နောက်ဆုံးရ အာဆင်နယ် သတင်းများ (6Nov-10am)

** စတုဂတ်အသင်းမှာအငှားနဲ့သွားရောက်ကစားနေတဲ့ မာဗရိုပါနို့စ်က အာဆင်နယ်အသင်းကို စွန့်ခွာဖို့အသင့်ရှိနေပြီလို့  Bild နဲ့ပြောဆိုခဲ့ပါတယ်။ သူက အသင်းသစ်နဲ့ရော ၊ စတုဂတ်မြို့မှာပါ အရာရာအသားကျနေပြီး  ခြေစွမ်းလဲပြသနေနိုင်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂရိသားလေးဟာ ၂၀၁၈ နှစ်ကတည်းက နောက်ဆုံးကစားခဲ့ချိန်ထိ  ၇ ပွဲသာ ကစားခဲ့ရတာကြောင့်အငှားနဲ့ပဲအချိန်ကုန်နေရတာဖြစ်ပါတယ်။

** လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်က ရမ်းစ်ဒေးရဲ့ ပထမဂိုးသမားဖြစ်ဖို့ အလားအလာနဲ့ပတ်သတ်ပြီးအခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ ပွဲတစ်ပွဲထဲက အစိတ်အပိုင်းတစ်ခုပေမယ့် ရမ်းစ်ဒေးရဲ့ စွမ်းဆောင်ရည်ကိုအသိအမှတ်ပြုပါတယ်၊ သူ့ရဲ့ကစားပုံသိပ်ကောင်းပြီး နဲ့ ဘောလုံးဖြန့်ဝေနိုင်တာကတော့တကယ့်အပိုဆုပါပဲ။ ကျွန်တော်ကတော့ အသင်းမှာ ရမ်းဒေးလ် ၊ ဂျွန်စတုန်း နဲ့ ပစ်ခ်ဖို့ တို့ကြားမှာ ယှဥ်ပြိုင်မှုကိုမြင်တွေ့လိုပြီး အကောင်းဆုံးတွေကိုရွေးချယ်မှာပါ” လို့ဆိုပါတယ်။

** ဘန်ဝှိုက်နဲ့ စမစ်ရို တို့လက်ရွေးစင်အသင်းမှာ မပါဝင်ခဲ့ခြင်းအပေါ် အာဆင်နယ်ပရိတ်သတ်တွေက မေးခွန်းထုတ်လှောင်ပြောင်နေကြပါတယ်။ လက်ရှိမှာ ခြေစွမ်းတောက်လျှောက်ပြသနေတဲ့အပြင်း သုံးသပ်သူ ၊ ကစားသမားဟောင်းတွေကပါချီးကျူးခြင်းခံနေရပေမယ့် ဆောက်ဂိတ်ရဲ့နောက်ဆုံးလူစာရင်းမှာတော့ပါဝင်လာကြခြင်းမရှိကြတာပါ။

** ဝက်ဖို့ဒ်နဲ့ပွဲမှာ  အာဆင်နယ်မန်နေဂျာအဖြစ် ပွဲ ၁၀၀ ပြည့်တော့မယ့် အာတီတာက သူ့ရဲ့ အမ်းမရိတ်ခရီးစဥ်အပေါ်ဂုဏ်ယူနေပါတယ်။  တကယ့်ကို အချိန်ကုန်မြန်တဲ့ ခရီးတစ်ခုပါပဲ.. ဘောလုံးနဲ့ပတ်သတ်တာတင်မက ကမ္ဘာကြီးမှာလည်းအများကြီးသက်ရောက်မှုကြီးကြီးတွေဖြစ်ခဲ့တဲ့ ၂ နှစ်တာပါပဲ။ ဒီအသင်းမှာနေရတာပျော်ရွင်ပြီး အရေးပါတဲ့အပြောင်းအလဲတွေလုပ်ဆောင်နိုင်တဲ့အတွက်လည်း ပျော်ရွင်မိပါတယ်     လို့ဆိုပါတယ်။

** Football London ရဲ့ထပ်မံဖော်ပြချက်အရ မန်စီးတီး အသင်းတောင်ပံလူ စတာလင်ကို စိတ်ဝင်စားနေတဲ့အသင်းများစွာထဲမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတို့ဟာ ထိပ်ဆုံးက ယှဥ်ပြိုင်နေကြတယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းရဲ့ လက်ရှိတိုက်စစ်လျာထားစာရင်းမှာ ၆ ယောက်ထက်မနဲရှိနေပြီး နောက်ဆုံးသတင်းတွေအရ ဗလာဟိုဗစ်၊ အဆန်ဆီယိုနဲ့  စတာလင်တို့ကရှေ့တန်းရောက်နေတာဖြစ်ပါတယ်။

** ရှာခါရဲ့ဒဏ်ရာတိုးတက်ကောင်းမွန်လာနေတာဖြစ်လို့ ၂၀၂၂ နှစ်ဦးပိုင်းမှာ အသင်းနဲ့လေ့ကျင့်‌ရေးပြန်ဆင်းနိုင်မယ်လို့  Mirror ကဆိုပါတယ်။  အာဖရိကဖလားပွဲကျင်းပဖြစ်ခဲ့ရင် ကစားသမားများစွာစေလွှတ်ပေးရမယ့်အာဆင်နယ်အတွက် ရှာခါရဲ့ တိုးတက်မှုက သတင်းကောင်းပဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: