အက်ဒီဟောင်းဝီးရဲ့ ပထမဆုံးနေ့စွဲများကိုကြည့်ရှုခြင်း

နည်းပြသစ်ဖြစ်လာတဲ့ အက်ဒီဟောင်းဝီးက  နယူးကာဆယ်အသင်းရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့လုပ်ရှားမှုဟာ စိတ်ဝင်စားစရာကောင်းပေမယ့် သူ့ရဲ့ ဦးစားပေးပစ်မှတ်ကတော့ လက်ရှိကစားသမားတွေနဲ့အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ဖို့သာဖြစ်တယ်လို့ဆိုပါတယ်။ နာမည်ကျော်ကစားသမားများစွာနဲ့ နာမည်ထွက်နေတဲ့အသင်းဟာ သေချာပေါက်တော့အပြောင်းအလဲတွေဖြစ်လာမှာဆိုပေမယ့် လက်ရှိကစားသမားတွေရဲ့အရေးပါမှုကို ထုတ်ပြောလိုက်တဲ့သဘောပါ။

ပွဲဦးထက် ၆ ပွဲမှာ  ၂ ဂိုးသွင်း  ၃ ကြိမ်ထောက်ပံ့ထားတဲ့  အဓိက ကစားသမား စိန့်မက်ဆီမန်ကတော့ ဂိုးပေါက်ပျောက်နေတာ ၅ ပွဲရှိနေပါပြီ။   ဟောင်းဝီးရဲ့  စိန့်ဂျန်းပတ် ပထမဆုံးရက်သတ္တပတ်ဟာ လုပ်စရာတွေတပုံတပင်ပါပဲ။

ဇန်နဝါရီအကြောင်းမတွေးသေးဘူးဗျ .. ကျွန်တော့်ရဲ့လက်ရှိလူစာရင်းဟာ အားကြိုးမန်တက်ကစားနေကြတဲ့သူတွေချည်းပါပဲ  .. ဒီလူတွေနဲ့အတူချီတက်မယ်ဗျာစိန့်မက်ဆီမန်ကလည်းသိပ်ကောင်းတဲ့ကစားသမားပါ .. သူက အမြဲအနိုင်လိုချင်နေတဲ့သူပဲ။ တကယ့်ကိုခြားနားတဲ့ကစားသမားပါ။ သူ့ရဲ့အကောင်းဆုံးတွေကိုလည်းထုတ်ယူရပါမယ်  ..

လို့ ဆိုပါတယ်။

လက်ရှိနီးနီးစပ်စပ်နာမည်ထွက်နေတာကတော့   ဂျူဗင်တပ်စ်က ရမ်ဆေး နဲ့ ရာဘီယော ၊ ယူနိုက်တက်က ဟန်ဒါဆင် နဲ့ အာဆင်နယ်က လာကာဇက်တို့ပါပဲ။ တဖက်မှာလည်း ပရီးမီးယားလိဂ်အသင်းတွေက စုပြီး နယူးကာဆယ်ကို ကစားသမားမရောင်းအောင် ပေါင်းပြီးသဘောတူညီမှုယူမယ်ဆိုတဲ့ အသံလည်းထွက်နေပြန်ပါတယ်။ ဒါပေမယ့် လာကာဇက်လိုကစားသမားမျိုးကို ဝယ်လက်ရှာနေတဲ့ အာဆင်နယ်လိုအသင်းကရော တကယ်တန်းကမ်းလှမ်းလာရင် ငြင်းမှာလားဆိုတာစဥ်းစားစရာပါပဲ။ စပိန်နဲ့ အီတလီဖက်က ကစားသမားတွေနဲ့လည်းသတင်းတွေထွက်‌နေပါတယ်။

တကယ်တော့ အက်ဒီဟောင်းဝီးအတွက် ချက်ချင်းရင်ဆိုင်ရမယ့် အဓိက စိန်ခေါ်မှုက အသင်းရဲ့ ရပ်တည်မှုပါ ။ အဆင့် ၁၉ မှာရပ်တည်နေပေမယ့် အဆင့် ၂၀ က နောဝစ်ချ်နဲ့ အမှတ်က တူတူပါပဲ။  အနီးဆုံးပွဲတွေကလည်း ဘရန်ဖို့ ၊ အာဆင်နယ် ၊ နော်ဝစ်ချ် ၊ ဘန်လေ နဲ့ လက်စတာတို့ဖြစ်နေပါတယ်။  နော်ဝစ်ချ်နဲ့ ဘန်လေတို့ဟာ သူမဖြစ်မနေအနိုင်ယူပြရမယ့်အသင်းတွေပါပဲ။  တကယ်လို့ သူတို့နဲ့ပွဲတွေမှာ အဆင်မပြေခဲ့ရင် တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ခက်သွားပါလိမ့်မယ်။ ရာသီဝက်ထဲက ရုန်းထွက်ထားမှအဆင်ပြေမှာပါ။ တဖက်မှာလည်း နောဝစ်ချ်က လမ်းပတ်ကိုနည်းပြခန့်အပ်ဖြစ်ဖို့များနေပါတယ်။

ပထမဆုံးလုပ်ရမှာက  အသင်းသားတွေဆီကနေ အကောင်းဆုံးတွေထုတ်ယူဖို့ပါပဲ။ မက်ဆီမန် အပါအဝင်ပေါ့။  အသင်းနဲ့ စတင်ဖို့အတွက် အရမ်းကိုပဲစိတ်လှုပ်ရှားမိပါတယ်   လို့ နည်းပြသစ်က တော့ပြောနေပါတယ်။  တကယ်တော့ ၁၂ ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်ဟာ အဆင့် ၈က ဝုဖ် ထက်တောင်များပါတယ်။ ဒါပေမယ့် ပေးဂိုးက ၂၄ ဂိုးဖြစ်နေတာကတော့ မြင်သာလွန်းတဲ့ ပြသနာတစ်ရပ်ပါပဲ။ ပထမဆုံး ၅ ပွဲမှာ ၇ မှတ်ကနေ ၁၀မှတ်ထိရှာနိင်ရင်တော့ ဟောင်းဝီးတစ်ယောက် ပထမဆုံး စာမေးပွဲအောင်ပြီလို့ ဆိုနိုင်ပါတယ်။

ထို့အတူ ဗီလာအသင်းကလည်း  စတီဗင်ဂျာရတ်နဲ့အတူရလဒ်ဆိုးတွေကနေရုန်းထဖို့ပြင်ပါလိမ့်မယ်။ သူကလည်း ၁၀ မှတ်နဲ့ တန်းဆင်းဇုန်အထက်မှာကွက်တိရောက်နေခဲ့တာပဲ။ တကယ်တော့ ဗီလာအသင်းကို အခုဝက်စ်ဟမ်းရောက်နေတဲ့နေရာမှာရှိနေမယ်လို့ကိုမျှော်လင့်ထားကြတာပါ။ ဒါပေမယ် ဂရီးလစ်ရှ် ထွက်ခွာခြင်း ရဲ့ရိုက်ခတ်မှုကို ခံစားနေရပုံပါပဲ။  အနှစ်ချုပ်ရရင် ထင်မှတ်မထားတဲ့အသင်းတွေရဲ့ ရုန်းကန်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်ရဲ့  ရာသီလယ် ဇာတ်လမ်းတွေစပြီလို့ပဲပြောရမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: