နောက်ဆုံးရ အာဆင်နယ် သတင်းများ (7Nov-10am)

ခရွန်ကီရဲ့သားက ပရိတ်သတ်တွေရဲ့အသံကိုနားထောင်ခဲ့ကြောင်းဖွင့်ဟ

အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂျို့ရှ်ခရွန်ကီဟာ  စူပါလိဂ်ကို သွားရောက်ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းရဲ့ လုပ်ဆောင်မှုဟာ လုံးဝမှားယွင်းနေခဲ့ကြောင်း Sky Sport နဲ့တွေ့ဆုံစဥ်မှာ ဝန်ခံပြောကြားခဲ့ပါတယ်။ ၄င်းတို့အနေနဲ့ ကိုယ့်ကိုယ်ကိုမေးခွန်းပြန်ထုတ်ခဲ့ကြကြောင်းနဲ့ နောက်ဆုံးမှာ ပရိတ်သတ်တွေရဲ့ ဆန္ဒအတိုင်းသာလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိစူပါလိဂ်မှာအသင်းတော်တော်များများနှုတ်ထွက်ကုန်ကြပြီဖြစ်ပြီး ဘာစီလိုနာ ၊ ရီးရဲ နဲ့ ဂျူဗင်တပ်အသင်းတို့ကသာ ဆက်လက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

အလွန်မြင့်မားနေတဲ့ အီဆက်ရဲ့စာချုပ်ဖျက်သိမ်းကြေး

အာဆင်နယ်အသင်းနဲ့ နာမည်ထွက်နေတဲ့ ဆိုစိဒက်တိုက်စစ်မှုး အီဆက် ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် သန်း ၉၀ ရှိတယ်လို့  EPL Scout ကဖော်ပြထားပါတယ်။  အခုလိုမြင့်မားတဲ့ ဖျက်သိမ်းကြေးကို ဒီရာသီမစခင်က အသစ်ချုပ်ဆိုထားတဲ့စာချုပ်မှာထည့်သွင်းခဲ့တာဖြစ်ပြီး ခေါ်ယူစဥ်ကပါဝင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ပြန်လည်ဝယ်ယူခွင့်ကို ကာကွယ်တဲ့သဘောဖြစ်တယ်လို့ လည်းဆိုပါတယ်။ စပိန်သတင်းစာ  Fichages ရဲ့ဖော်ပြချက်အရ တိုက်စစ်မှုးလိုအပ်နေတဲ့မန်စီးတီးအသင်းကလဲ အီဆက်ကို စောင့်ကြည့်နေတယ်လို့သိရပါတယ်။

U 23 အသင်းရဲ့အံ့သြစရာ Comeback 

လက်စတာအသင်းနဲ့ကစားခဲ့တဲ့ EPL 2 ပွဲမှာ   U23   အသင်းဟာ မိနစ် ၉၀ အထိ ၃ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီးမှာ ၉၂ မိနစ်မှာ တင်အကီနိုလာက ပထမချေပဂိုး ၊ ၉၄ မိနစ်မှာ ဟတ်ချီဆန်က ဒုတိယဂိုးနဲ့  ၉၇ မိနစ်မှာ ဖိုလာရင် က တတိယချေပဂိုးသွင်းပြီး ၃ ဂိုးစီသရေ ရလဒ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင်းအသင့်အနေနဲ့အဆင့် ၁ မှာဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းပြန်ရောက်နေတဲ့ရှာခါ

မြို့ခံပြိုင်ဖက်စပါးနဲ့ပွဲမှာလူးကပ်စ်မော်ရာနဲ့ထိခိုက်မိပြီး  ၃ လကြာအနားယူရမယ်လို့အတည်ပြုခဲ့ရတဲ့ကွင်းလယ်လူ ဂရန်းနစ်ရှာကာ က သူလန်ဒန်ကိုနေးလေ့ကျင့်ရေးကွင်းမှာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပို့စ်တင်ခဲ့တာကြောင့် ပရိတ်သတ်များက ဝိုင်းဝန်းကြိုဆိုနေကြပါတယ်။

တာဗာရက်စ်ပဲပွဲထွက်လာမှာလား

ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း နောက်ခံဘယ်စွန်နေရာမှာ တီယာနေအစား တာဗာရက်စ်ပဲ ဆက်လက်ပွဲထွက်ဖွယ်ရှိပါတယ်။ တာဗာရက်စ်ရဲ့ပုံစံကောင်းရနေတာကြောင့်ရော ၊ တီယာနေကို ပြန်ကစားနိုင်ကာစမှာ ထည့်ကစားဖို့ထက် နဲနဲထပ်ပြီးအနားယူစေချင်တာရောကြောင့် အာတီတာအနေနဲ့ တာဗာရက်စ်ကိုသုံးဖို့ ဆုံးဖြတ်နိုင်ကြောင်း The Boot Room  က သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။ အာတီတာကလည်း “ တီယာနေပြန်ပြီးလေ့ကျင့်ခန်းဆင်းနေနိုင်ပြီဖြစ်ကြောင်း ၊ သူပါဝင်ကစားနိုင်ဖို့မျှော်လင့်ကြောင်း “ သာပြောဆိုထားပြီး တိတိပပတော့ရည်ညွန်းထားခြင်းမရှိသေးပါဘူး။

ဥရောပပြိုင်ပွဲတွေရဲ့အဝေးမှာ မနေချင်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက အာဆင်နယ်မပါဝင်တဲ့ ဥရောပွဲတွေကိုကြည့်ဖို့ စိတ်မပါဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမတိုင်ခင် The SUN နဲ့တွေဆုံရာမှာသူက   အသင်းဝင်မကစားနိုင်တဲ့ ပွဲတွေကိုကြည့်ရတာ စိတ်ပိုင်းဆိုင်ရာအရ အဆင်မပြေကြောင်း ၊ ဒါပေမယ့် အခုလိုမကစားရတာကြောင့် ပွဲနားခွင့်ရတာကိုအခွင့်ကောင်းယူပြီး ပြန်ကြိုးစားရမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: