ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးရသတင်းများ (3Nov-4pm)

** ချဲလ်ဆီးအသင်းမှာ လူကာကူရော ဝါနာရော မရှိချိန် ဂျိမ်းစ်က ဂိုးတွေသွင်းပေးနေတာ ထင်ကို မထင်ထားတဲ့အရာ တစ်ခုပါပဲ လို့ ဘောလုံးသုံးသပ်သူ ရီယိုဖာဒီနန်ကဆိုပါတယ်။ အသင်းမှာတိုက်စစ်မှုးတွေမရှိချိန် တသင်းလုံးဂိုးသွင်းပေးနေကြတဲ့အထဲမှာ နောက်ခံလူ ဂျိမ်းစ်လည်းပါဝင်ပါတယ်။ သူက ပုံမှန်ပွဲထွက်ခွင့်တော့ ရရှိမနေသေးပါဘူး။

** အသင်းရဲ့ကစားသမားဟောင်း ဂျိုးကိုးလ်က   အိုဒွိုင်းအနေနဲ့ ဘောလုံးမရချိန် Off Ball   မှာ ပိုပြီးလှုပ်လှုပ်ရှားရှားကစားသင့်ကြောင်း အကြံပြုခဲ့ပြီး ပူလီဆစ်ရဲ့   ပြေးလွှားကစားနိုင်မှုကိုထောက်ပြရင်း အကြံပြုခဲ့ပါတယ်။ ပူလီဆစ်ဟာ လူစားဝင်မိနစ်တွေမှာ ၃-၄ ကြိမ်လောက်အတိုးအလှုပ်နဲ့ကစားခဲ့တာကြောင့် ဂိုးရလုနီးဖြစ်ခဲ့ပြီး အိုဒွိုင်းအနေနဲ့ ပိုမိုကောင်းမွန်လာဖို့အတွက် BT Sport နဲ့တွေ့ဆုံစဥ် ထောက်ပြခဲ့တာပါ။

** ချဲလ်ဆီးအသင်းအနေနဲ့ ယခင်ကာလများကအမှားမျိုးထပ်မမှားအောင် လူငယ်ခြေတက်လေးများကို စာချုပ်သစ်တွေ ချုပ်ဆိုဖို့ပြင်ဆင်နေတယ်လို့  The Athletic က ဖော်ပြလာပါတယ်။ လီဗရာမင်တို  ကို စိန့်တို့ဆီ လက်လွတ်လိုက်ရသလိုမျိုး  ကစားသမားတွေထပ်မဆုံးရှုံးရအောင် ပြင်ဆင်နေပြီး မကြာခင်မှာလည်း လူငယ်လေး ဟာဗေး ကိုစာချုပ်သစ်ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။

** ချန်ပီယံလိဂ် မဲလ်မိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့်  စွမ်းဆောင်ရည်ပုံမှန်ရှိမနေသေးတဲ့အပေါ် ဝန်ခံပြောကြားရင်း ပိုမိုကောင်းမွန်လာအောင်ကြိုးစားသွားမယ့်အကြောင်းကို ဇီယက် က   Chelsea Website သို့ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အမြင့်ဆုံးခြေစွမ်းဟာ ဘယ်အဆင့်ဆိုတာနားလည်ကြောင်းနဲ့  အမြန်ဆုံး ခြေစွမ်းမှန်ပြန်ရဖို့ကြိုးစားနေကြောင်းသူကဆိုပါတယ်။

** ချဲလ်ဆီးခေတ်ပြောင်းရဲ့ ပထမမျိုးဆက်တွေထဲကတစ်ယောက်ဖြစ်တဲ့ အိုင်ယာလန်တောင်ပံကစားသမား ဒေမီယံဒပ် ဟာ စီနီယာနည်းပြဘဝကို အိုင်ယာလန်ကလပ် ရှဲလ်ဘုန်းနဲ့အတူစတင်တော့မှာဖြစ်ပါတယ်။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဒပ်ဖ် ဟာ ချဲလ်ဆီးနဲ့အတူ EPL   ဖလား နှစ်ကြိမ်ရဖူးပြီး  အသင်းနဲ့လည်း ခုချိန်ထိဆက်ဆံရေးတစ်ခုကိုတည်ဆောက်ထားနိုင်ဆဲလို့ဆိုပါတယ်။

** ဟက်ဒါစဖီးအသင်းမှာ အငှားနဲ့ကစားနေတဲ့  အသက် ၁၈ နှစ်အရွယ်ကစားသမာ‌လေး လီဝီကိုဝဲလ် ကို နောက်ထက် ရီစီဂျိမ်းတစ်ယောက်အဖြစ် ပရိတ်သတ်တွေက မျှော်လင့်နေပါတယ်။  အဆိုပါနောက်ခံလူငယ်လေးဟာ သူရဲ့အစွမ်းတွေကို တောက်လျှောက်ပြသနေရင်း ချီးကျူးမှုတွေကိုလည်း ရရှိထားသူပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: