ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရ သတင်းများ (6Nov-11am)

ချဲလ်ဆီးအသင်းရဲ့  ကြံ့ခိုင်မှုအနေအထား

နည်းပြတူချယ်က ဘန်လေနဲ့ပွဲမှာ တီမိုဝါနာ လူကာကူ  ကိုဗာဆစ်နဲ့ အလွန်ဆိုတို့ ပါဝင်နိုင်မှာမဟုတ်ကြောင်းအတည်ပြုပြောသွားခဲပါတယ်။ ဆက်လက်ပြီး မေဆင်မောင့်ရဲ့အနေအထားနဲ့ပတ်သတ်ပြီးတော့လည်း အသေးစိတ်ရှင်းပြခဲပါတယ်။

“ မေဆင်က  အံသွားနာကျင်တာကနေ အရှိန်နဲ့ဖျားနေခဲ့တာပါ။ သူကောင်းကောင်းမစားနိုင်ခဲ့သလို ဝိတ်လဲကျသွားပါတယ်။ အခုတော့ သူလေ့ကျင့်ရေးပြန်လုပ်နိုင်ပြီဖြစ်ပါတယ်။ သူအချိန်အချို့ကစားနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးကူသမှုကိုလည်း ခံယူရပါမယ် ” လို့ ဆိုခဲ့ပါတယ်။

နောက်ခံကစားသမားကို စောင့်ကြည့်နေ

ဟန်ဂေရီ ဗန်ဒိုက်လို့နာမည်ကျော်နေတဲ့ အသက် ၂၃ နှစ်အရွယ် ဖီနာဘာချီနောက်ခံလူ အက်တီလာ ဆာဇလိုင် ကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့  နိုင်ဂျီးရီးယားသတင်းစာ   Pulse ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာလက်ရှိအသင်းအတွက် ၃၉ ပွဲကစားပေးထားပြီး ၂ ဂိုးလည်းသွင်းယူပေးထားနိုင်ပါတယ်။

ပူလီဆစ်တုန်းကလိုအမှားမျိုး ထပ်အမှားမခံစေချင်တော့တဲ့ပရိတ်သတ်များ

ဘာစီလိုနာနဲ့အပြိုင် ကင်စလေကိုးမန်း ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးအသင်းအတွက် ပရိတ်သတ်တွေဟာ ပူလီဆစ်လို ဒဏ်ရာခနခနရတတ်တဲ့အဖြစ်မျိုးနဲ့ကြုံရမှာကို စိုးရိမ်နေကြကောင်း   က ဖော်ပြပါတယ်။ အဆိုပါကစားသမားဟာ လက်ရှိ ဘိုင်ယန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၆၀၀၀၀ ရရှိနေပြီးစာ ချုပ်သစ်မှာ ၂ ဆ လိုချင်နေပေမယ့် အသင်းဖက်က ပေါင် ၂၁၅၀၀၀ သာပေးချေလိုနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ခေါ်ယူလိုပါက ပေါင် ၄၇ သန်းနဲ့ခေါ်ယူနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

နောင်နှစ်များစွာအထိ ချဲလ်ဆီးမှာ ဆက်ရှိနေမယ်

နောင်လာမယ့် ဆယ်စုနှစ်တွေအထိအသင်းမှာ ဆက်လက်လုပ်ကိုင်သွားမယ် လို့ တူချယ်ကဆိုလိုက်ပြီး လက်ရှိကာလဟာ သူ့ရဲ့အိမ်မက်အသင်းမှာ ဖြတ်သန်းနေရတဲ့ အချိန်တွေဖြစ်တယ်လို့ လည်းပြောပါတယ်။  အသက် ၄၈ နှစ်အရွယ် ဂျာမန်သားဟာ ယခုဆိုအသင်းမှာ ၁၀ လရှိပြီဖြစ်ပြီးအမြင့်ဆုံးဆုဖလားကိုလည်း အချိန်တိုအတွင်း ဆောင်ကျဥ်းပေးထားနိုင်တာဖြစ်ပါတယ်။ သူ့ရဲ့အရည်အသွေးနဲ့ရလဒ်တွေဟာ အသင်းနဲ့ရေရှည်ဆက်ဆံရေးကိုဖန်တီးနိုင်မယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ချာလိုဘာက ကွန်ဒီကိုပစ်မှတ်ထားနေတဲ့ ချဲလ်ဆီးအတွက် အပြောင်းအလဲဖြစ်စေနိုင်မလား

နည်းပြ တူချယ်ဟာ ချာလိုဘာရဲ့ လက်ရှိပုံစံကောင်းတွေကြောင့် ကစားသမားသစ်ခေါ်ယူမှုကို ပြန်သုံးသပ်ရနိုင်ကြောင်း  ဝန်ခံပြောကြားခဲ့ပါတယ်။ ဆီဗီးလားရဲ့ ကွန်ဒီကို ခေါ်ယူဖို့အလွန်နီးစပ်ခဲ့ပေမယ့် မဖြစ်မြောက်တဲ့နောက် အသင်းဖက်ကလည်းဆက်လက်ကြိုးပမ်းဖွယ်ရှိနေပါတယ်။  ချာလိုဘာဟာ ၂၀၂၆ ခုနှစ်အထိရှိနေမယ့် စာချုပ်တစ်ရပ်ကို အသင်းနဲ့ လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: