နောက်ဆုံးရ အာဆင်နယ် သတင်းများ (5Nov-10am)

** လက်ရှိအနေအထားအရ မန်စီးတီးအသင်းရဲ့တောင်ပံကစားသမားစတာလင်ဟာ ဂျက်ဂရီးလစ်ရှ်ထက်တောင် ပိုကောင်းပြီး ၊ ခေါ်ယူနိုင်ခဲ့ပါကအသင်းကို အကျိုးပြုနိုင်ချေရှိတယ်လို့  ကစားသမားဟောင်း ဝီးရှိုင်းယားက talkSport  နဲ့တွေ့ဆုံရာမှာ မှတ်ချက်ပေးခဲ့ပါတယ်။

** အသင်းမှာခြေစွမ်းပြနေတဲ့နောက်ခံလူတိုမီယာစုက အာဆင်နယ်အသင်းကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပြောင်းလာဖြစ်ခဲ့ပုံကို ယခုလိုပြန်ပြောပြခဲ့ပါတယ်။ “ ကျွန်တော်က အာဆင်နယ်အသင်းဆီမဟုတ်ပဲ စပါးဆီသွားရမယ်လို့ထင်နေခဲ့တာ ။ အာဆင်နယ်ကလဲ ကမ်းလှမ်းတယ်ဆိုရော နှစ်ခါတွေးမနေတော့ပဲ ချက်ခြင်းဆုံးဖြတ်လိုက်တာပါ”  လို့ဆိုပါတယ်။ ခေါ်ယူစဥ်က ဝေဖန်မှုတွေရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ပ ရိတ်သတ်အနှစ်သက်ဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

** အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ ချဲလ်ဆီးအသင်းကစားသမားဟောင်း ကတ်ဇူးမားကို မခေါ်ယူကြတဲ့အပေါ်အံ့သြမိကြောင်း ကစားသမားဟောင်း တိုနီကတ်စကာရီနိုက Metro  ကို   ပြောဆိုပါတယ်။ အဆိုပါကစားသမားဟာ ချဲလ်ဆီးကထွက်ခွာပြီးနောက် လက်ရှိဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေခဲ့တာဖြစ်ပါတယ်။

** ရော့စ်ကောင်တီအသင်းမှာ အငှားသွားရောက်ကစားနေတဲ့ နောက်ခံလူဟယ်ရီကလပ်ဟာ  ဒုတိယ အကြိမ်မြောက် အဖြစ် အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားအဖြစ်မဲ ပေးရွေးချယ်ခြင်း ခံခဲ့ရ ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားလေးဟာ သြဂုတ်လတုန်းကလည်း ယခုလိုမဲပေးရွေး ချယ်ခံခဲ့ရပြီး ၊ အသင်းအတွက်အရေးပါခဲ့တဲ့ ဒန်ဒီးယူနိုက်တက်နဲ့နိုင်ပွဲမှာလည်း တစ်ဂိုးသွင်း ပြီး တစ်ဂိုးဖန်တီး ပေးနိုင် ခဲ့ပါတယ်။

** ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် ကြီးမားတဲ့ ခေါ်ယူမှုတွေပြုလုပ်ဖို့ပြင်ဆင်နေတဲ့ နယူးကာဆယ်အသင်းဟာ မာဆေးလ်အသင်းကိုသွားကစားနေတဲ့ အာဆင်နယ်လူငယ်ကွင်းလယ်လူ ဂွမ်ဒူဇီကို ခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့   Metro ကဖော်ပြပါတယ်။ မကြာခင်မှာ နည်းပြသစ်အဖြစ် အက်ဒီဟောင်းဝီး ကိုခန့်အပ်ဖို့လဲရှိနေတယ်လို့ သိရပါတယ်။

** လက်စတာအသင်းကို အဝေးကွင်းမှာနိုင်လိုက်တာဟာ အသင်းကိုအခြေအနေတစ်ခုမှာရှိနေတယ်ဆိုတာ ထင်ဟပ်နေတယ်လို့  ကစားသမားဟောင်းကြီး မာတင်ကီအွန်ကပြောဆိုလိုက်ပြီး ၊ အသင်းအနေနဲ့ အာတီတာနဲ့အတူ ရာသီကုန်မှာ အဆင့် ၄ – ၅ လောက်မှာရှိနေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိပ်ဆုံး ၄ သင်းဆိုတာ သိပ်ပြီးခက်ခဲနေသေးပြီး  အာရုံစိုက်ရမှာက ဥရောပပွဲတွေဆီ အာဆင်နယ်အသင်းပြန်ရောက်ရေးဖြစ်ကြောင်းဆိုလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: