နောက်ဆုံးရအာဆင်နယ်သတင်းများ (9Nov-10am)

စာမျက်နှာတွေထက်ပြန်ရောက်လာတဲ့အဇီး

ပို့စ်မောက်အသင်းကို အငှားချထားခံရတဲ့ ကစားသမားလေး မီဂွယ်အဇီး ဟာ  Portsmouth Official Website နဲ့တွေ့ဆုံရာမှာ  အခုလိုပြောခဲ့ပါတယ်။  “ ကျွန်တော် ဒီမှာ ပျော်ရွင်နေပြီး လေ့ကျင့်ရေးမှာလည်း အားထည့်ကြိုးစားနေပါတယ်။ ပွဲထွက်ကစားခွင့်တွေပိုရဖို့လည်းမျှော်လင့်ပါတယ်။ ကျွန်တော်နေရာစုံမှာကစားနိုင်ပေမယ့် အခုလိုတိုက်စစ်အားပြုရတဲ့နေရာမှာလည်းအဆင်ပြေပါတယ်။ ဂိုးသွင်းပြီးအသင်းကိုအကျိုးပြုနိုင်ဖို့ ပိုနီးစပ်တာပေါ့ဗျာ “ အငှားချထားရ‌ပေမယ့် ပွဲကစားချိန်နဲနေလို့ ဝေဖန်မှုအချို့ပေါ်ထွက်ပြီးနောက်မှာတော့ ပို့စ်မောက်အသင်းက  အဇီးနဲ့ မကြာခန ထိတွေ့မှုတွေရှိလာခဲ့ပါတယ်။

အာဆင်နယ်တို့ ဖြည့်တင်းမှုတွေမရပ်သေးပါ

အာဆင်နယ် ဒါရိုက်တာ ဂျို့ရှ်ခရွန်ကီက အသင်းကတိုးတက်လာပေမယ့် ဆက်လုပ်စရာတွေများနေကြောင်း ဝန်ခံခဲ့ပါတယ်။

ကျွန်တော်တို့ဘာဆက်လုပ်ရမယ်ဆိုတာအတွက်ရှင်းရှင်းလင်းလင်းသိထားပါတယ်။ ပိုပြီးတိုးတက်လာအောင်အားဖြည့်ရမယ့်နေရာတွေအများကြီးရှိနေပါသေးတယ်။  အသင်းက ပိုကောင်းလာနေတယ်ဆိုပေမယ့် ဆက်လက်ပြီး မကြိုးစားရင် အားလုံးက ပျောက်ကွယ်သွားမှာပါ။ နောက်တစ်ဆင့်ဘာထပ်လုပ်မယ်ဆိုတာ ကျွန်တော်တို့အလေးအနက်ထားတဲ့အချက်ပါပဲ  လို့ဆိုခဲ့ပါတယ်။

လာကာကို အတည်ကြံနေတဲ့အသင်း က အက်သလက်တီကိုပါ

အသင်းနဲ့အတူပွဲပြန်ထွက်နေပေမယ့် ထွက်ခွာဖို့ပဲအလားအလာများနေတဲ့ လာကာဇက်ကို စိတ်ဝင်စားနေတဲ့အထဲမှာ အံ့အားသင့်စရာ မန်စီးတီး ၊ ဘာကာ နဲ့ နယူးကာဆယ်တို့ပါဝင်နေပေမယ့် စပိန်သတင်းစာ La Razon  ရဲ့ဖော်ပြချက်အရတော့ အက်သလက်တီကို ကသာ လေးလေးနက်နက်ကြိုးစားနေတယ်လို့ သိရပါတယ်။  အက်သလက်တီကိုဟာ လာကာဇက်နဲ့အတူ  ဆဲလ်ဘတ်အသင်းရဲ့ လူငယ်လေး ကာရင် အဒီယီမီကိုပါအတူအကွခေါ်ယူလိုနေတာလို့ သိရပါတယ်။ ရာသီစမှာ ပွဲထွက်ခွင့်ဆုံးခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အာတီတာရဲ့အစီအစဥ်ထဲမှာ  ပြန်လည်ပါဝင်လာနေတဲ့လာကာဇက်ထွက်ခွာမယ်ဆိုရင် အာဆင်နယ်အနေနဲ့လည်း ကစားသမားသစ်ကိုအသဲအသန်ရှာဖွေရမှာဖြစ်ပါတယ်။

သွင်းတဲ့ဘယ်လာရင်နဲ့အခြားအငှားကစားသမားတွေရဲ့အခြေအနေများ

အသင်းကနေ ဘက်တစ်ကို အငှားသွားကစားနေတဲ့ဘယ်လာရင်ဟာ ဆီးဗီးလားကို ၂-၀ နဲ့ရှုံးတဲ့ပွဲမှာ  ကိုယ့်ဂိုးကိုယ်သွင်းခဲ့တယ်လို့ သိရပါတယ်။ စီနီယာကစားသမားတွေအနေနဲ့အငှားထွက်ကစားတဲ့အထဲမှာ တော်ရဲရားတစ်ယောက်သာ သိသိသာသာခြေစွမ်းပြနေနိုင်ပြီး ဂွမ်ဒူဇီဟာလည်း ကောင်းလိုက်ဆိုးလိုက်ဖြစ်နေဆဲပါပဲ။ နယ်လ်ဆင်အနေနဲ့လည်း လူစားဝင်ကစားရတာများနေပါသေးတယ်။ လူငယ်တွေကတော့ အသီးသီးခြေစွမ်းပြနေကြပါတယ်။

အိုဒီဂတ်တစ်ယောက်  4-4-2  မှာအဆင်ပြေပါ့မလား

ဘောလုံးကျွမ်းကျင်သူတွေအနေနဲ့ အာတီတာသာ 4-4-2 Formation ကိုဆက်ပြီးအသုံးပြနေမယ်ဆိုရင် ရာသီအစတုန်းက ခေါ်ယူထားတဲ့ အိုဒီဂတ် အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်ပြောကြားနေပါတယ်။ ဂျာနယ်လစ် ပေါလ်ဘရောင်းကလည်း “ အိုဒီဂတ်အနေနဲ့ ကစားပုံကောင်းနေပေမယ့်  အာတီတာအနေနဲ့ ပိုပြီးကြိုးစားစေချင်ပုံရပါတယ် “ လို့ဆိုခဲ့ပါသေးတယ်။ ကစားသမားကတော့ ရတဲ့အချိန်မှာ ရသလိုအကောင်းဆုံးကြိုးစားနေပြီး ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း အူဘာမီယန်သာအမှားမလုပ်ခဲ့ရင် သွင်းဂိုးတစ်ဂိုးရနိုင်ဦးမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: