နောက်ထပ်အဆင့်တစ်ခုရောက်ဖို့ ခေါ်ယူသင့်တဲ့ ကစားသမား ၅ ယောက်

ရာသီအစတုန်းက စိုးရိမ်စရာအခြေအနေတွေကိုဖြတ်ကျော်အပြီးမှာတော့ အဆင်နယ်အသင်းဟာ ဇယားအလယ်ပိုင်းမှာရပ်တည်နေပြဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့ တစ်စုံတစ်ရာကို ပြန်လည်မျှော်လင့်နိုင်သယောင်ရှိနေပါတယ်။ ဒါပေမယ့်  ထိပ်တန်းအသင်းကြီးတွေနဲ့ယှဥ်ဖို့ကတော့ ဝေးကွာတဲ့အနေအထားမှာရှိနေပါသေးတယ်။ ဒါဟာ အာတီတာဖော်ဆောင်ရမယ့်နောက်ထပ်လုပ်ငန်းစဥ်တစ်ခုဖြစ်ပါလိမ့်မယ်။ လာမယ့် ဇန်နဝါရီလမှာ အာဆင်နယ်အသင်းနဲ့နာမည်ထွက်နေတဲ့ကစားသမားများစွာရှိနေပါတယ်။ အဲ့ဒီအထဲက အာဆင်နယ်အသင်းကို နောက်ထပ်ပိုမိုမြင့်မားတဲ့အဆင့်ကို ပို့ပေးနိုင်မယ်လို့ ယူဆရတဲ့ ကစားသမား ၅ ယောက်ကို‌ ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

ကဲဗက်လီဝင်

လာကာဇက်ထွက်ခွာမှာဖြစ်လို့  သေချာပေါက်တိုက်စစ်မှုးလိုအပ်နေတဲ့အာဆင်နယ်အတွက် လီဝင် ဟာလိုအပ်ချက်နဲ့ ပြည့်မှီမယ့်တိုက်စစ်မှုးမျိုးပါ။ ပရီးမီးယားလိဂ်နဲ့အဆင်ပြေပြီးသားဖြစ်တဲ့အပြင် အသက် ၂၄ နှစ်သာရှိသေးလို့ တိုးတက်လာစရာတွေအများကြီးရှိပါသေးတယ်။ နောက်ပြီး အသင်းခေါင်းဆောင် အူဘာမီယန် နဲ့လည်းအတွဲအဖက်မိနိုင်သလို သင်ယူခွင့်လဲရှိနေပါသေးတယ်။  လူငယ်တွေကို စာချုပ်နေတဲ့ ဂန်းနားတို့ရဲ့ပေါ်စလီနဲ့လဲ အဆင်ပြေတဲ့သူပေါ့။

ရာဟင်းစတာလင်

အာဆင်နယ်အပါအဝင်အသင်းကြီးတွေနဲ့ချိတ်ဆက်နေတဲ့ စတာလင် ဟာလည်းအသင်းကိုအကျိုးပြုနိုင်ပါလိမ့်မယ်။ သူက အသက် ၂၇ နှစ်ပြည့်တော့မှာဖြစ်ပြီး  စီးတီးနဲ့အတူ သူ့ရဲ့အဆင့်အတန်းကို သက်သေပြပြီးဖြစ်ပါတယ်။ ပွဲထွက်ခွင့်မရရင်ထွက်ခွာမယ့် စတာလင်ဟာ ဆုဖလားတွေနဲ့လည်း ယဥ်ပါးပြီးသားမို့ ၊ ဒီကစားသမားရဲ့အတွေ့အကြုံတွေဟာ အာဆင်နယ်လိုအပ်နေတဲ့ ကွက်လပ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။

ဒွန်နီ ဗန်ဒီဘိခ်

အငြင်းပွားစရာမရှိ အရည်အသွေးမြင့်ကစားသမားတစ်ဦးဖြစ်ပြီး  ယူနိုက်တက်အသင်းဆီမှာ နေရာမရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ဟာ အာဆင်နယ်ရဲ့လိုအပ်ချက်ကို ကောင်းစွာဖြည့်ပေးနိုင်သူဖြစ်ပြီး ၊ ကွင်းလယ်အတွက် ခံစစ်ရော တိုက်စစ်ရောကို ကောင်းမွန်စွာကစားနိုင်သူပါ။  နယ်သာလန်မှာနောက်ဆုံးကစားခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာတုန်းကတော့  ၁၀ ဂိုးသွင်းပြီး ၁၁ ကြိမ်ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။ သူက ပွဲထွက်ခွင့်ပဲလိုနေတာပါ။

ဖလိုရီယန်ဝစ်ဇ်

လီဘာကူဆင်ကွင်းလယ်ကစားသမားလေးဟာ အသက် ၁၈ နှစ်ပဲရှိသေးလို့ ဂန်းနားတို့ရဲ့ အပြောင်းအရွှေ့ပေါ်လစီနဲ့လဲ ကိုက်ညီပါတယ်။  သူသာရောက်လာရင် ဆာကာ ၊ စမစ်ရိုးတို့နဲ့ပေါင်းပြီး ကြောက်စရာ တြိဂံတိုက်စစ်ဖြစ်လာနိုင်ပါတယ်။ နောက်တန်းအားကော င်းစပြုပြီဖြစ်လို့ အနိုင်ပွဲတွေများလာအောင် ဝစ်ဇ်ကိုလည်း ခေါ်ယူသင့်တဲ့ကစားသမားထဲ ထည့်ထားခြင်းဖြစ်ပါတယ်။

ဟူစိန်အာဝါ

တောက်လျှောက်သတင်းကြီးခဲ့ပြီး ရောက်မလာခဲ့တဲ့ကစားသမားဟာ  ပါတေးအပြင် အဆင့်မှီကွင်းလယ်လူလိုအပ်နေတဲ့ ဂန်းနားတို့အတွက် အရေးပါနိုင်ပါတယ်။  ဒီရာသီ ၁၅ကြိမ် ပါဝင်ကစားထားတဲ့ အာဝါကိုလိုချင်ရင် စျေးလဲသိပ်ပေးရဖွယ်မရှိပဲ ချက်ခြင်းလဲအသုံးတည့်သွားနိုင်ပါတယ်။

လက်ရှိမှာ ကွင်းလယ်နဲ့ တိုက်စစ်သမားများစွာတို့ကို စောင့်ကြည့်စာရင်းထဲထည့်ထားတဲ့ အာဆင်နယ်ဆီ ဘယ်သူရောက်လာမလဲ ပြောရခက်သေးပေမယ့် လိုအပ်တဲ့နေရာတွေကို အချိန်ကိုက်ဖြည့်တင်းနိုင်ရင်တော့ ချဲလ်ဆီး ၊ လီဗာပူးနဲ့ မန်စီးတီးအသင်းတွေနဲ့အဆင့်ကွာဟမှုသေချာပေါက်လျော့နည်းသွားမှာဖြစ်ပါတယ်။

ဆောင်းပါးရှင်း  ကဝါမီ ဘိုယေ  ရဲ့  Football London မှာဖော်ပြထားတဲ့ဆောင်းပါးကို မှီငြမ်းထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: