စီဘယ်လော့အတွက်အပြန်လမ်းလား
နည်းပြအာတီတာဟာ အသင်းမှာ ၂ နှစ်တာကစားဖူးခဲ့တဲ့ စပိန်ကွင်းလယ်လူ စီဘယ်လော့စ်ကို အံ့အားသင့်ဖွယ်ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ HITC ကဖော်ပြလာပါတယ်။ ဒီသတင်းကို ပရိတ်သတ်အနည်းငယ်ကသာ နှစ်သက်နေကြပေမယ့် တကယ်ခေါ်ယူဖြစ်ရင် ငွေကုန်ကြေးကျနဲပါးပြီး အသင်းအထာသိပြီးသားကစားသမားတစ်ယောက်ပြန်ရောက်လာနိုင်တာမို့ ကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့လဲ သုံးသပ်နေကြပါတယ်။
ချီးကျူးခံနေရတဲ့ ဘန်ဝှိုက်
ဘောလုံးသုံးသပ်သူတဖြစ်လဲ ဂန္တဝင်ကြီး ရှီးယားရား က အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို ချီးကျူးလိုက်ပါတယ်။
“ ဘန်ဝှိုက်ဟာ နောက်တန်းမှာကောင်းမွန်စွာထိမ်းကျောင်းနိုင်တယ်။ မှာ ပါဝင်ပတ်သတ်နိုင်တဲ့အပြင် ဝက်ဖို့ဒ်နောက်ခံလူတွေကိုလည်း အခွင့်အရေးမပေးခဲ့ပါဘူး။ သူ့ရဲ့ထိုးဖောက်ပြေးလွှားပုံကြောင့် စမစ်ရိုး ရဲ့ဂိုးဟာ မြစ်ဖျားခံခဲ့တာပါ” လို့ချီးကျူးသွားပါတယ်။ ဘန်ဝှိုက်ရဲ့ တစ်ကိုယ်တော်ဆွဲပြေးမှုတွေကို ပရိတ်သတ်တွေကလဲ သဘောကျနှစ်သက်နေကြပါတယ်။
ပြိုင်ဖက်ကပြောတဲ့ စမစ်ရိုး အကြောင်း
နိုင်ငံအသင်းကစားဖော် ချဲလ်ဆီးနောက်ခံလူရီစီဂျိမ်းစ်က စမစ်ရိုး အကြောင်းကို လေ့ကျင့်ရေးကွင်းမှာ အခုလိုပဲထုတ်ပြောခဲ့ပါတယ်။ “ သူက ထိပ်တန်း ကစားသမားကောင်းဆိုတာ ကျွန်တော်သိပ်သိတာပေါ့ဗျာ၊ ငယ်ငယ်လေးတုန်းက ချဲလ်ဆီးမှာ တစ်ခါမြင်ဖူးပါသေးတယ်။ ဒီရာသီမှာ သူဘာတွေလုပ်ပြနေတယ်ဆိုတာအားလုံးအမြင်ပဲ ၊ ဒါကြောင့်အခုလို လက်ရွေးစင်အသင်းမှာ မြင်ရတာပေါ့။ သူကလေ့ကျင့်နေတာနဲ့ ပွဲကစားတာအကြားတူတူပါပဲ,,, အားလုံးက သူဘယ်လောက်ကြိုးစားတယ်ဆိုတာမြင်နေရပါတယ်” လို့ ဆိုခဲ့ပါတယ်။
မာတင်နယ်လီကို ဖြေးဖြေးခြင်းပုံသွင်းယူနေတဲ့ အာတီတာ
ခြေစွမ်းမပြနိုင်သေးပေမယ့် ဘောလုံးနဲ့ထိတွေ့မှုပြန်ရစပြုနေတဲ့ တိုက်စစ်မှုး မာတင်နယ်လီကို နိုင်ငံတကာပွဲကာလ တံခါးပိတ်ခြေစမ်းပွဲတွေကနေ သူ့အရည်အသွေးကိုပြသဖို့ ပိုမိုအခွင့်အရေးရလာနိုင်တယ်လို့ Football London ကသုံးသပ်ထားပါတယ် ။ အဆိုပါတိုက်စစ်မှုးလေးဟာ QPR ကို ၃-၂ နဲ့နိုင်တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာတုန်းက အစွမ်းပြထားပြီး ဒဏ်ရာအလွန်မှာပုံမှန်ခြေစွမ်းရဖို့ရုန်းနေရသူဖြစ်ပါတယ်။ အသင်းရဲ့အစီအစဥ်တွေမှာ အပါအဝင်ဖြစ်တယ်လို့ထုတ်ပြောထားပြီးနောက် ကစားသမားလေးကို တိုးတက်လာအောင် တဖြေးဖြေးခြင်းလုပ်ဆောင်နေပုံပါပဲ။
ဗလာဟိုဗစ် ၊ လာကာနဲ့ သတင်းမျိုးစုံထွက်နေတဲ့ တိုက်စစ်မှုးရှာပုံတော်
ဖီအိုရင်တီးနားတိုက်စစ်မှုး ဒူဆန်ဗလာဟိုဗစ် ကို အပြိုင်စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်အသင်းဟာ သူတို့ရဲ့ Plan Bအဖြစ် အာဆင်နယ်တိုက်စစ်မှုးလာကာဇက်ကိုခေါ်ယူဖို့ စီစဥ်ထားတယ်လို့ အီတလီသတင်းစာ Calciomercarto ကဖော်ပြပါတယ်။ အာဆင်နယ်အနေနဲ့ ဂျူဗီတို့ဟာ ပြင်သစ်သားကြီးကို ဇန်နဝါရီမှာသာခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ဗလာဟိုဗစ်အတွက်ပြိုင်ဖက်တစ်ယောက်လျော့သွားမှာအတွက်ရော၊ ရာသီကုန်မှာအလွတ်နဲ့ပြောင်းဖို့ကိုရှောင်လွှဲနိုင်ဖို့အထိပါအကျိုးရှိမှာဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ ဒါပေမယ့် အားလုံးဟာ ခန့်မှန်းသတင်းတွေပဲရှိနေသေးပြီး ဗလာဟိုဗစ်အတွက် ကြိုးပမ်းမှုတွေကသာ တကယ်လှုပ်ရှားနေတယ်လို့ အတည်ပြုလို့ ရနေပါသေးတယ်။
Leave a Reply