ခရစ္စတန်ဆန်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အလောတကြီး ကြိုးစားနေရတဲ့ ချဲလ်ဆီး

ပြီးခဲ့တဲ့ သီတင်းပတ်တွေက စာချုပ်အသစ်အတွက်ဆွေးနွေးမှု‌မှာ အဆင်မပြေမှုလေးတွေရှိခဲ့ပေမယ့် ချဲလ်ဆီးဟာ သူတို့အသင်းရဲ့နောက်ခံလူ ခရစ္စတီယန်ဆန်ကို စာချုပ်အသစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး မကြာခင် သဘောတူညီမှုရနိုင်မယ်လို့လည်း ယုံကြည်နေပါ။   မိုချန်ဂလာဘတ်မှာ ၂ ရာသီအငှားကစားတာကနေပြန်လာပြီးထဲက ၆ ရာသီဆက်တိုက်ချဲလ်ဆီးမှာ ခြေစွမ်းပြနေတဲ့ ကစားသမားဟာ အပြာရောင်တို့အတွက် ပွဲပေါင်း ၁၄၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၂၅)နှစ်ရှိပြီဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သူတိုရဲ့ကစားသမားကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ကစားသမားရဲ့ အဖေဖြစ်သူ အေးဂျင့်က ငါးနှစ်စာချုပ်ကို သုံးနှစ်စာချုပ်အထိ လျှော့ချ‌ဖို့ အလိုရှိနေတာကြောင့် စာချုပ်သစ်ကိစ္စဟာ မမျှော်လင့်ပဲ ကြန့်ကြာနေရပါတယ်။ဒီအခြေအနေကို အသင်းရဲ့ပရိသတ်တွေက စိတ်ပူနေကြပြီး စာချုပ်သစ်ကိစ္စကို စိတ်၀င်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

နောက်နှစ် ဇန်နဝါရီ တစ်ရက်နေ့ မတိုင်မီ ကစားသမားနဲ့အမြန်ဆုံး သဘောတူညီမှုရယူပြီး စာချုပ်ချုပ်ဆိုနိုင်ဖို့ ချဲလ်ဆီအသင်းဟာ အလောတကြီး ကြိုးစားနေရပြီး  ဒီကြားထဲ စာချုပ်မချုပ်နိုင်ခဲ့ရင် ကစားသမားဟာ လာမယ့်ဇန်နဝါရီမှာ  အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခွင့်ရှိပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ဖို့ အတွက် ကြိုတင်သဘောတူညီမှု ယူထားနိုင်ခွင့် ရှိတာကြောင့် ဖြစ်ပါတယ်။

ခရစ္စတီယန်ဆန်ကတော့ သူ့အနေနဲ့ လာမယ့်ဇန်နဝါရီမှာ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမယ်ဆိုတာကို မတွေးထားကြောင်း၊ ချဲလ်ဆီးအသင်းမှာလည်း ပျော်ရွှင်နေပြီး ဘောလုံးကစားရတာကိုလည်း နှစ်သက်နေကြောင်း၊ ချဲလ်ဆီးနဲ့သူနဲ့ကြားမှာ ဆိုးဝါးတဲ့အခြေအနေတွေ မရှိကြောင်း၊ဘာကြောင့် အခြားသူတွေက သူနဲ့ချဲလ်ဆီးအသင်း စာချုပ်အသစ်အတွက်သဘောတူညီမှုမရသေးတာကို ဆိုးဝါးတဲ့အခြေအနေအဖြစ် မြင်နေကြတာကိုနားမလည်နိုင်ဖြစ်ရကြောင်း  မီဒီယာတွေနဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

လက်ရှိရာသီမှာ ဒိန်းမတ်နိုင်ငံသား ခရစ္စတန်ဆန်ဟာ ချဲလ်ဆီးအသင်းအတွက် (၁၃)ပွဲကစား (၁)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: