အိုးထရက်ဖိုဒ့်မှာ မြိုခံပြိုင်ဘက်ကို ဒူးထောက်ခဲ့ရတဲ့ သရဲနီများ

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ စိတ်၀င်စားဖို့အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကို နိုဝင်ဘာလ ၆ ရက် ၊ မြန်မာစံတော်ချိန် (၇)နာရီ အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တစ်ခုဖြစ်တဲ့ မန်ချက်စတာဒါဘီ ကို ဘောလုံးပရိသတ်တွေအားလုံး စိတ်၀င်တစားစောင့်ကြည့်ခဲ့ကြပေမယ့် တကယ်တန်းကစားတဲ့အခါမှာတော့ မန်စီးတီးအသင်းကသာ တစ်ပွဲလုံးဦးဆောင် ကစားသွား ခဲ့ပြီး  ပွဲက တခြမ်းစောင်းနေခဲ့ပါတယ်။

  • အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းက နောက်တန်း ၃ ယောက်အထိုင်  ၃-၅-၂ ကစားကွက်နဲ့အတူ ဂိုးသမား ဒီဂီယာ နောက်တန်းမှာ လင်ဒီလော့ဖ်၊မက်ဂွိင်းယား၊အဲရစ်ဘိုင်ယီ ကွင်းလယ်မှာ လုခ်ရှော၊ဘစ်ဆာကာ၊ တော်မီနေး၊ဖရက်၊ဖာနန်ဒက် နဲ့ ရှေ့တန်းမှာ ရော်နယ်ဒို၊ဂရင်းဝုဒ် တို့နဲ့  ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် မန်စီးတီးအသင်းကတော့ ၄-၃-၃ အခင်းအကျင်းမှာ ဂိုးသမား အီဒါဆင် နောက်တန်းမှာ ကန်ဆယ်လို၊ ရူဘင်ဒီယက်စ်၊ ဂျွန်စတုန်း၊ ဝေါ်ကာ ကွင်းလယ်မှာ ဂန်ဒိုဂန်၊ ရိုဒရီ ၊ဒီဘရိုင်း နဲ့ ရှေ့တန်းမှာ ဖိုဒန် ၊ ဘာနာဒိုဆေးလ်ဗား၊ဂါဘရီယယ်ဂျီးဆပ် တိုနဲ့ ပွဲထွက်လာခဲ့ပါတယ်။
  • ပွဲအစ ခုနစ်မိနစ်မှာပဲ မန်စီးတီးအသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ရိုဒရီရဲ့ဖြတ်တင်ဘောကို ဖြတ်ထုတ်ရင်း ဘိုင်ယီက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပါတယ်။ သွင်းဂိုးတစ်ဂိုးခွင့်ပြုလိုက်ရပေမယ့် ပြန်လည် တိုက်စစ်ဆင်ဖို့ မကြိုးစားနိုင်ခဲ့ပဲ ဂိုးထပ်မပေးရဖိုသာ ကြိုးစားနေခဲ့ရပါတယ်။ ဒီဂီယာအနေနဲ့ ဂျီးဆပ်ရဲ့ အပိုင်ကန်ချက်ကိုလည်း ကာကွယ်ခဲ့ရသလို ကိုယ့်အသင်းဖော်လင်ဒီလော့ဖ်ရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းတာကို လည်း တားဆီးခဲ့ရပါသေးတယ်။ ပထမပိုင်းတစ်ပိုင်းလုံး မန်စီးတီးအသင်းက ဘောလုံး ပိုင်ဆိုင်မှုအသာစီး ယူပြီး  အိမ်ရှင်အသင်းကို တိုက်စစ်ဆင်ကစားနေခဲ့ပါတယ်။

  • မန်ယူအသင်းရဲ့တိုက်စစ်ဆင်မှုမှာ လုခ်ရှောရဲ့ဖြတ်တင်ဘောကို မြေမကျကန်သွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့ကြိုးစားမှု တစ်ကြိမ်သာ ဂိုးရဖိုနီးစပ်ခဲ့ပြီး ဒီကန်ချက်ကိုလည်း မန်စီးတီးဂိုးသမား အီဒါဆန်က အမှားမရှိ ကာကွယ်နိုင်ခဲ့ ပါတယ်။
  • ပထမပိုင်းအချိန်ပိုမိနစ် မရောက်ခင်လေးမှာပဲ မန်စီးတီးအသင်းက ဂိုးထပ်ရခဲ့ပြီး ကန်ဆယ်လိုရဲ့ ပေးပို့မှုကို ဘာနာဒို ဆေးလ်ဗားက ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းပြီး မန်စီးတီးအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ယူပေးခဲ့ပါတယ်။ဒီဂိုးကို ခွင့်ပြုလိုက်ရတာမှာ တစ်ချိန်လုံး လက်စွမ်းပြနေတဲ့ ဒီဂီယာရဲ့ ကာကွယ်ပုံလိုအပ်ချက်ကြောင့်လည်း ပါပါတယ်။ မန်စီးတီးအသင်းက ဖိုဒန်ရဲ့ ဘယ်ဘက်ခြမ်းကနေ တစ်ချိန်လုံးအဓိက တိုက်စစ်ဆင်နေပြီး ဘစ်ဆာကာ၊ လင်ဒီလော့ခ်တိုရဲ့ ညာခြမ်းခံစစ်ဟာ တကယ်ကို ဆိုးဆိုးဝါးဝါးဖြစ်နေခဲ့တာဖြစ်ပါတယ်။  ဖိုဒန်အနေနဲ့ တစ်ခါတစ်ခါ ယူနိုက်တက် နောက်တန်း ၃ ၄ ယောက်ကြားလိမ်ခေါ်ကနေတာဟာ လေ့ကျင့်ရေးကွင်းလားလို့တောင်ထင်ရပါတယ်။
  • ဒုတိယပိုင်းအစမှာပဲ ဘိုင်ယီ နေရာ ဆန်ချိုကိုထည့်သွင်းပြီး  ၄-၂-၃-၁ ပြန်ပြောင်းကာ ဆိုးရှားက တိုက်စစ်မြှင့်ဖို့ကြိုးစားခဲ့ပေမယ့်အဖက်ဖက်မှာ လိုအပ်ချက်တွေရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ မန်စီးတီးကိုတိုက်စစ်ဆင်ဖို ကစားကွက်မဖော်နိုင်ခဲ့ပါဘူး။ဂရင်းဝုဒ်၊ဖရက်တို့အစား ရက်ရှိဖို၊‌ဗန်ဒီဘိခ် တို့၀င်လာခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းအတွက် ချေပဂိုးတွေ ၊ ခြားနားတဲ့ ရလဒ်တွေကိုတော့မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ပြောရရင် ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်တိုရဲ့ကန်ချက်တွေ တိုင်ထိခဲ့လို့သာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီထက်ပို ဂိုးမပြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ ပထမပိုင်းလောက် ကြည့်မကောင်းခဲ့ပဲ မန်စီးတီးအသင်းကလည်း အနိုင်ဂိုးတွေကိုပဲ ထိန်းသိမ်းပြီး ဆော့သွားခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူတို့ဘာကိုဦးတည်နေသလဲဆိုတာ နောက်လာမယ့်ပွဲတွေအတွက် သူတို့ကိုယ်တိုင်ရှာဖွေရပါလိမ့်မယ်။

  • တစ်ပွဲလုံးမှာ ယူနိက်တက်တို့ဟာ Pressing ကိုလည်းပီပြင်အောင်မကစားနိုင်ခဲ့သလို မန်စီးတီးရဲ့ Overlap နဲ့ Build Up တွေကိုလည်း ပိတ်မထားနိုင်လို့ နေရာလွတ်တွေများစွာပေးခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ပထမပိုင်း သွင်းဂိုးနှစ်ဂိုးနဲ့ပဲ မန်ချက်စတာစီးတီးဟာ ခါးသီးတဲ့ မြိုခံပြိုင်ဘက် ကို အဖက်ဖက်ကအသာစီးရပြီး အိုးထရက်ဖိုဒ့်မှာ အနိုင်သုံးမှတ်ကို လွယ်လွယ်ကူကူ ယူနိုင်ခဲ့ပါတယ်။

တွေ့ဆုံမေးမြန်းမှုတွေ ၊ စီစဥ်တင်ဆက်မှုတွေက ပြောဆိုမှုများအရတော့ နည်းပြဆိုးရှားလ်ဟာ ထိုင်ခုံမြဲနေဆဲဖြစ်ပြီး ဝေဖန်သုံးသပ်သူ ဂန္တဝင်ကြီးများဟာလည်း ကစားသမားတွေကိုသာ ပြစ်တင်ပြောဆိုမှုတွေပြုလုပ်နေကြပြီး အိုလီကိုတော့ ကင်းလွတ်ခွင့်ဆက်လက်ပေးထားဆဲဖြစ်ပါတယ်။ ပွဲအပြီးမှာ အိုလီကလဲ လာမယ့်ပွဲတွေအကြောင်း ဆက်လက်ပြောဆိုနေဆဲဖြစ်သလို တဖက်မှာလည်းနည်းပြသစ် သတင်းတွေလဲကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: