အလားအလာကောင်းတဲ့လူငယ်မှသည် ကြယ်ပွင့်သစ်ဆီသို့

သူ့မှာကောင်းမွန်တဲ့အစွမ်းအစတွေရှိနေပါတယ်။ ဒီလိုပဲ အနာဂတ်ကောင်းကောင်းလဲရှိနေပါတယ်။ ဒါတွေအားလုံးလက်တွေ့ဖြစ်လာဖို့ကတော့ သူ့ပေါ်ပဲမူတည်နေပါတယ် ဒီစကားကိုဆိုလိုက်သူက နတ်ဘုရားကြီးဇလာတန်ဖြစ်ပြီး  မီလန်ရဲ့တောင်ပံကစားသမား  ရာဖာလီအိုကို ဆိုလိုတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။

စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီအိုနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဖြစ်ဖူးသူ လူးဝစ်စ်မာတင်က   FTF ကိုအခုလိုပြန်ပြောင်းပြောပြပါတယ်။

“ သူ့ကို ပထမဆုံးစပြီးသတိထားမိတုန်းက ကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိနန်မှာပေါ့။  သူက  မှာကစားနေချိန်မှာပဲ ကွဲပြားမှုကိုမြင်နေရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒို ၊ ဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရ လီအိုကိုမြင်တာနဲ့ သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။  သူဟာ အားလုံးနဲ့ကွဲပြားနေသူပါ “    လို့ဆိုပါတယ်။

သူ့ကို ပေါ်တူဂီဘာပေ လို့လဲခေါ်ပြီး  အသက်အရွယ်တန်းအရ ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လဲခိုင်းနှိုင်းခံထားရသူဖြစ်ပါတယ်။ လက်ရှိမီလန်မှာတော့ နောက်ချန်တိုက်စစ်မှုး အဖြစ်ရော ၊ တောင်ပံကစားသမားအဖြစ်ပါအသုံးတော်ခံနေပါတယ်။ လိုင်လီအတွက် တစ်ရာသီထဲမှာ ၈ ဂိုးသွင်းပြီး ၂ ကြိမ်ဖန်တီးပေးနိုင်တဲ့အစွမ်းကိုမြင်ပြီးတဲ့အခါ လီအိုဟာ သန်း ၃၀ နဲ့အီတလီကိုရောက်ခဲ့တာပါပဲ။

ကစားသမားဘဝတစ်လျှောက်  ၁၃၁ ပွဲကစား   ၃၅ ဂိုးသွင်းထားသူဖြစ်ပြီး မီလန်အတွက်တော့  ၃ ရာသီအတွင်း  ၁၈  ဂိုးသွင်းပေးထားနိုင်ပါတယ်။ သူ့ရဲ့ပြသနာကတော့ခြေမငြိမ်တာဖြစ်ပါတယ်။ ဒီအကြောင်းကို လက်ရှိနည်းပြ ပီအိုလီကလဲ 2019 ခုနှစ် နိုဝင်ဘာလတုန်းက လာဇီယိုကိုရှုံးအပြီးမှာ အရိပ်အမွက်ပြောပါတယ်။

“ သူ့ဆီကနေခုထက်ပိုပြီးမျှော်လင့်ထားမိတာဝန်ခံပါတယ်။  ပိုကောင်းတဲ့ပြေးထွက်မှုတွေ ၊  အင်ပြည့်အားပြည့်ကစားဟန်တွေ ၊ အသင်းနဲ့ချိတ်ဆက်မှုတွေပိုကောင်းဖို့လိုပါတယ်။  သူမှာ အလားအလာကောင်းများစွာရှိပါတယ်။ ဒီညမှာကစားပုံကတော့ သူ့ရဲ့ အဆင့်အတန်းတစ်ခုမှာရှိမနေသေးပါဘူး  “    လို့ပြောဖူးတာပါ။

လှပတဲ့ပေးပို့မှုတွေ ၊ တစ်ရာသီအတွင်း ၂၁ ကြိမ်ဆိုတဲ့ ကောင်းမွန်လှတဲ့ ဖြတ်ကျော်မှုတွေနဲ့အတူ ဘောလုံးမထွက်တာ ၊ ဘားပေါ်ကျော်ကန်တာတွေကိုလဲ လီအိုက ပုံမှန်ပြုလုပ်နေပါတယ်။

ဒါပေမယ့်ပုံမှန်တိုးတက်နေခြင်းက သူ့ကိုအခုလို ပွဲထွက်ခွင့်ကိုဖြစ်နေစေတာပါပဲ။ အခုဆိုရင် အလားအလာရှိတဲ့ လူငယ်လေးအဖြစ်ကနေ ကြယ်ပွင့်ဘဝကို ကူးပြောင်းစပြုနေပြီလို့   သုံးသပ်နေကြပြီဖြစ်ပြီး ဘောလုံးကမ္ဘာမှာဆက်လက်ထွန်းတောက်ဖို့ကတော့ သူနဲ့ပဲသက်ဆိုင်နေပါတယ်။ လက်ရွေးစင်အသင်းအတွက်လည်း ၂၀၂၁ ခုနှစ်ထဲမှာပဲ  ၂ကြိမ်ကစားပေးပြီးခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: