စနေညခင်းကတော့ ချဲလ်ဆီးနည်းပြ နဲ့ ကစားသမားတွေအတွက်ရော ပရိတ်သတ်တွေအတွက်ရော စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အသင်းကတော့ ဇယားထိပ်မှာရှိနေဆဲပေမယ့် အမှတ်ကွာခြားချက်တွေနဲသွားခဲ့တယ်။ နည်းစနစ်ကျွမ်းကျင်မှုရှိပေမယ့်လည်း တိုက်စစ်မှုးတွေမပါနိုင်တဲ့အခါ ကစားတဲ့ Form က စိတ်ကြိုက်တော့မဖြစ်နိုင်ပါဘူး။ တိုက်စစ်မှုးစစ်စစ်မပါဝင်တာကြောင့် အသင်းလိုက်ကစားပုံကိုမူတည်ပြီး အလုပ်လုပ်နေရတဲ့ တူချယ်အတွက်ရွေးချယ်စရာတွေ ဖြစ်လာနိုင်သလို ၊ ပွဲထွက်ခွင့်လဲတောင်းနေဆိုကြတဲ့ အသင်းရဲ့ ကစားသမား ၄ ယောက်ကို Express Sport က ရွေးချယ်သုံးတင်ပြထားပါတယ်။
ဘာကလေ
သူက နွေရာသီတုန်းက အသင်းပြောင်းဖို့ထက် နေရာတစ်နေရာအတွက်တိုက်ပွဲဝင်ဖို့ရွေးချယ်ခဲ့သူပါ။ သူကြိုတင်မျှော်လင့်ခဲ့သလိုလည်း အခွင့်အရေးတွေရလာခဲ့ပါတယ်။ ပွဲထွက်ခွင့်ထက် အရံခုံမှာထိုင်ရချိန်က ပိုများနေခဲ့ပေမယ့် ပေါ့လေ။
အငြင်းပွားစရာအချို့ရှိခဲ့ပေမယ့် ဘာကလေဟာ ဘန်လေနဲ့ပွဲမှာတိုက်စစ်ကို ပိုပြီးလိုက်ပါကစားခဲ့သလို စွမ်းဆောင်ရည်အချို့ကိုလည်းမြင်ခဲ့ရပါတယ်။ အရည်အချင်းရှိကစားသမားတစ်ယောက်ဆိုတာတော့ ငြင်းစရာမရှိတဲ့ ဘာကလေအတွက် ကစားခွင့်ပိုများများရဖို့အတွက် ရတဲ့အချိန်မှာ အစွမ်းကောင်းကောင်းပြဖို့လည်းလိုအပ်နေပါတယ်။
ဆာအူးလ် နူနက်ဇ်
အခုအချိန်ထိတော့ မျှော်လင့်တကြီးခေါ်ယူခဲ့တဲ့ ဆာအူလ်းရဲ့စွမ်းဆောင်ရည်ကအားရစရာမရှိသေးပါဘူး။ အသင်းကိုရောက်လာကတည်းက ၃ ကြိမ်ပဲကစားရသေးတာကိုကြည့်ရင် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ တူချယ်ရဲ့လိုအပ်ချက် ထပ်တူမကျသေးတာကိုမြင်ရပါလိမ့်မယ်။ ဘန်လေနဲ့ပွဲမှာ ဂိုးရဖို့အသဲအသန်လိုအပ်နေခဲ့ပေမယ့်လည်း သူကို မတို့မထိ ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အက်သလက်တီကိုနဲ့ ၉ ရာသီတိတိ တူတူအစွမ်းပြခဲ့သူမို့အရည်အသွေးမြင့်ကစားသမားဆိုတာတော့ ငြင်းမရပါဘူး။ လာလီဂါမှာ ပွဲပေါင်း ၃၄၀ ကစားပြီး ၄၃ ဂိုးသွင်းထားနိုင်တဲ့ ဆာအူးလ်ဟာ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ယဥ်ပါးပြီးသားပါ။
အိုဒွိုင်း
လူကာကူနဲ့ ဝါနာတို့မပါဝင်တဲ့ တိုက်စစ်ကို ချန်ပီယံလိဂ်မယ်လ်မိုနဲ့ပွဲမှာ အိုဒွိုင်းတစ်ယောက် ကောင်းမွန်စွာစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ကို အလယ်ဗဟိုကနေထိုးဖောက်စေတဲ့အခါ သူ့အတွက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကစားနိုင်ပါတယ်။ လျှင်မြန်တာ ၊ တိကျတာ ၊ ကန်ချက်ကောင်းတာတွေက ဒီလူငယ်လေးကို အခုထက်ပိုများတဲ့ မှတ်တမ်းကောင်းတွေရဖို့ထိုက်တန်တယ်လို့ ဆိုကြပါတယ်။ တိုက်စစ်မှုးတွေပြန်ကစားလာနိုင်သည့်တိုင်အောင် တူချယ်ဟာ ဒီ လူငယ်လေးကို လိုအပ်နေဦးမှာပါ။ အိုဒွိုင်းဖက်ကလဲအဆက်မပြတ်တိုးတက်နေဖို့ လိုအပ်ပါလိမ့်မယ်။
ထရီဗို ချာလိုဘာ
ဘောလုံးကိုင်ရဲတာ ၊ ပေးပို့မှုတွေ အလိမ်အခေါက်တွေနဲ့ ကွင်းလယ်ကို ထောက်ပံ့နိုင်တာတွေဟာ ချာလိုဘာကို ကွဲပြားတဲ့ကစားသမားဖြစ်စေပါတယ်။ ကံဆိုးတာက အသက် ၂၂ နှစ်အရွယ်ကစားသမားလေး ဟာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဆေးလ်ဗားနဲ့ ရူဓီဂါတို့အနောက်မှာ အခွင့်အရေးတွေဆုံးရှုံးနေပါတယ်။ ဒါပေမယ့်လည်း ရတဲ့အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချရမှာ သူ့တာဝန်ဖြစ်ပြီး အသင်းဖက်ကလည်း လိုအပ်ချက်တွေရှိနေချိန်မှာ အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။
တူချယ်ကတော့ အသင်းရလဒ်ကို မနှစ်သက်မှာသေချာပေမယ့် ကစားသမားတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ပါးပါးနပ်နပ်ကိုင်တွယ်ထားနိုင်ပါတယ်။ နိုင်ငံတကာပွဲတွေအလွန်မှာ လန်ဒန်သားတွေ ဘယ်လိုပုံစံပြန်လာနိုင်မလဲစောင့်ကြည့်ရပါမယ်။ လောလောဆယ်တော့ ကစားသမားတွေ ဒဏ်ရာထပ်ရမှာစိုးရိမ်နေလေရဲ့။
Leave a Reply