နောက်ဆုံးရ အာဆင်နယ် သတင်းများ (11Nov-10am)

စပါးထက် အာဆင်နယ်ကိုရွေးခဲ့တဲ့ စမစ်ရိုး

ငယ်စဥ်ကာလ အသင်းရွေးချယ်စဥ်မှာ  တော့တင်ဟမ်အသင်းဖက်ကလိုချင်ခဲ့ပေမယ့် အာဆင်နယ်ကိုပဲပြောင်းရွှေ့ဖြစ်ခဲ့ပုံကို စမစ်ရိုး က အခုလိုပဲ ပြန်ပြောပြခဲ့ပါတယ်။

“ ကျွန်တော်အသက် ၁၅-၁၆ လောက်တုန်းက စပါးက ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်ဖြစ်တဲ့ ကျွန်တော်က စိတ်မဝင်စားခဲ့ပါဘူး .. ကျွန်တော် ၁၀ နှစ်သားမှာ ဒီကိုရောက်တယ်။ ဒါကျွန်တော့်ရဲ့ ကလပ်ပါပဲ   လိုဆိုပါတယ်။ ကစားသမားလေးဟာ ခြေစွမ်းတွေဆက်တိုက်ပြလာပြီးနောက် တန်ကြေးကလဲ ပေါင် သန်း ၇၀ နဲ့ ၉၀ ကြားကိုရောက်ရှိလာခဲ့ပါပြီ။

အာဆင်နယ် နဲ့နီးစပ်ခဲ့ဖူးတဲ့ အိုစီမန်

ဥရောပအသင်းကြီးတွေများစွာက လိုချင်နေပြီဖြစ်တဲ့  နာပိုလီတိုက်စစ်မှုး ဗစ်တာအိုစီမန်က

ကျွန်တော်လူငယ်ကစားသမားဘဝတုန်းက အပြောင်းအရွှေ့အတွက်ရွေးချယ်စရာများခဲ့ပါတယ်၊။ ဘာစီလိုနာ ၊ အင်တာ ၊ အက်သလက်တီကို ၊ ဂျူဗင်တပ်စ် တို့အပါအဝင်ပါပဲ။ အာဆင်နယ်အသင်းအလဲအပါအဝင်ပါပဲ။ ကျွန်တော်သူတို့ဆီသွားချင်ပေမယ့် အချိန်ကောင်းတစ်ခုမဖြစ်ခဲ့ပါဘူး။ ကျွန်တော်က အသက် ၁၈ နှစ်ပြည့်တာနဲ့ပွဲထွက်ကစားချင်ခဲ့တာဖြစ်လို့ပါ   လို့  The Independent  နဲ့တွေ့ဆုံရာမှာ ပြောဆိုပါတယ်။ သူက  U 17 World Cup အပြီးမှာ ဝင်းဂါးနဲ့စကားပြောဖြစ်ခဲ့ပီး အာဆင်နယ်  အသင်းကိုလာဖို့ကမ်းလှမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။

ဝင်းဂါးရဲ့အချိန်တွေကို ယူဆောင်ဖို့ကြိုးစားနေတဲ့အာတီတာ

နည်းပြအာတီတာဟာ ဂန္တဝင်ကြီးအာဆင်ဝင်းဂါးရဲ့ အငွေ့အသက်တွေကို အသင်းမှာလွှမ်းခြုံနေစေလိုတာကြောင့်  အသင်းရဲ့နေရာအတော်များများမှာ ဝင်းဂါးရဲ့ပုံရိပ်တွေကို ပြင်ဆင်ထားပါတယ်။ သူက

ကျွန်တော်တို့ တွေနှစ်အတန်ကြာပျောက်ဆုံးနေခဲ့တဲ့ အရာတွေကို ရှိပါတယ်။ အာဆင်ဝင်းဂါးရဲ့လုပ်ဆောင်ချက်တွေကို ထင်ဟပ်နေစေတဲ့ ရုပ်ပုံတွေ ၊ ပြောစကားတွေကို အသင်းရဲ့ ပရဝုဝ် တွေမှာ ထားရှိခြင်းအားဖြင့် အသင်းသားတွေဟာ  အားဆင်းနဲ့ ထိတွေ့နှုတ်ဆက်နေနိုင်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေက ကောင်းမွန်တဲ့အရာတွေကို သတိရစေပါတယ်။  ကစားသမားတွေအတွက်အလွန်ပဲအကျိုးများစေပါတယ်   လို့ဆိုခဲ့ပါတယ်။

အာတီတာအနေနဲ့ အသင်းကို ကွင်းတွင်းကွင်းပြင်ပြန်လည်တည်ဆောက်နေပြီဖြစ်ပါတယ်။

တန်ကြေးတက်လာတဲ့ အာဆင်နယ်ပစ်မှတ်ဟောင်း

အာဆင်နယ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့တဲ့   လိုက်ဇစ် ကွင်းလယ်လူ ဆိုဘော့ဇလိုင်း ရဲ့တန်ကြေးဟာ ပေါင် ၅၁ သန်းထိရှိလာပြီလို့  Bild ကဖော်ပြသွားပါတယ်။ အဆိုပါကစားသမား ဆက်တိုက်ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး  အသင်းကခေါ်ယူဖို့ စီစဥ်ခဲ့စဥ်တုန်းကထက် ကြေးမြင့်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဆိုဘောဇလိုင်း လိုက်ဇစ်ကိုရွှေ့ခဲ့လို  အိုဒီဂတ်ကိုပဲခေါ်ယူဖြစ်ခဲ့ပါတယ်။

လာကာအတွက် ပေါင် ၁၀ သန်းလိုချင်နေတဲ့အာဆင်နယ်

El Nacional ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ  စပိန်ဖက်က စိတ်ဝင်စားမှုတွေရရှိနေတဲ့  လာကာဇက်အတွက် ပေါင် ၁၀ သန်းအလိုရှိနေတယ်လို့  သိရပါတယ်။ အဆိုပါကစားသမားကို ဇန်နဝါရီမှာပဲ ရောင်းချဖွယ်ရှိနေပြီး  ဘာကာနည်းပြသစ်ဇာဗီရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့လဲ အဆိုပါသတင်းက ဖော်ပြထားပါတယ်။ လာကာဇက်ဟာ အသက် ၃၀ ရှိနေပြီဖြစ်ပြီး ဒီရာသီမှာ ၉ ပွဲကစား ၃ ဂိုးသွင်းပြီး တစ်ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: