ကစားရခက်တဲ့အခြေအနေမျိုးကိုကျော်ဖြတ်ခဲ့တဲ့ အာဆင်နယ်အသင်း (Full Time Review)

ကစားရကြပ်ပြီး အပေါ်သင်းတွေမထင်မှတ်ပဲ ရှုံးရတဲ့ပွဲမျိုးပါပဲ။ အာဆင်နယ်တို့ဟာ ဒီလိုအခြေအနေကိုကျော်ဖြတ်ခဲ့ ကြ ပါတယ်။

ပါတေးမပါဝင်နိုင်တဲ့ကွင်းလယ်ကို ဆမ်ဘီနဲ့ နိုင်းလ်စ်တို့ အတူပွဲထွက်လာခဲ့ပါတယ်။ အသင်းကစားပုံကတော့ အခုနောက်ပိုင်း Form  ရနေတဲ့ ပုံစံအတိုင်းပဲ Overlap နဲ့  Combination  တွေကို အားကိုးပြီး ထိုးဖောက် ပါတယ်။

ဘောလုံးကိုင်ပြီး Dangerous Pass တွေလုပ်နိုင်တဲ့ပါတေးမပါဝင်နိုင်တာကြောင့်ရော ၊ တဖက်အသင်းရဲ့ ကစားပုံကြောင့်ပါ ထိုးဖောက်ရခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့်  နိုင်းလ်စ်ဟာ Man of the Match ရရှိတဲ့အထိ  ရိုးရိုးရှင်းရှင်းနဲ့ လိုအပ်တဲ့  Function တွေကိုဖြည့်စည်းကစားသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ  Foul ဘောတွေပြုလုပ်ပြီး ပွဲရဲ့  Tempo ကိုချပစ်တာကြောင့် မကြာခနခရာသံနဲ့အတူ အာဆင်နယ် တိုက်စစ် အရှိန်ကျကျနေခဲ့ရပါတယ်။ ၇ မိနစ်မှာ ဆာကာ အဖွင့်ဂိုးသွင်းပေမယ့် လူကျွံနေခဲ့တာကြောင့်ဂိုးမရတာကလဲ ဒီပွဲမှာ ဂိုးရကြပ်နေခြင်းရဲ့အကြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

၃၄ မိနစ်မှာတော့  လာကာဇက်ကို ဒန်နီရို့စ် သိသိသာသာဆွဲလှဲတာကြောင့် ပယ်နယ်တီရခဲ့ပြီး  အူဘာကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဖော်စတာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အူဘာမီယန်ဟာ အသင်းကစားပုံကို အထောက်အကူပြုနိုင်မှုအလွန်အားနဲပြီး အသင်းနဲ့ချိတ်ဆက်မှု မှာလဲလူပိုလို ဖြစ်နေခဲ့ပါတယ်။  

ပထမပိုင်းမှာ လာကာဇက်ရဲ့ချိတ်ဆက်ကစားအားနဲ့ စမစ်ရို ၊ ဆာကာတို့ရဲ့ထိုးဖောက်မှုတွေကြောင့်ဂိုးရလုလု အခြေအနေတွေဖြစ်ခဲ့ပေမယ့် ဂိုးတော့မရခဲ့ပါဘူး။ ဂါဘရီယယ်ရဲ့ခေါင်းတိုက်ချက်ကောင်းပေမယ့်လည်း ဂိုးသမား ဖော်စတာ လက်စွမ်းပြနေခဲ့လို့ အာဆင်နယ်အသင်းဟာ အဖွင့်ဂိုးနဲ့‌ဝေးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပထမပိုင်းပုံစံအတိုင်းဆက်ဖိကစားနေရင်း ကန်သွင်းခွင့်အချို့ရပေမယ့် အာဆင်နယ်ကံခေနေခဲ့ပါတယ်။  အာဆင်နယ်တို့ရသွားတဲ့တစ်လုံးထဲသောဂိုးကတော့ ဘင်ဝှိုက်နောက်တန်း ကနေ တက်လာပြီး တဖက်နောက်တန်းတွေရဲ့ ဟန်ချက်ကို ဖျက်ဖို့ကြိုးစားရင်း စမစ်ရိုက ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲတစ်ပွဲလုံးကိုခြုံကြည့်ရင် ခံစစ် ၂ တန်းနဲ့ ဝက်ဖို့ဒ် နောက်တန်းကို  Diagonal Run တွေ ၊ Short Pass   တွေ နဲ့ ထိုးခွဲဖို့ စီစဥ်ခဲ့တဲ့ အာတီတာရဲ့    ကိုချီးကျူးရမှာဖြစ်ပြီး Cross Ball တွေနဲ့သာဆိုရင်ဂိုးရဖို့ပိုခက်မှာဖြစ်ပါတယ်။

လာကာဇက်နေရာ  အိုဒီဂတ် ဝင်လာခဲ့ပြီးနောက် ချိတ်ဆက်ထိုးဖောက်ရာမှာပိုကောင်းလာပြီး ပြေးလမ်း ကြောင်းတွေပိုပွင့်လာခဲ့ပါတယ်။  အိုဒီဂတ် ကန်သွင်းတဲ့အလုံး သူ့ဟာနဲ့သူဂိုးပြီးသားဖြစ်ပေမယ် အူဘာ ရဲ့ မလိုအပ်ပဲ Tap In လုပ်မှုကြောင့် Off Side နဲ့သာအဆုံးသတ်သွားရပါတယ်။ ပွဲပြီးခါနီးမှာ အိုဒီဂတ် ဖရီးကစ် တစ်ကြိမ်ကန်ခွင့်ရပေမယ့် ထောင့်ကန်ဘောသာဖြစ်ခဲ့ပါတယ်။ စမစ်ရိုလည်းနောက်ထပ်တစ်ကြိမ် အခွင့်အရေးရပေမယ့် ဘားပေါ်ကပ်ကျော်သွားခဲ့ပါတယ်။

ဒီပွဲမှာ ဝက်ဖို့ဒ်ကစားပုံဟာ တဖက်အသင်းရဲ့ ကစားအားကို ခပ်ကြမ်းကြမ်းကစားရင်း ၊ ဘေးထွက်ဘောတွေ ပြုလုပ်ရင်း ပြိုင်ဖက်ရဲ့တိုက်စစ်အရှိန်ကို ဖျက်စီးတတ်တဲ့အောက်သင်းတစ်သင်းရဲ့  ပုံစံကိုအတိအကျရောက်အောင် ကစားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းလဲရုန်းကန်ခဲ့ရပါတယ်။ ရုတ်တရက်ကြည့်ရင်လွှမ်းမိုးနိုင်သလိုနဲ့  ဂိုးတစ်ဂိုးရဖို့ခက်တဲ့ အနေအထားပဲဖြစ်ပါတယ်။ တိုက်စစ်မှုးစစ်စစ်လိုအပ်ချက်နဲ့ ပိုပြီး ပရိယာယ်များတဲ့တောင်ပံကစားသမားလိုအပ်နေတာကလည်း ဒီပွဲမှာမြင်သာနေခဲ့ပါတယ်။

Advertisements

ဝက်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်ကနေ တိုးအားကောင်းကောင်းနဲ့ထိုးဖောက်မှုအချို့ကလည်း ထိရောက်မှုရှိပြီး အာဆင်နယ် နောက်တန်းကောင်းလို့သာ အခွင့်အရေးမရခဲ့ကြတာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဂျိုရှာကင်း ရဲ့တိုးအားကောင်းတဲ့ကစားပုံကို ကို ဘန်ဝှိုက်နဲ့ ရမ်းစ်ဒေးလ်တို့ ထိမ်းရင်း နားလည်မှုလွဲတာကနေ ကင်း လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့် ဘေးကပ်ထွက်သွားလို့အာဆင်နယ်ကံကောင်းခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အလွန်အဖိုးတန်တဲ့ ၃ မှတ်ကြောင့် အဆင့် ၅ နေရာကိုရောက်ခဲ့သလို ၊ ထိပ်ဆုံးနဲ့ ၆ မှတ်သာကွာတဲ့အနေအထားတစ်ခုကိုလဲပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အာတီတာအတွက်လဲ ပွဲ ၁၀၀ ပြည့်မှာ အနိုင်နဲ့အတူ ၊ အဆင့် ၂၀ ရောက်ဖူးတဲ့အနေအထားကနေ ပြောင်းပြန်လှန်ချနိုင်ခဲ့ပါတယ်။ အသင်းကလဲ ပြိုင်ပွဲစုံ ၁၀ ပွဲရှုံးပွဲမရှိစံချိန်ရခဲ့ပြီဖြစ်သလို ၊ Clean Sheet နောက်တစ်ပွဲလည်းတိုးခဲ့ပါပြီ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: