လက်ရွေးစင်အသင်းရဲ့ နောက်ခံအစွန်လူနှစ်ယောက်နေရာအတွက် ဂန္တဝင်နှစ်ယောက် မှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ ခြေစွမ်းပြနေတဲ့ ရီဆီဂျိမ်း နဲ့ လီဗာပူးရဲ့ အာနိုးကို ဘယ်သူ့ကိုပွဲထုတ်သင့်တယ်ဆိုတာ BT Sports မှာ အကျေအလည်ဆွေးနွေးနေကြတာပါ။
ဖာဒီနန်က
ကျွန်တော်တို့အခြေခံပြီးစဥ်စားတဲ့ အရည်အသွေးတွေအရ အာနိုးရဲ့နေရာကို ဂျိမ်းစ်က ယူနိုင်ပြီလို့ ပြောလို့ရပါတယ် .. ဘောလုံးပေးပို့ဖြန့်ဝေမှုတွေ ကစားအားတွေမှာ နှစ်ယောက်စလုံးက ထိပ်တန်းအဆင့်တွေပါ။ ကြီးမားတဲ့စွမ်းဆောင်ရည်တွေကိုယ်စီပိုင်ဆိုင်ထားကြပြီး ဘယ်ခြေညာခြေမရွေးကစားနိုင်တာလဲ အတူတူပါပဲ။ ပွဲကိုဖတ်နိုင်တဲ့အမြင်မှာလဲ အတူတူကောင်းကြပေမယ့် ကြံ့ခိုင်မှုအပိုင်းနဲ့ ပွဲကိုလွှမ်းခြုံသက်ရောက်နိုင်တဲ့ အနေအထားမှာ ထရန့် က နဲနဲလေးပြသနာရှိနေတယ်လို့မြင်တယ်ဗျ။
ထရန့်ဟာ မတူထားခြားတဲ့ကစားသမားပေမယ့် စတီဗင်ဂျာရတ်လို ပုံစံမျိုးပိုရှိနေတယ်ဗျာ (ကစားအားနဲ့လွှမ်းခြုံနိုင်မှုကိုဆိုလို) .. တောင်ပံခံစစ်သမားနေရာအတွက်ကတော့ ဂျိမ်းနဲ့ပိုသင့်တော်တယ်လို့ ပဲပြောရမယ်။ သူက တစ်ပွဲလုံးရဲ့တိုက်စစ်ကစားပုံကိုသက်ရောက်စေတာကိုး။
ယူနိုက်တက် ဂန္တဝင်ကြီးက အဲ့လိုမြင်နေတာပါ။
ဒါပေမယ့် လီဗာပူးကစားသမားအိုဝင်ကတော့ မတူကွဲပြားစွာပဲအမြင်ရှိနေပါတယ်။ သူက ထရစ်ပီယာဖြစ်စေ ဂျိမ်းစ်ဖြစ်စေ နှစ်ယောက်စလုံးဟာ အာနိုး လောက်ကောင်းအောင်မကစားနိုင်သေးဘူးလို့ ယူဆထားတာဖြစ်ပါတယ်။
ထရန့်ဟာ တိုက်စစ်ကိုပါ ကောင်းကောင်းလိုက်နိုင်တယ်ဗျ .. သူရှေ့တက်တဲ့အခါ သူ့နေရာကို ဟန်ဒါဆင်က ဝင်ကာပေးထားနိုင်တယ်။ ဂျိမ်းစ်မှာ တိုက်စစ်မှုးတစ်ယောက်ရဲ့မှတ်တန်းမျိုးရှိနေသလို သူ့မှာကတော့ ဖန်တီးပေးပို့မှုမှတ်တမ်းကောင်းတွေရှိထားတာပါ။
အိုဝင်က တောင်ပံခံစစ်မှာ အာနိုးလိုကစားသမားပါဝင်လာရင် အသင်းကအခွင့်အရေးကောင်းတွေ ပိုရမယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး သူက ရီစီဂျိမ်းစ်ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင် ၊ နိုင်ငံအသင်းကိုပိုပြီးအဆင့်မြင့်မားလာဖို့ဆိုရင်တော့ အာနိုးကို ထည့်သွင်းကစားရမှာဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ ယူရိုဖိုင်နယ် မှာ လက်ရွေးစင်အသင်းကစားပုံကိုတော့ ခံစစ်ကိုအားပြုလွန်းတယ်လို့ ခံစားရကြောင်းပြောပြီး အာနိုးရဲ့အရေးပါမှုကို ပိုပြီးအသုံးချစေချင်နေပါတယ်။
ဒီအငြင်းပွားမှုကတော့ နောက်နှစ်များအထိဆက်ပြီးရှည်ဦးမယ့်သဘောရှိပါတယ်။ အကြောင်းကတော့ ထိပ်တန်းကစားသမားနှစ်ယောက်ဟာ တစ်နေရာထဲကစားနေတာဖြစ်လို့ နိုင်ငံအသင်းနည်းပြတွေ ဦးနှောက်ခြောက်ရဦးမှာပါ။
Leave a Reply