နောက်ဆုံးရ အာဆင်နယ် သတင်းများ (12Nov-2pm)

အန်ကတ်တီယာရဲ့အနာဂတ်ဘယ်လိုရှိနေလဲ

အာဆင်နယ် တိုက်စစ်မှုး အန်ကတ်တီယာအနေနဲ့  အသင်းကထွက်ခွာဖို့ ဖြစ်နိုင်ချေ ပိုများလာတယ်လို့ The Athletic  သတင်းဌာနကဖော်ပြထားပါတယ်။  လူငယ်ကစားသမားဘဝတုန်းက အလားအလာတွေကောင်းခဲ့ပေမယ့် စီနီယာကစားသမားအဖြစ်တော့ မှန်းထားသ‌လောက်မဖြစ်ဘူးလို့လဲဖော်ပြထားပါတယ်။ အသက် ၂၂ ရှိပြီဖြစ်တဲ့ ကစားသမားလေးဟာ ပရီးမီးယားပွဲပေါင်း ၃၈ ပွဲကစားပြီး ၅ ဂိုးတော့သွင်းထားနိုင်ပါတယ်။ ဒီရာသီမှာ ကာရာဘောင်းဖလားမှာ ၂ ဂိုးသွင်းထားနိုင်တာကလွဲရင် ခြေစွမ်းမပြနိုင်သေးတာကြောင့် ဇန်နဝါရီမှာပဲအသင်းပြောင်းသွားရင်လဲ အံ့သြစရာမရှိကြောင်းဆိုပါတယ်။

ပစ်မှတ်အများကြီးထဲက ပစ်မှတ်နဲ့ နာမည်ထွက်လာပြန်တဲ့ အာဆင်နယ်

လာမယ့်နွေရာသီမှာ ဗီလာရီးရဲ ကစားသမားလေး ယာရီမီပင်နို ကို အာတီတာအနေနဲ့ ခေါ်ယူသွားဖို့မျက်စေ့ကျနေတယ်လို့ စပိန်သတင်းစာ Fichajes  ကဖော်ပြလာပါတယ်။ မန်နေဂျာဟောင်း အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ တောက်ပနေတဲ့  ၁၉ နှစ်သားလေးဟာ ဒီရာသီမှာ ၂ ဂိုးသွင်း ၃ ကြိမ်ဖန်တီးပေးထားပါတယ်။ လာလီဂါနဲ့ ပရီးမီယားလိဂ်အသင်းတွေရဲ့ရေဒါအောက်က ဒီကစားသမားလေးကို ရီးရဲမက်ဒရစ်က လည်း စာချုပ်ဖျက်သိမ်းကြေးပေးဖို့အသင့်ရှိတယ်လို့ဖော်ပြ ထားကြပါတယ်။

လက်ရွေးစင်နည်းပြကလည်း ကြိုက်နေတဲ့ စမစ်ရိုး

လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေတဲ့ စမစ်ရိုး တစ်‌ယောက် ၊ ဆောက်ဂိတ်ရဲ့ချီးကျူးမှုကိုလည်းရရှိခဲ့ပြန်ပါတယ်။

သူက ကောင်းကောင်းပဲအခြေကျသွားပါတယ်။  လူငယ်အသင်းတုန်းက ကစားဖော်တွေနဲ့လည်း တစ်ယောက်အကြောင်းတစ်ယောက်သိနေကြပြီး နွေးနွေးထွေးထွေးလည်းရှိနေပါတယ်။ သူ့ကကောင်းကောင်းလေ့ကျင့်နေပြီး အသင့်ဖြစ်နေပါပြီ။ သူ့ကိုခေါ်လာရတာ မှန်ကန်တယ်လို့ ခံစားရပါတယ်  

ဆိုပြီး   BBC Sport  ကိုပြောခဲ့တာပါ။

ပါတေးအတွက် ရွေးချယ်စရာတစ်ယောက်

The Daily Mirror ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ  ပါတေးနဲ့တွဲဖက်အဖြစ် ရာသီကုန်မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူနိုင်တဲ့ အေစီမီလန်ကစားသမား ဖရန့်ကတ်ဆီ  ကိုစောင့်ကြည့်နေတယ်လို့ သိရပါတယ်။  ကတ်ဆီကိုခေါ်ယူလိုနေတာကတော့ ပရီးမီးယားအသင်းကြီး မန်ချက်စတာယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်းတွေလဲရှိနေကြတာမို့ အပြိုင်အဆိုင်တော့ဖြစ်နေပါတယ်။ ကစားသမားဟာ တစ်နှစ်ကို ပေါင် ၉ သန်းလစာလိုချင်နေပြီး အေစီမီလန် အသင်းဖက်က ၆.၅ သန်းသာပေးချေလိုတာကြောင့် စာချုပ်သစ်မဖြစ်ပေါ်ခဲ့တာပါ။

မာတင်နယ်လီနဲ့ အမျိုးမျိုးသောသတင်းများ

အံ့အားသင့်စရာ ကောလာဟာလတစ်ခုအဖြစ်  ဂါဘရီယယ်မာတင်နယ်လီဟာ ဇန်နဝါရီမှာ ဘရာဇီးကလပ် ကော်ရင်သီယန် ကို အငှားနဲ့ထွက်ကစားဖွယ်ရှိတယ် ဆိုတဲ့သတင်းတွေပေါ်ထွက်လာပြီးနောက် The Boot Room ကဖြစ်နိုင်ခြေတွေကိုသုံးသပ်တင်ပြလာပါတယ်။ မာတင်နယ်လီရဲ့ဖခင်ကတော့  ဥရောပဖက်ကကမ်လှမ်းမှုတွေရှိနေတာအ မှန်ဖြစ်ပေမယ့် ၊ အာဆင်နယ် အသင်းဖက်က ထွက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းအတိအလင်းပြောထားပြီးဖြစ်တယ်လို့  အတည်ပြုပေးခဲ့ပါတယ်။  TBR ရဲ့သုံးသပ်ချက်အရ မာတင်နယ်လီကို အာဆင်နယ်ဖက်က တဖြေးဖြေးနေရာပေးဖို့ရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: