ယုံကြည်မှုပြန်ရတယ်ဆိုပြီး ဝမ်းသာရမလိုရှိတုန်း  ရွိုင်းကိန်းပြောတာခံလိုက်ရတဲ့ မက်ဂွိုင်းယား

ခြေစွမ်းပျောက်နေလို့ တောက်လျှောက်ဝေဖန်ခံနေရတဲ့ မက်ဂွိုင်းယားဟာ နိုင်ငံအသင်းအတွက်ဂိုးသွင်းပြီးတဲ့နောက် နားရွက်နှစ်ဖက်နားလက် လက်ဝါးကပ်ပြပြီး .. ဘယ်သူတွေ ဘာပြောနေကြလဲဆိုတဲ့ အဓိပ္ပါယ်နဲ့ အောင်ပွဲခံလိုက်ပါတယ်။ ချက်ခြင်းပဲရေပန်းစားသွားခဲ့တဲ့ သူ့စတိုင်လ်ကို  ယူနိုက်တက်ကပ္ပတိန်ဟောင်းကြီးကလည်း ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

တော်တော်အရှက်မရှိတာဗျာ ..  အဲ့ဒီလိုအောင်ပွဲခံတယ်ဆိုတာဝေဖန်တဲ့သူတွေအားလုံးကို ပါးစပ်ပိတ်စမ်း လို့ပြောလိုက်တာပါပဲ။ သူတလွဲလုပ်လာတာ လပေါင်းများပြီလေဗျာ ..  ဒီတစ်ဂိုးသွင်းပြီး အားလုံးကို ဆက်မဝေဖန်ဖို့ပြောချင်နေတာပဲ  ..ကျက်သရေမရှိတဲ့လုပ်ရပ်ပါပဲ  ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။

ရွိုင်ကင်းပြောတာလဲ မှားတော့မမှား။  ဒီရာသီ ၁၃ ပွဲကစားပေးပြီးတဲ့နောက်မှာ  အမှား ၃ ကြိမ်လုပ်ထားပြီး အခြားအသင်း‌တွေထက်ပိုများနေတဲ့အပြင်  ပြိုင်ပွဲရဲ့အမှားအများဆုံးကစားသမားထဲလဲပါနေတဲ့သူပါ။ လက်စတာကိုရှုံးတဲ့ပွဲမှာဆိုရင် ပြိုင်ဖက်ကစားသမားခြေထောက်ထဲ ကွက်ထိ ထည့်ပေးတဲ့ထိအောင်ကိုမှားခဲ့တာမျိုးပါ။ သို့သော် မက်ဂွိုင်းယားရဲ့အပြုအမူက ရည်ရွယ်သည်ဖြစ်စေ ၊ မရည်ရွယ်သည်ဖြစ်စေ သူ့အဆင့်အတန်းနဲ့သိပ်ကြည့်မကောင်း။

မက်ဂွိုင်းယားကတော့ သူအောင်ပွဲခံခဲ့တာက နိုင်ငံအသင်းအတွက် ဂိုးသွင်းယူနိုင်လို့ ပျော်ရွင်တဲ့သဘောသာဖြစ်ကြောင်း ၊ ခံစားချက်ကအလွန်ကောင်းမွန်တာကြောင့် အောင်ပွဲခံတာဖြစ်ကြောင်း ‌ပြန်ရှင်းပြခဲ့ပါတယ်။

ကျွန်တော် ဒူးထောက်ပြီးအောင်ပွဲခံတဲ့သဘောပါပဲ။ ဘယ်သူ့ကိုမှမရည်ရွယ်ခဲ့ပါဘူး .. နိုင်ငံအသင်းအတွက် ဂိုးသွင်းပေးနိုင်တဲ့ခံစားချက်ကလည်း တကယ်ကောင်းပါတယ်  ဆိုပြီးပြောပါတယ်။

လက်ရွေးစင်နည်းပြကတော့ သူ့ကစားသမားကို ကာကွယ်ဖေးမသွားခဲ့ပါတယ်။

“ သူ နဲ့ကျွန်တော် ပြီးခဲ့တဲ့အပတ်က စကားပြောဖြစ်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ သူ့ကို အသိပေးခဲ့ပါတယ်။ ကလပ်အသင်းအတွက်စိတ်နှစ်ထားတာကနေ လက်ရွေးစင်အသင်းအတွက်လည်း အာရုံစိုက်ရင်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပေးနိုင်ခဲ့ပါတယ် “  လို့ ဆောက်ဂိတ်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမှားအလွန်များနေတဲ့နောက်တန်းအတွက် ၊ ဆိုးရှားကလဲ ပွဲထုတ်လာဦးမှာဖြစ်တဲ့ မက်ဂွိုင်းယားတစ်ယောက် ခြေမပေါ်တာထက်စာရင်  ၊ခြေပေါ်တာက  ယူနိုက်တက်အတွက်ပိုကောင်းတာမို့ အခုအနေအထားက ကြိုဆိုရမှာပါပဲ။

သူ့အောင်ပွဲခံဟန်က ရွိုင်ကိန်းပြောသလို ဝေဖန်မှုတွေကို ပါးစပ်ပိတ်ခိုင်းတာလား ၊ တကယ်ပဲ ရိုးရိုးတန်းတန်းလားဆိုတာကတော့ သူပဲသိမယ့် ကိစ္စဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: