နောက်ဆုံးရ အာဆင်နယ် သတင်းများ (3Nov-10am)

** CaughtOffside  နဲ့သီးသန့်တွေ့ဆုံခန်းမှာ အာဆင်နယ်ဂန္တဝင်ဖြစ်သူ မိုက်ကယ်သောမတ်စ်က စမစ်ရိုရဲ့ လက်ရှိခြေစွမ်းတွေကြောင့်  ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ မက်ဒီဆင်ကို မလိုအပ်တော့ဘူးလိုဆိုလိုက်ပါတယ်။ သူက “ ကျွန်တော်လဲ မက်ဒီဆင်ကို အရမ်းနှစ်သက်ပါတယ် .. ဒါပေမယ့် စမစ်ရိုဆီမှာ ဘောလုံးဖြန့်ဝေတာ ၊ ကိုယ်တိုင်ဆွဲပြေးထိုးဖောက်တာ ၊ ဂိုးသွင်းတာ စတဲ့အရည်အသွေးအတွေအကုန်ရှိနေပါပြီ   လို့ သုံးသပ်ပြောသွားခဲ့ပါတယ်။

** အာဆင်နယ်အသင်းဟာ  ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီယော့ကို အံ့အားသင့်ဖွယ်ခေါ်ယူသွားနိုင်တယ်လို့ The EPL Scout  ကဖော်ပြလိုက်ပါတယ်။ အဆိုပါကစားသမားဟာ နောင်နှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တန်းကုန်မှာဖြစ်လို့ အီတလီကလပ်အနေနဲ့ရာသီကုန်မှာရောင်းချနိုင်ဖွယ်လဲရှိနေပါတယ်။

** ရာသီကုန်မှာအလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်ရမယ့်အစား နှုန်းထားတစ်ခုနဲ့ ဇန်နဝါရီမှာ ကိုလာဆီနစ်ကိုရောင်းချနိုင်ဖို့ အသင်းဖက်ကမျှော်လင့်နေပါတယ်။ လတ်တလောသတင်းများအရ အိုဇေးနဲ့လဲ ကစားသမားခြင်းရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အပြင် ၊ ယခင်ကလည်းဆက်သွယ်ထားဖူးတဲ့ ဖီနာဘာချီတစ်သင်းသာ စိတ်ဝင်စားနေတဲ့သဘောရှိနေပါတယ်။

** တပတ်ပေါင် ၂၈၀၀၀၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲကထွက်ခွာလာတဲ့ ရာမို့စ်နဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့လို့ နည်းစနစ်ဒါရိုက်တာ အီဒူးက ပရိတ်သတ်တွေ ‌ဒေါသထွက်ခဲ့ကြပေမယ့် ၊ ထိုဖြစ်ရပ်ဟာ ကံကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပြီလို့   HITC ကဖော်ပြသွားပါတယ်။   ပီအက်စ်ဂျီအနေနဲ့ကတော့ အမှားတစ်ရပ်ကိုပြုလုပ်ခဲ့မိတာဖြစ်ပြီး စာချုပ်ပြန်ဖျက်သိမ်းဖို့ပြင်ဆင်နေတဲ့သတင်းတွေလဲထွက်နေပါတယ်။

** နောက်ဆုံးကစားပွဲတွေမှာ  ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် နောက်ခံလူ ဆာလီဘာနဲ့ပတ်သတ်တဲ့အနေအထားဟာ ပြောင်းလဲခဲ့ပြီဖြစ်ပြီး ၊ ကစားသမားကလည်း အမ်းမရိတ်မှာတိုက်ပွဲဝင်ဖို့အသင့်ရှိနေပြီလို့ သိရပါတယ်။ အမ်းမရိတ်အပြန်ခရီးအတွက် ဘာသာစကားလည်း သင်ယူနေပြီလို့ သတင်းတွေကဖော်ပြနေပါတယ်။

** နည်းစနစ်ဒါရိုက်တာ အီဒူးဟာ  အာဖရိကဖလားပွဲမှာ လစ်ဟာသွားမယ့်အသင်းရဲ့ကွင်းလယ်အတွက် အငှားလာကစားဖူးတဲ့ စီဘယ်လော့ကို ပြန်လည်ခေါ်ယူဖို့ရှိနေတယ်လို့ သတင်းများစွာကဖော်ပြနေပါတယ်။ အခြားသော ကွင်းလယ်လူများစွာနဲ့သတင်းထွက်နေတုန်း ငွေကုန်ကြေးကျလဲသက်သာနိုင်တဲ့ ရွေးချယ်စရာအဖြစ် စီဘယ်လော့က ပါဝင်လာခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: