နောက်ဆုံးရ အာဆင်နယ် သတင်းများ (4Nov-10am)

** ပွဲထွက်ခွင့်မရလို့ အသင်းကိုပြန်ခေါ်ဖွယ်ရှိတယ်လို့ သတင်းထွက်နေတဲ့  ကစားသမားလေး အဇီး ဟာ  နိုဝင်ဘာလ ၃ ရက်နေ့က ယှဥ်ပြိုင်ကစားခဲ့တဲ့    ချန်တယ်ဟမ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားသွားခဲ့ပြီး နည်းပြရဲ့ချီးကျူးမှုကို လည်းရရှိခဲ့ပါတယ်။  ဆက်လက်ပြီး ပို့စ်မောက်နည်းပြက အာဆင်နယ်အသင်းနဲ့ သူတို့ကြားမှာ အဆင်မပြေတာမရှိပဲဆက်ဆံရေးကောင်းမွန်ကြောင်း ၊ အမြဲမပြတ်ဆွေးနွေးမှုတွေလည်းရှိနေကြောင်းလည်းဆိုခဲ့ပါတယ်။ အာဆင်နယ်ပရိတ်သတ်တွေကတော့ အဇီး ပွဲမထွက်ရလို့ မကျေနပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

** အဆန်ဆီယိုကို အပြိုင်ကမ်းလှမ်းနေတဲ့အသင်းတွေများနေပေမယ့်  စီဘယ်လော့ ၊ အိုဒီဂတ် နဲ့ အိုဇေလ်းတို့လိုကစားသမားတွေရဲ့အပြောင်းအရွှေ့တွေကြောင့်ဆက်ဆံရေးကောင်းတွေရှိထားတဲ့ အာဆင်နယ်က အလေးသာနေတယ်လို့   El Nacional ကဆိုပါတယ်။ စာချုပ် ၁၈ လသာကျန်တော့တာမို့ ရီးရဲဖက်ကလည်း ဝယ်လက်ရှာနေတယ်လို့ ဖော်ပြထားပါသေးတယ်။

** လိဒ်အသင်းကစားသမားဟောင်းလည်းဖြစ် ၊ ဘောလုံးတင်ဆက်သူလဲဖြစ်တဲ့   နိုဝယ်ဝီလန်း က  မန်စီးတီးကစားသမားစတာလင်က အာဆင်နယ်အသင်းကို ထိပ်ဆုံးလေးသင်းဝင်အောင်ကူညီပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။  စတာလင်ကိုခေါ်ယူဖို့အတွက် နာမည်ထွက်နေတဲ့အသင်းတွေထဲမှာ အာဆင်နယ်လဲတောက်လျှောက်ပါဝင်နေခဲ့ပါတယ်။

** အသက် ၂၂ နှစ်အရွယ် လူငယ်နောက်ခံကစားသမားလေး ဒန်နီယယ်ဘဲလတ်ဒ် ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့  Football London  ကဖော်ပြပါတယ်။ အသင်းဖက်က ကစားသမားအနေနဲ့ စာချုပ်မချုပ်ဖြစ်ပဲ လက်လွတ်ရမှာကိုစိုးရိမ်နေပြီး ၊ လူငယ်လေးရဲ့အလားအလာကိုလည်း စောင့်ကြည့်လိုနေတယ်လို့ဆိုပါတယ်။

** အာဆင်နယ်နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ဂျန့်အသင်းတိုက်စစ်မှုးလေး  အိုနူဝါချာကို အပြိုင်စိတ်ဝင်စားနေကြတယ်လို့ Corriere dello Sport က‌ဖော်ပြပါတယ်။ လက်ရှိအသင်းအတွက် ၄၅ ပွဲကစားပြီး ၃၉ ဂိုးသွင်းပေးထားတဲ့တိုက်စစ်မှုးလေးကို  နာပိုလီတိုက်စစ်မှုး အိုဆီမန်လို ထွန်းတောက်လာဖို့ကိုလဲ ဘောလုံးအသိုင်းအဝိုင်းက မျှော်လင့်ချက်ထားနေကြပါတယ်။

** ဘောလုံးကျွမ်းကျင်သူ အေဒရီယန်ကလပ်က   အာဆင်နယ်အသင်းနဲ့ရင်ဆိုင်မယ့် ဝက်ဖို့ဒ်အသင်းမှာ  တောင်ပံလူ ဆားရ် နဲ့  တိုက်စစ်မှုး ကင်း တို့ဟာ အမ်းမရိတ်မှာ ခြေစွမ်းပြသနိုင်ကြလိမ့်မယ်လို့ ကြိုတင်အကဲခတ်လိုက်ပါတယ်။ ရာနီရေးနီအတွက် အရေးပါနေတဲ့ အဆိုပါနှစ်ယောက်စလုံးဟာ လက်ရှိမှာလည်း ခြေစွမ်းပြနေကြတာဖြစ်ပြီး တိုက်စစ်မှုးကင်း ကလည်း မကြာသေးခင်ကမှာဟတ်ထရစ် သွင်းထားနိုင်သူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: