မြင့်မားတဲ့ပုံရိပ်တည်ဆောက်ရေးအဆင့်ကို  အာဆင်နယ်တို့ ကူးပြောင်းနေပြီလား

    

ကုန်ပစ္စည်းတွေရဲ့အဆင့်အတန်းကိုတည်ဆောက်ရာမှာ လုပ်ဆောင်ချက်များစွာရှိပါတယ်။ လူတွေအာရုံစိုက်ရေး ၊  ပိုမိုစိတ်ဝင်စားလာစေရေး .. ဒါတွေကိုအဆင့်ဆင့်တည်ဆောက်ရပါတယ်။ ဥပမာ မာစီဒီး ဆိုရင် ပိုင်ဆိုင်သည်ဖြစ်စေ ၊မပိုင်ဆိုင်သည်ဖြစ်စေ ကြားလိုက်ရတာနဲ့ ခန်းနားတဲ့အဆင့်အတန်းကိုဖော်ပြလာမှန်းသိသာနေပါတယ်။ ဒါက သူတို့တည်ဆောက်ခဲ့တဲ့တန်ဖိုး။  ဘောလုံးအသင်းတွေမှာလည်း တန်ဖိုးတွေရှိပါတယ်။ အခုကတော့ အာဆင်နယ်အသင်းရဲ့ခြေလှမ်းတွေကို နဲနဲလောက်လေ့လာကြည့်မှာဖြစ်ပါတယ်။

အောင်မြင်မှုတွေနဲ့ဝေးကွာတာ အချိန်ကြာပြီဖြစ်တဲ့ ၊ ပြောရရင် အသင်းရဲ့တန်ဖိုးတစ်ခု ဆုံးရှုံးတာကြာပြီဖြစ်တဲ့ အာဆင်နယ်အသင်းဟာရလဒ်တွေပြန်ကောင်းလာခြင်း ၊ လူငယ်လူသစ်တွေမွေးထုတ်နိုင်ခြင်းအပါအဝင် ဝင်းဂါးရဲ့   The Invincible Show  ကြောင့် မီဒီယာစာမျက်နှာကို ဆက်တိုက်ဆိုသလိုပြန်တက်လာပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ သတိထားမိတဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းပြင်ပလုပ်ဆောင်မှုတွေကို ချရေးကြည့်ပါမယ်။

  • အာဆင်ဝင်းဂါးနဲ့ပတ်သတ်တဲ့အဖုအထစ်တွေကိုရှင်းဖို့ကြိုးစားတယ်။ ဂျို့ရှ်ဖက်က အခွင့်ရရင် နားလည်မှုလွဲတာတွေကိုဖြေရှင်းချင်တယ်လို့ ဆိုခဲ့တယ်။
  • အာတီတာက  ဝင်းဂါးရဲ့ပုံရိပ်တွေကို ကွင်းထဲမှာကပ်တယ်။ ကစားသမားတွေကို ရွှေခေတ်ရဲ့အရှိန်အဝါတွေကို ပြန်ခံစားစေတယ်။
  • ဂျို့ရှ်ခရွန်ကီရှေ့ထွက်လာတယ်။ ပရိတ်သတ်တွေနဲ့ အဆင်ပြေချင်တဲ့အရိပ်အယောင်ကိုမြင်ရတယ်။ အသင်းအတွက် ကြိုးစားနေကြောင်းအသိပေးတယ်။
  • အာတီတာကလည်း ဝင်းဂါးသာပြန်လာမယ်ဆိုရင် သိပ်ကောင်းမယ် ဆိုတာကို အတိအလင်းဖွင့်ပြောတယ်။

ဒီနှစ်တွေမှာ  အာဆင်နယ်တို့ကွင်းတွင်းမှာရုန်းကန်ရတာပိုဆိုးလာခဲ့ပါတယ်။ အရင်ထဲက အခြေအနေမကောင်းလှတာကို ပိုရုန်းကန်လာရတဲ့အခြေအနေဖြစ်ပါတယ်။ ကံကောင်းထောက်မစွာ (သို့မဟုတ်) ပြင်ဆင်မှုတွေမှန်ကန်ခဲ့တာကြောင့် အသင်းဟာ ရှုံးပွဲတွေရပ်တန့်သွားခဲ့တယ်။ အဆင့် ၂၀ အသင်းဟာ အဆင့် ၅ ကိုရောက်လာတယ်။  ဒါတွေနဲ့အချိန်ကိုက် ကွင်းပြင်ပပြောစကားတွေကိုကြားလာခဲ့ရတာပါပဲ။

တကယ်တော့ ဒီအစီအစဥ်တွေဟာ ရှိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကွင်းတွင်းမှာအခြေအနေဆိုးလွန်းလို့သာ ခနတာရွေ့ဆိုင်းထားခဲ့ပုံပေါ်ပါတယ်။

ဒီရက်ပိုင်းမှာ စမစ်ရိုး နဲ့ ဆာကာကြောင့် အသင်းကပုံရိပ်ထိုးတက်လာပါတယ်။ အထူးသဖြင့် စမစ်ရိုး ။ ကစားသမားအချင်းချင်းရော ၊ နည်းပြတွေကပါ ချစ်ခင်သဘောကျကြတာကိုတွေ့ရပါတယ်။ အာဆင်နယ်ကို ကိုယ်စားပြုတဲ့  အဂ်လန်လက်ရွေးစင်ရယ်လို့ မရှိတာ နဲနဲကြာနေခဲ့ပြီ။ ဒီကွက်လပ်ကို ဆာကာနဲ့ စမစ်ရိုးက ဖြည့်နေပြီ။ နောက်မကြာခင် ရမ်းစ်ဒေးလ်တို့ ဘန်ဝှိုက်တို့လဲ ပါလာတော့မယ်ထင်ရပါတယ်။

စက်တင်ဘာက အဆိုးထဲကရုန်းထွက်တဲ့လ ၊ အောက်တိုဘာက အသင်းရဲ့ဟန်ချက်ကို ထိမ်းညှိတဲ့ကာလလို့ဆိုရင် အခုလကတော့ အသင်းကို ထိပ်ပိုင်းမှာတည်မြဲအောင် တည်ဆောက်ရမယ့်ကာလဖြစ်ပါတယ်။  တကယ်လဲ  လီဗာပူးအသင်းရယ် ၊ အရှုံးကနေရုန်းထဖို့ ကြိုးစားမယ့် နယူးကာဆယ်အသင်းရယ်နဲ့ဆုံတွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီဇင်ဘာကိုလဲ မန်ယူ ၊ အဲဗာတန်အသင်းတို့နဲ့ဆက်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ ဘယ်အဆင့်မှာရှိနေလဲဆိုတာ စမ်းသပ်ခံရမှာအသေအချာပါ။

Trust The Process ဆိုတဲ့အတိုင်း အပြောင်းအလဲတွေကိုတစ်ဆင့်ခြင်းလုပ်ဆောင်နေတဲ့အသင်းအနေနဲ့ ဘယ်လောက်ထိခရီးပေါက်မလဲ ၊ ထင်သလောက်ဖြစ်လာမလားဆိုတာကိုကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လုပ်တိုင်းဖြစ်မှာလား ၊ လုပ်တာတွေရှုံးနိမ့်မှာလား ၊ အထိုက်အသင့်အောင်မြင်မှာလားဆိုတာကို အာတီတာနဲ့ သူ့တပ်သားတွေက မကြာခင်အဖြေပေးပါတော့မယ်။  ကွင်းတွင်းမှာအောင်မြင်ရင် ကွင်းပြင်လုပ်ဆောင်ချက်တွေပိုလှပနိုင်ပေမယ့် ကွင်းတွင်းကျရှုံးရင်တော့ ကွင်းပြင်ပကြိုးစားမှုတွေက ဆေးကြောင့်ပိုလေးလာနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: