လန်ဒန်ရဲ့ ကြယ်ပွင့်အသစ်လေး ဂယ်လက်ဂါ

မန်ယူဂန္တဝင် ရီယိုဖာဒီနန်ကတော့ ချဲလ်ဆီးလူငယ်လေး ဂယ်လက်ဂါဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတွေထဲကတစ်ယောက်လို့ ချီးကျူးလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမားလေးဟာ မိခင်အသင်းရဲ့ မြို့ခံပြိုင်ဖက်အသင်းမှာသွားရောက်ပြီး မြို့ခံပြိုင်ဟောင်းကြီးဖြစ်တဲ့နည်းပြရဲ့လက်အောက် တောက်ပနေတဲ့ လန်ဒန်သားလေးဖြစ်ပါတယ်။

အရပ် ၆ပေအမြင့်ရှိတဲ့ကစားသမားလေးဟာ ချာတန် ၊ ဆွမ်ဆီး ၊ ဝက်စ်ဘရွန်းတို့မှာ အငှားသွားရောက်ကစားခဲ့ပြီး ပွဲပေါင်း  ၇၅ ပွဲကစားခဲ့ပြီး  ၆ ဂိုးသွင်းကာ သူ့ရဲ့အလားအလာတွေကိုပြသနိုင်ခဲ့ပေမယ့်  အတောက်ပဆုံးကာလတွေကိုတော့ ယခုရာသီမှသာပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ယခု ပွဲစဥ် ၁၀ ပွဲအပြီးမှာ ပဲလေ့စ်အတွက် ၄ ဂိုးသွင်းပေးထားခဲ့ပြီးနေပါပြီ။

ဖာဒီနန်က “ ဇာဟာနဲ့ သူနဲ့ကိုနှိုင်းယှဥ်ချင်တာလား .. အကောင်းဆုံးလူငယ်တွေထဲက ရွေးချင်တာဆိုရင်တော့ဂယ်လက်ဂါ ဆိုပြီး အရင်တက်လာပါလိမ့်မယ် ” ဆိုပြီး   မေဆင်မောင့် 2.0   လို့လဲခေါ်တဲ့ ဂယ်လက်ဂါကို ချီးကျူးခဲ့ပါတယ်။  တကယ်တော့ ဒီလူငယ်လေးကို ချီးကျူးနေတာ မန်ယူကစားသမားဟောင်းတစ်ယောက်ထဲတော့မဟုတ်ပါဘူး။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် အီယန်ရိုက်ကလည်း ချဲလ်ဆီးအနေနဲ့ အရည်အချင်းကို မျက်ကွယ်ပြုလို့မရတော့ကြောင်း ပြီးခဲ့တဲ့အပတ်တွေက ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

နောက်ရာသီမှာ မိခင်အသင်းကိုပြန်ရောက်ပြီး ခြေစွမ်းတွေပြနေမယ်လို့ ထင်ကြေးပေးရင်တော့ စောကောင်းစောမှာမှန်ပေမယ့် ဂယ်လက်ဂါ မှာ ထိပ်တန်းအဆင့်ခြေစွမ်းတွေရှိနေပြီဆိုတာကတော့ငြင်းမရတဲ့အချက်ပါပဲ။

အပ်ဆွန် အရပ်မှာ မွေးတဲ့ ဒီလူငယ်လေးရဲ့ အစ်ကိုတွေကလည်းဘောလုံးသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ပရိုဖက်ရှင်နယ်ကတော့ သူတစ်ယောက်ထဲပါပဲ။ မိသားစုလိုက် ချဲလ်ဆီးအသင်းကို အားပေးကြပြီး သူတို့နေထိုင်တာကလည်း အသင်းလေ့ကျင့်ရေးကွင်းနဲ့ ၁၀ မိနစ်လောက်ပဲ ကားမောင်းရတဲ့နေရာမှာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ကို အတုယူအားကျခဲ့ရတဲ့ လူငယ်လေးက သူ့ရဲ့အကောင်းဆုံးနေရာဟာ   ကွင်းလယ်က  Box To Box နေရာလို့ဆိုပေမယ့်  သူချာတန်မှာ အငှားကစားစဥ်က နည်းပြဖြစ်တဲ့ လီဘောင်ယာကတော့ နေရာစုံကစားနိုင်သူလို့ ဆိုပါတယ်။

ဒီနှစ်ပိုင်း လူငယ်ကြယ်ပွင့်တွေအရမ်းထွက်နေတဲ့   နိုင်ငံအတွက်  ချဲလ်ဆီး ကိုယ်စားမျက်နှာမငယ်စေရတဲ့အပြာရောင်လူငယ်တစ်ယောက်ဘယ်လောက်ထိခရီးပေါက်မလဲဆိုတာကတော့ လာမယ့်နှစ်အနည်းငယ်မှာ ပိုမိုသိသာလာပါလိမ့်မယ်။ လောလောဆယ်မှာတော့  ဂယ်လက်ဂါဟာ ထိပ်တန်းအဆင့်ခြေစွမ်းတွေက စတင်ပြသနေတာ ငြင်းမယ့်သူမရှိပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: