ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (8Nov-1pm)

ဒဏ်ရာသံသရာကို လန့်နေတဲ့ တူချယ်

နည်းပြတူချယ်က ကန်တေနဲ့ ပူလီဆစ်တို့ နိုင်ငံတကာပြိုင်ပွဲတွေကနေ ဒဏ်ရာတွေပြန်ရသွားမှာကိုစိုးရိမ်နေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ကစားသမားနှစ်ဦးစလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေကနေ ရွေးချယ်ခံလိုက်ရအပြီးမှာ အခုလိုထုတ်ပြောလာတာဖြစ်ပါတယ်။

“ နိုင်ငံကို ကိုယ်စားပြုရမယ့် ကစားသမားနှစ်ယောက်လုံးအတွက် ဝမ်းသာမိပါတယ်။ တဖက်မှာလည်း သူတို့တွေ ဒဏ်ရာရလာမှာကိုစိုးရိမ်မိပါတယ်။ ခရစ်ရှန်  (ပူလီဆစ်) ဆိုရင် နာကျင်မှုအနဲငယ်ရှိနေသေးပြီး ၊ ပွဲချိန်နဲနဲချင်းပဲ ကစားနေရသေးတာပါ။ သူဘာမှ ထပ်ဖြစ်မလာဖို့မျှော်လင့်ပါတယ်”  လို့ ဆိုခဲ့ပါတယ်။

ရိုက်စ်ကိုခေါ်ပေးဖို့ ပြောဆိုသူတွေပိုများလာ

လီဗာပူးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဝက်ဟမ်း အသင်းရဲ့ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို  ခေါ်ယူဖို့ ပရိတ်သတ်တွေဟာ ပိုမိုတောင်းဆိုလာကြပါတယ်။ ရိုက်စ်ဟာ တချိန်က ချဲလ်ဆီးလူငယ်တစ်ယောက်ဖြစ်ပြီး ဒီနှစ်ရာသီမှာ  ဝက်စ်ဟမ်းအတွက် ၁၅ ပွဲကစားပြီး ၃ ဂိုးသွင်း ၃ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ Football London ရဲ့ဖော်ပြချက်အရ ရာသီကုန်မှာ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Advertisements

အကောင်းမြင်နေတဲ့ ဟာဗက်စ်

ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာသရေကျခဲ့ရတာဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုမဟုတ်မှန်း နားလည်ပေမယ့်  အကောင်းဆုံးအားထုတ်ခဲ့ကြပြီးကစားခဲ့ကြကြောင်း ၊ နိုင်ငံတကာပွဲတွေအပြီးမှာ ခြေစွမ်းကောင်းတွေနဲ့ ရလကောင်းတွေဖော်ဆောင်ဖို့ကြိုးစားသွားမယ့်အကြောင်း  ထိုပွဲမှာ ဂိုးသွင်းခဲ့သူ ဟာဗက်ဇ်က ထုတ်ပြောလာပါတယ်။  ဂျာမန်သားဟာ တိုက်စစ်မှုးမရှိတဲ့ အသင်းအတွက် တူချယ်ရဲ့ရွေးချယ်မှုတွေထဲကတစ်ခုဖြစ်ပြီး သူကိုယ်တိုင်လဲ အသင်းနဲ့အံဝင်ဖို့ ဒီရာသီမှာရုန်းကန်နေရတာဖြစ်ပေမယ့် ၊   ၁၅ ပွဲကစားကာ ၄ ဂိုးသွင်းယူပေးထားတဲ့ ရလဒ်ကိုတော့ ဖော်ဆောင်ထားနိုင်ပါတယ်။

ဖူဟမ်လူငယ်ကို ထိပ်သီးအသင်းတွေနဲ့အပြိုင်လုမယ့် ချဲလ်ဆီး

လီဗာပူး ၊ ရီးရဲမက်ဒရစ်တို့နဲ့အပြိုင် ချဲလ်ဆီးအသင်းဟာလည်း ဖူဟမ်ကစားသမားလေး ဖေဘီယို ကာဗယ်ဟို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့   စပိန်သတင်းစာ Metro  ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ လက်ရှိဖူဟမ်အသင်းရဲ့ ရလဒ်ကောင်းတွေအတွက် အရေးပါနေပြီး  ၇ပွဲကစားရာမှာ ၃ ဂိုးသွင်းပေးထားသူဖြစ်တယ်လို့ သိရပါတယ်။  လက်ရွေးစင် U23  အတွက်လဲကစားပေးထားပြီး သြဂုတ်လတုန်းကလည်း  တစ်လအတွင်း အကောင်းဆုံး လူငယ်ကစားသမားဆုကိုရထားခဲ့ပါသေးတယ်။

ရီးရဲဖက်က  ရူဒီဂါ လိုချင်သလောက်ပေးမယ်

ရူဒီဂါကိုအသဲအသန်လိုချင်နေတဲ့ ရီးရဲမက်ဒရစ်တို့ဟာ  ကစားသမားတောင်းဆိုတဲ့လစာကိုပေးချေဖို့အသင့်ရှိနေတယ်လို့  Calciomercato ကဖော်ပြသွားခဲ့ပါတယ်။ စပိန်ဘီလူးကြီးဟာ ကစားသမားအတွက် တစ်ပတ် ပေါင် ၂ သိန်း (တစ်နှစ်ကို ၁၀.၃ သန်း) အထိပေးဖို့ ပြင်ဆင်ထားပါတယ်။ Athletic ရဲ့ဖော်ပြချက်အရတော့ ချဲလ်ဆီးဟာ တစ်ပတ်ကို ပေါင် ၁၄၀၀၀၀ ပေးချေလိုနေတယ်လို့သိရပါတယ်။ ကစားသမားကတော့ လန်ဒန်မှာပျော်ရွင်နေတယ်လို့ ဆိုထားပြီး စာချုပ်အတွက်ကတော့ဆွေးနွေးဆဲဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: