အခွင့်အရေးသစ်တွေကို တံခါးဖွင့်ထားတယ်လို့ ဘာလိုဂန်က ဆိုပါတယ်။
“ အငှားပဲဖြစ်ဖြစ် ၊ အာဆင်နယ်က လိုအပ်လာလို့ပဲဖြစ်ဖြစ် ကျွန်တော်အသင့်ရှိနေပါတယ်။ ကစားခွင့်ရနိုင်တဲ့အခွင့်အရေးတွေအားလုံးကို တံခါးဖွင့်ထားပါတယ် .. လူငယ်တိုက်စစ်မှုးတစ်ယောက်အနေနဲ့ ကစားဖို့မိနစ်တွေအများကြီးလိုပါတယ်။ ဒါမှလည်းပိုပြီးသင်ယူ ၊ပိုပြီးတိုးတက်လာမှာပါ “ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှုးလေးက ပြောခဲ့တာပါ။
ဗလာဟိုဗစ်နဲ့အာဆင်နယ်ရဲ့အခြေအနေ
အပြောင်းအရွှေ့စပယ်ရှယ်လစ် ဖေဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းနဲ့ ဗလာဟိုဗစ်တို့ရဲ့အနေအထားက ရှေ့မဆက်နိုင်သေးသလို အသင်းများစွာစိတ်ဝင်စားနေကြတာကြောင့် ရှတ်ထွေးနေတယ်လို့ ဆိုလာပါတယ်။ ကစားသမားဟာ ဂန်းနားတို့ရဲ့ စိတ်ဝင်စားမှုကို အလေးအနက်ထားအသိအမှတ်ပြုခဲ့ပေမယ့် လက်တွေ့အပြောင်းအရွှေ့အတွက်ကတော့ ဝေးနေဆဲလို့ဆိုပါတယ်။ ဖီအိုအသင်းဖက်ကတော့ ဇန်နဝါရီမှာပဲ စျေးကောင်းကောင်းနဲ့ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။
ပွဲချိန်ပြည့်ကစားသွားတဲ့ တီယာနေ
ဒဏ်ရာကြောင့်နားနေရတဲ့ အာဆင်နယ်ပရိတ်သတ်အချစ်တော် တီယာနေတစ်ယောက် မော်ဒိုဗာနဲ့ကစားခဲ့တဲ့ နိုင်ငံအသင်းပွဲစဥ်မှာ အထူးခြေစွမ်းပြသွားခဲ့တယ်လို့ သိရပါတယ်။ ပွဲချိန်ပြည့် ကစားခဲ့ပြီး အသင်းကလည်း ၂-၀ နဲ့အနိုင်ရခဲ့သလို ရဲရင့်တော့ ဖျက်ထုတ်မှုတွေကိုလည်း တီယာနေဆီကမြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံနေရာကတော့ ပုံစံမတူတဲ့ ကစားဟန်ကိုပိုင်ဆိုင် ထားနိုင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။
ချိန်ဘာစ်ထက် မန်ယူကစားသမားကို ပိုကြိုက်နေတဲ့ မော်ရင်ဟို
ရိုးမားအသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေဆက်တိုက်ထွက်လာနေပေမယ့် နည်းပြမော်ရင်ဟို အနေနဲ့ ချိန်ဘာစ်အစား မန်ယူကစားသမား ဒါးလော့ကို အငှားနဲ့ ခေါ်ယူဖို့ ပိုအားသန်နေတယ်လို့ သိရပါတယ်။ ချိန်ဘာစ် ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ကာလရဲ့နောက်ဆုံး ၆ လထဲကိုရောက်ရှိနေပြီဖြစ်ပြီးအသင်းအနေနဲ့ ရောင်းချရမယ့်အထဲမှာ ထိပ်ဆုံးကပါဝင်နေသူဖြစ်ပါတယ်။ ကစားအားကောင်းမွန်သူဖြစ်ပေမယ့် မကြာခနဒဏ်ရာရရှိတတ်တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်မတည်ငြိမ်မှု တွေက အသင်းနဲ့ရေရှည်ခရီးကိုမဖြစ်ပေါ်စေနိုင်ခဲ့တာပါ။
Leave a Reply