ခြေစွမ်းပြနိုင်ပေမယ့် လက်ရွေးစင်အသင်းမှာ မပါရသေးတဲ့ စမစ်ရို

အံ့အားသင့်စရာ လက်ရွေးစင်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်မခံရတဲ့နောက် နည်းပြအာတီတာက သူ့ရဲ့ကစားသမားလေးဟာ အချိန်ကာလတစ်ခုစောင့်ရဖို့ပဲလိုအပ်ကြောင်း ဖြေသိမ့်ပြောကြားလိုက်ပါတယ်။ စမစ်ရိုအတွက် ဝမ်းသာစရာတစ်ခုကတော့ ပရိတ်သတ်တွေက နည်းပြဆောက်ဂိတ်ကိုမေးခွန်းထုတ်နေကြတာပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဂိုးတွေလဲသွင်း ၊ ဖန်တီးမှုတွေလဲလုပ်ထားတဲ့အပြင် ကစားသမားအဆင့်အတန်းနောက်တစ်ဆင့်ရောက်ခဲ့ပြီဆိုတာကို ကျွမ်းကျင်သူတွေရော  ပရိတ်သတ်တွေကပါ ကျယ်ကျယ်လောင်လောင်အသိအမှတ်ပြုနေချိန်မှာ လူစာရင်းက ကျန်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းကတော့ နည်းပြဆောက်ဂိတ်က စမစ်ရို ကအသင်းမှာပါဖို့အလွန်နီးစပ်နေပြီဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ခြေစွမ်းပြနိုင်သည့်တိုင် ကျန်နေခဲ့ပါတယ်။ ဟက်ဒါစဖီး မှာအငှားသွားကစားပြီးနောက်တောက်လျှောက်ခြေစွမ်းတက်လာခဲ့ပြီး စာချုပ်သစ်နဲ့အတူကျောနံပတ် ၁၀ ကိုပါဝတ်ဆင်ခွင့်ရတဲ့ ကစားသမားလေးဟာ ဒီနှစ် ပရီးမီးယားမှာလည်း ၃ ဂိုးသွင်းပြီး  ၂ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

အာတီတာကတော့ စမစ်ရိုအနေနဲ့ စိတ်ရှည်ရှည်ထားပြီး ကမ္ဘာ့ဖလားမှာပါဝင်နိုင်ဖို့ လက်ရွေးစင်တံခါးဆက်ခေါက်ရမယ်လို့ဆိုပါတယ်။ ဆာကာ နဲ့အတူ အာဆင်နယ်တစ်ခေတ်ကိုပြန်တည်ဆောက်မယ့် လူငယ်များထဲက ဦးဆောင်နေတဲ့ကစားသမားလေးမှာ ကွင်းလယ်မှာရော ၊ ဘယ်ခြမ်းမှာပါ ကောင်းစွာကစားနိုင်တာ အားလုံးမျက်ဝါးထင်ထင်ပါပဲ။

တစ်နှစ်ကာလလောက်အတွင်းမှာ သူ့ရဲ့တိုးတက်လာမှုက သိပ်ကိုသိသာလွန်းလှပါတယ်။  ဒီရာသီ ၁၀ ပွဲမှာ  သူရဲ့ကန်သွင်းမှုနှုန်းက မနှစ်တုန်းက ပွဲ ၂၀တုန်းကထက်ပိုများပါတယ်။ နေရာယူပုံ ၊ လူပေးပုံ ၊ ကန်သွင်းပုံအကုန်လုံးမှာတိုးတက်လာနေခဲ့တာပါ။ ဆာကာ ကမှ အဆုံးသတ်ပိုင်းမှာအနဲငယ်ပြောစရာရှိပေမယ့် စမစ်ရိုက အားလုံးဟန်ချက်ညီနေသူပါ။

ဒါပေမယ့်  ဟေးအန်း  သားလေးက ကံမကောင်းစွာပဲ လက်ရွေးစင် အကျီတော့မဝတ်ရသေးပါဘူး။ ၂၀၁၅ ကနေ ၂၀၂၁ အထိ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ၂၆ ပွဲကစားပြီး ၅ ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။ ကြားကာလမှာ လိုက်ဇစ်နဲ့  ဟက်ဒါစဖီး မှာ အငှားသွားကစားရင်း ကစားသမားဘဝတစ်လျှောက်မှာတော့  ၈၃ ပွဲကစား ၁၄ ဂိုးသွင်းမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသက် ၂၁ နှစ်အရွယ်မှာ အသင်းကြီးတစ်သင်းရဲ့  ကျောနံပါတ် ၁၀ ကိုဝတ်ဆင်ပြီး ခြေစွမ်းပြထားနိုင်တဲ့ စမစ်ရိုရဲ့ အနာဂတ်ကတော့ ဒဏ်ရာ နဲ့ လူနေမှုစရိုက်ဆိုးတွေဝင်မလာရင် ပိုမိုတောက်ပလာဖို့ရှိနေပါတယ်။ ခုချိန်အထိလည်း အရာရာကတော့ တည်ငြိမ်နေတုန်းပါပဲ။

လက်ရွေးစင်မဖြစ်သေးပေမယ့် သူ့အတွက်ဆုတစ်ခုက ပရိတ်သတ်တွေပါပဲ။ သူရွေးမခံရတော့အားလုံးဝိုင်းပြီး ဒေါသထွက်ကြတယ်။ သူကလဲ ပြီးခဲ့တဲ့လတုန်းက  အသင်းကသာ စာချုပ်မယ်ဆိုရင် ကာလအရှည်ကြီးနေသွားချင်တယ်လို့ ပြောထားတာပါ။  အာဆင်နယ်မှာ ထာဝရတောင်နေနိုင်တယ်လို့ထိကိုဆိုခဲ့တာပါ။  ပရိတ်သတ်နဲ့သူနဲ့ကြားက ချိတ်ဆက်မှုကတော့ အရှိန်ရနေပြီးသားပါပဲ။

ပရိတ်သတ်အချို့ကလည်း အခုလိုအရွေးမခံရတာကောင်းတယ်လို့ ‌ပြောကြပါတယ်။ ဇယားထိပ်ကိုပြန်သွားဖို့ကြိုးစားနေရတဲ့အသင်းအတွက် ပိုအာရုံစိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။ တကယ်လဲ လက်ရွေးစင်ကိစ္စကိုလွန်မြောက်ဖို့ အာဆင်နယ်အသင်းရဲ့နိုင်ပွဲဆက်ဖို့ သူက လုပ်အားတွေအများကြီးပါဝင်နိုင်ပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: