ပေါ့ဘာရဲ့ဒဏ်ရာကြောင့် စိတ်ညစ်နေရတာ မန်ယူအသင်းလား ၊ ပြင်သစ်လက်ရွေးစင်အသင်းလား

မန်ချက်စတာယူနိုက်တက်နဲ့ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ပြင်သစ်အသင်းနဲ့လေ့ကျင့်ရေး ဆင်းနေ‌ရင်း ဒဏ်ရာရသွားခဲ့တာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ် နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနီကတ် ထိခဲ့တာကြောင့် (၃)ပွဲပယ် ပြစ်ဒဏ် ကျခံထားရတဲ့ ပေါ့ဘာ ဟာ ဒဏ်ရာထပ်ရခဲ့တာကြောင့် လာမယ့်နှစ်သစ်အထိ မန်ယူအသင်းအတွက် ပွဲထွက်ကစားပေးနိုင်မယ့်ပုံ မပေါ်သေးပါဘူး။  ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ရော ပြင်သစ်အသင်းအတွက်ပါ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရတယ် ဆိုပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာက ရွေးချယ်စရာတွေအများလှပါတယ်။ ပေါ့ဘာရဲ့ပြသနာဟာ မန်ယူအတွက်ပိုကြီးလား ၊ လက်ရွေးစင်အသင်းအတွက် ပိုကြီးသလားတောင် စဥ်းစားရပါလိမ့်မယ်။

ဒီဇင်ဘာ ပွဲကြပ်ကာလတွေမှာ ပေါ့ဘာကိုဆုံးရှုးရဖို့ရှိနေတာဟာ ဆိုးရှားအတွက်တော့ စိတ်ပျက်စရာ တစ်ခုဖြစ်ခဲ့ရပါတယ်။ ပြင်သစ်ဘောလုံးအဖွဲချုပ်က ပေါ့ဂ်ဘာဟာ ညာဘက်ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ ဆေးအဖွဲကလည်းပေါ့ဂ်ဘာရဲ့ ဒဏ်ရာရဲ့အတိမ်အနက်ကို သေချာသိရှိရဖို့ စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။နိုင်ငံတကာ ပွဲစဉ်တွေပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက် အသင်းဟာ ချဲလ်ဆီး၊ ဗီလာရီးရဲလ်၊ အာဆင်နယ် ၊ ခရစ္စတယ်ပဲလေ့စ်တိုနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Advertisements

ဒီနေရာမှာ အချို့ပရိတ်သတ်တွေကလည်း နေရာမရတဲ့ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်  အတွက်အခွင့်အရေးဖြစ်လာမလားဆိုပြီးမျှော်လင့်နေကြပါတယ်။ အမှန်ဆိုရင် ဗန်ဒီဘိခ်ဟာလည်း ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ ဆိုးရှား ရဲ့ နေရာပေးခြင်းကိုမခံရပါဘူး။ ပေါ့ဘာနဲ့ ဗန်ဒီဘိခ်ဟာ တစ်ယောက်မရှိမှ တစ်ယောက်ကစားရမယ့်သူတွေမဟုတ်ပဲ တွဲကစားနေရမယ့် ကစားသမားတွေပါ။ ဒါပေမယ့် အိုလီကတော့ ဖရက်ဒ်နဲ့ တော်မီနေးအတွဲကိုသာတွင်တွင်သုံးနေခဲ့ပါတယ်။ ဆိုတော့ ဗန်ဒီဘိခ်ဟာ နားလည်ရခက်တဲ့အနေအထားနဲ့ ကွင်းထဲရောက်လာရဖို့ရှိပါတယ်။ ဒါမှမဟုတ် ဆိုးရှားရဲ့နည်းစနစ်တွေအပြောင်းအလုပ်ပြီး ဗန်ဒီဘိခ်ကို ကွင်းဘေးမှာဆက်ထားမလားဆိုတာလဲ တွေးစရာပါပဲ။ ဆိုးရှားလုပ်ခဲ့တဲ့ နားလည်ရခက်တဲ့ကိစ္စတွေဆိုတာအများသားမဟုတ်လား။

ဘာပဲပြောပြော ယူနိုက်တက်တို့ကတော့ ရင်မောစရာတစ်ခုထပ်တိုးသွားရပြန်ပါပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: