အမှားသံသရာလည်နေဆဲအသင်းကို သတိပေးခဲ့တဲ့ လုခ်ရှော

အရှုံးကိုရှောင်လွှဲနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ  အမှားသံသရာလည်နေဆဲမို့  စပါးအသင်းကို ၃ဂိုးပြတ်နိုင်ထားတဲ့ ၊ အတ္တလန္တာကို နောက်ကလိုက်ကစားထားတဲ့ ကစားအားနဲ့စိတ်ဓါတ်တွေကို ဆက်လက်ဆွဲကိုင်ထားကြဖို့  နောက်ခံလူ လုခ်ရှောက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတွင်းအဓိကပြိုင်ဖက် လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ပြီးတဲ့နောက်မှာ  အသင်းနည်းပြအိုလေ လည်းထိုင်ခုံလှုပ်ခတ်ခဲ့ရပေမယ့်  အခွင့်အရေးအချို့ဆက်ရခဲ့ပြီး အသင်းက နိုင်ပွဲပြန်ရခဲ့တာပါ။  ရိုနယ်ဒိုဟာ ချန်ပီယံလိဂ်ပွဲကြပ်မှာ အသင်းကို နှစ်ကြိမ်တိုင်တိုင်ကယ်တင်ခဲ့ပြီး အသင်းရဲ့ Rhythm ကိုထိမ်းညှိပေးနိုင်ခဲ့ပါတယ်။

အသင်းပုံပျက်နေချိန်မှာ ပွဲကြပ်တွေဆက်တိုက်ကစားရမှာဖြစ်ပြီး အနီးဆုံး အခုအပတ် တနဂ်နွေမှာတော့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးနဲ့ကစားရဦးမှာပါ။

အခုပွဲကစားပုံနဲ့စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်သွားရမှာပါ။  စပါးနဲ့ပွဲမှာနိုင်ခဲ့တယ် ၊ အခုပွဲမှာလည်းအမှတ်ခွဲယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ ခေါင်းတွေငိူက်စိုက်ထားရတာအဆင်မပြေပါဘူး။ ကျွန်တော်တို့ အဆင်ပြေနေပြီ ၊  ပြန်လာနေပြီလို့တွေးမရသေးပါဘူး။ ဒီသံသရာကြီးကို ဖြတ်ရပါမယ်။  ကျွန်တော်တို့အများကြီးလုပ်ပြရပါဦးမယ်။ အသင်းက ပုံစံမမှန်သေးပါဘူး။  အကောင်းဆုံးကြိုးစားနေခဲ့ပေမယ့် မလုံလောက်သေးတာနားလည်ပါတယ်။   ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ    beIN SPORTS ကိုပြောခဲ့ပါတယ်။

ဆက်လက်ပြီး မန်ချက်စတာဒါဘီပွဲကိုရည်ညွန်းကာ

လာမယ့်ပွဲစဥ်ဟာ သိပ်ပြီးခက်ခဲပါလိမ့်မယ်။ လုံးဝမလွယ်ကူမယ့်နေ့တစ်နေ့အတွက် ကျွန်တော်တို့အသင့်ဖြစ်နေရပါလိမ့်မယ်  ဆိုပြီးပြောခဲ့ပါသေးတယ်။

ယူနိုက်တက်တို့ဟာ မနှစ်တုန်းက ချန်ပီယံလိဂ်အုပ်စုအဆင့်ကထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သင်ခန်းစာယူပြီးအရှုံးကနေပြန်ဆယ်ယူနိုင်တယ်လို့ သူကဆိုပါတယ်။

အုပ်စုရဲ့အနေအထားရ ဒီတစ်မှတ်ကသိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့လိုအပ်တာကို မရခဲ့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့်  ခုလိုအခြေအနေမှာတော့ တစ်မှတ်ကလည်း တစ်မှတ်ပါပဲ။  ကျွန်တော်တို့ဘာဆက်လုပ်ရမယ်ဆိုတာသိပါတယ်။ နောက်ပိုင်းပွဲအချို့မှာတော့တိုးတက်မှုအနဲငယ်ရှိနေသလို ဆက်လက်လုပ်ဆောင်စရာတွေကိုလည်း ကြိုးစားရမှာပါ။

MUTV နဲ့ တွေ့ဆုံတော့သူက ထပ်ပြီးဖြည့်စွက်ပြောပါသေးတယ်။

မနှစ်က ကျရှုံးခဲ့တာကနေ သင်ခန်းစာယူနိုင်ဖို့လိုပါတယ်။ ဒီလိုအဖြစ်မျိုးနောက်တစ်နှစ်ထပ်ကြုံလို့မရပါဘူး။

အရှုံးကိုရှောင်လွှဲနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု F မှာ တော့ ယူနိုက်တက်တို့ဟာ ထိပ်ဆုံးမှာဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။အဆိုးရွားဆုံးရလဒ်တွေကနေရုန်းထွက်ဖို့ဆိုရင်တော့ ပွဲကြပ်တွေကို အနိုင်ကစားသွားဖို့လိုအပ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: