နူးကမ့်ရဲ့တိုက်စစ်မှုးရှာပုံတော်ထဲက ရေပန်းအစားဆုံးဖြစ်လာတဲ့ ဝါရင့်တိုက်စစ်မှုး နှစ်ယောက်ကို လေ့လာခြင်း

ဘာစီလိုနာအသင်း တိုက်စစ်မှုးသစ်ရှာနေတာ ရာသီအစကတည်းကပါ။ ဆီးဗီးလားက လုဒီယောင်ကိုခေါ်ခဲ့တာ တကယ့်ကို ယာယီဖြစ်မှန်း ပရိတ်သတ်တွေအားလုံးနားလည်ကြပါတယ်။ နောက်ပြီး ဒီဖြည့်တင်းမှုကလည်း အလုပ်မဖြစ်လှ။ ဒီလိုနဲ့ အဂူရိုကိုမျှော်ကြတယ်။ သူကလည်းပြန်ပါလာစပွဲတွေမှာ သေသပ်တဲ့ ကစားပုံကိုပြသနိုင်ခဲ့တယ်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့တိုက်စစ်မှုးဟာ နှလုံးမှာ ပါပြသနာတက်ခဲ့တယ်။ ဒီတော့တိုက်စစ်မှုးသစ်ရှာရမယ့် ဘာစီလိုနာဟာ တိုက်စစ်မှုးသစ် အသဲအသန်လိုအပ်တဲ့အဆင့်ကိုချက်ခြင်းရောက်သွားပါတော့တယ်။

ဒီရက်ပိုင်းမှာ နည်းပြသစ်ကိစ္စတွေနဲ့အတူ တိုက်စစ်မှုးတွေနဲ့ နာမည်တောက်လျှောက်ထွက်ပါတယ်။ ဒီထဲမှာအာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်း ၊ မန်ယူတိုက်စစ်မှုး ကာဗာနီတို့နဲ့လည်း ဘာစီလိုနာသတင်းထွက်လာပါတယ်။ အစောပိုင်းတုန်းကတော့ သာမန် ကောလာဟာလလို့ ထင်ရပေမယ့် အခုတော့အလေးအနက်အသွင်ဆောင်လာခဲ့ပါတယ်။  ဒီတိုက်စစ်မှုး နှစ်ယောက်ကို တိုက်ရိုက်ဆက်သွယ်တဲ့သတင်းမျိုးမရှိသေးပေမယ့်အခြားကစားသမားတွေထက်ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။ သတင်းတွေဆက်တိုက်ထွက်လာခဲ့တယ်။

ကစားသမားနှစ်ယောက်စလုံးရဲ့ ခြေစွမ်း ၊ ကစားပုံနဲ့အတွေ့အကြုံတွေဟာ ဘာစီလိုနာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနေသလို ငွေကြေးများစွာသုံးဖို့ အစီအစဥ်မရှိပဲ လာမာစီယာလူငယ်တွေကိုပဲ ရေရှည်ကိုအသုံးပြုသွားမယ့် အသင်းပေါ်လစီနဲ့လဲကွက်တိပါပဲ။ ကစားသမားနှစ်ယောက်စလုံးရဲ့လစာနှုန်းထားတွေကတော့ အမြင့်တန်းတွေပဲမို့ ဘာစီလိုနာတို့အနေနဲ့ သုံးသင့်သလောက် တော့သုံးရပါမယ်။  တကယ်သာ ဒီတိုက်စစ်မှုး နှစ်ယောက်ကိုပဲ ဘာစီလိုနာတို့ရည်ရွယ်ထားတယ်ဆိုရင် ဘယ်သူက နူးကမ့်ရောက်လာဖို့ ပိုနီးစပ်မယ်ဆိုတာကို အကြမ်းဖျင်းလေ့လာကြည့်ပါမယ်။

ခေါ်ယူရမယ့်အနေအထား

အူဘာမီယန်ဟာ ယခုနှစ်ရာသီအစကမှ စာချုပ်သက်တမ်းတိုးထားသလို လက်ရှိလဲအာဆင်နယ် အသင်းခေါင်းဆောင်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလဲ အသင်းရဲ့ဂန္တဝင်ဖြစ်လာဖို့ရည်ရွယ်ထားပါတယ်။ တဖက်မှာလည်း ခြေစွမ်းမတည်ငြိမ်တော့တာ ၊ အသင်းကလူငယ်တွေကို ပိုပြီးရည်ရွယ်လာတာကြောင့် တကယ်တန်းတေ့တေ့ဆိုင်ဆိုင်ကမ်းလှမ်းလာရင် အခြေအနေ တမျိုးပြောင်းနိုင်ပါတယ်။ ခက်တော့ခက်ပါလိမ့်မယ်။ ကာဗာနီကတော့ မန်ချက်စတာကို ရောက်လာတုန်းက ကာလတိုဖြစ်ပြီး အခုနှစ်မှာ သက်တမ်းတိုးထားတာဖြစ်ပါတယ်။ လက်ရှိအသင်းမှာလည်း အလှည့်ကျပါဝင်ကစားရင်း ဆွဲတင်ရုန်းကန်နေရတဲ့ အပိုင်းကနေပါဝင်နေရတာဖြစ်ပါတယ်။ အူဘာမီယန်ထက်တော့လွယ်ကူတဲ့ ခေါ်ယူမှုဖြစ်နိုင်သလို ငွေကြေးကုန်ကျမှုလဲသက်သာနိုင်ပါတယ်။

ကစားပုံများ

အူဘာမီယန် ရဲ့  Playing Range ကတော့ပိုကျယ်ပြန့်ပါတယ်။ ဘယ်တောင်ပံရော ၊ တိုက်စစ်ရောမှာကစားနိုင်ပါတယ်။ တန်ပြန်တိုက်စစ်တွေမှာ  Transition တွေကောင်းတယ်။ ဒါပေမယ့် Traditional Centre Forward ဖြစ်တဲ့  ကာဗာနီဟာ ဘာစီလိုနာ အတိအကျလိုအပ်နေတဲ့နေရာဖြစ်ပါတယ်။ ဧရိယာထဲရောက်လာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်မယ့် ကစားသမားမျိုးလိုအပ်နေတဲ့ ဘာစီလိုနာအတွက် ကာဗာနီက ပိုသင့်တော်ပါတယ်။ အတွေ့အကြုံကတော့နှစ်ယောက်စလုံးပြည့်ဝပေမယ့် လူငယ်တွေကို တွဲခေါ်နိုင်တဲ့အပိုင်းမှာ ဥရုဂွေးသားကြီးက ပိုကောင်းပါလိမ့်မယ်။  နောက်ပြီးအူဘာမီယန်ရဲ့တောင်ပံလုပ်ဆောင်မှုတွေအတွက် ဘာကာမှာ ပိုမိုငယ်ရွယ်တဲ့ ဒီပိုင်းလဲရှိနေပါတယ်။

ကစားသမားတွေရဲ့ဆန္ဒ

အထက်ကပြောခဲ့သလိုပဲ အူဘာမီယန်ဟာ လက်ရှိအသင်းမှာ ဂန္တဝင်ဖြစ်လာဖို့ စိတ်အားထက်သန်နေပါတယ်။ အသင်းက လူငယ်တွေနဲ့လဲ သဟဇာတဖြစ်ပုံပါပဲ။ကာဗာနီကတော့ သူ့ရဲ့နောက်ဆုံးနှစ်တွေမှာ အကောင်းဆုံးအသင်းတွေနဲ့ဆက်လက် ခြေဆန့်လိုသေးသူဖြစ်ပါတယ်။  လက်ရှိဘာစီလိုနာလိုအသင်းမှာ သူ့အတွက်အရေးပါတဲ့အနေအထားတစ်ခုရှိနေခြင်းဟာ ကြီးမားတဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။ နောက်ပြီး အာဆင်နယ်နည်းပြ အာတီတာအနေနဲ့လည်း  စည်းချက်ပြန်ညီစ သူ့အသင်းမှာ အထိုင်အပျက်ခံမှာမဟုတ်ပါဘူး။

အချက်အလက်တွေအားလုံးခြုံကြည့်ရင်တော့ ကာဗာနီဟာ ပိုမိုသင့်တော်သလို ဖြစ်နိုင်ခြေလဲပိုများနေပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်လာမလဲကတော့ ဆောင်းရာသီမှသာရုပ်လုံးပေါ်သွားမှာပါ။ ဘာစီလိုနာကတော့ တိုက်စစ်မှုးလိုအပ်နေတာအသေအချာပဲမို့ အပြောင်းအလဲတစ်ခုကတော့လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။

မှတ်တမ်းများ

အူဘာမီယန်  –  ၃၂ နှစ်

ကလပ်အသင်းနဲ့ ကစားခဲ့သောပွဲပေါင်း  ၅၅၄ ပွဲ

သွင်းဂိုး  ၂၈၈ ဂိုး

နိုင်ငံအသင်းနဲ့ ကစားခဲ့သောပွဲပေါင်း    ၇၀ ပွဲ

သွင်းဂိုး   ၂၈ ဂိုး

ကာဗာနီ ၃၄ နှစ်

ကလပ်အသင်းနဲ့  ကစားခဲ့သောပွဲပေါင်း   ၆၃၃ ပွဲ

သွင်းဂိုး    ၃၇၁ ဂိုး

နိုင်ငံအသင်းနဲ့   ကစားခဲ့သောပွဲပေါင်း    ၁၂၆ ပွဲ

သွင်းဂိုး   ၅၃ ဂိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: