နစ္စတယ်ရွိင်း သို့မဟုတ် တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစက်တစ်လုံးအကြောင်း

 နွားကြီးလို့ မြန်မာပရိသတ်တွေချစ်စနိုးခေါ်ခဲ့ဖူးတဲ့ တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး နစ္စတယ်ရွိင်းကိုအားလုံး မှတ်မိနေကြဦးမှာပါ။သူ့ရဲ့နာမည်အပြည့်အစုံက Rutgerus Johannes van Nistelrooij ဖြစ်ပြီး မွေးသက္ကရာဇ်ကတော့ ၁၉၇၆ ဂျူလိုင်၁ရက်နေ့ ဖြစ်ပါတယ်။ ဒီနယ်သာလန် သားရဲ့ အချိန်တွေတုန်းကဆိုရင်သူတိုခေတ်ရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲကတစ်ဦး အဖြစ် နာမည်ကြီး ခဲ့တာဖြစ်ပါတယ်။မတူညီတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲသုံးကြိမ်မှာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီးပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။

ရွိင်းကသူ့ရဲ့ကစားသမားဘ၀အစကို FC Den Bosch ဆိုတဲ့အသင်းလေးမှာစတင်ခဲ့ပြီး နောက်တော့ Heerenveen အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူနာမည်စထွက်လာခဲ့တာကတော့ PSV Eindhovenမှာ ဖြစ်ပြီး အသင်းနဲ့ လိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးမှတ်တမ်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက်ကစိတ်၀င်စားခဲ့ပြီး၂၀၀၀ပြည့်နှစ်နွေရာသီမှာသူ့ကိုခေါ်ယူဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် နောက်နှစ်မှသာ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်၁၉သန်းနဲ့မန်ချက်စတာယူနိုက်တက်ဟာနယ်သာလန်တိုက်စစ်မှူးကိုခေါ်ယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာလည်း ရွိင်းဟာအောင်မြင်ခဲ့ပြီး အသင်းနဲ့အတူ Premier Leagueဖလား၊ FAဖလား၊ Football League Cup နဲ့  FA Community Shield တို့ ကိုရခဲ့ပြီး Sir Matt Busby Player of the Year ဆုကိုလည်းနှစ်ကြိမ်ရခဲ့ပါတယ်။

ရွိင်းတစ်ယောက်နယ်သာလန်မြေမှာရှိနေခဲ့တုန်းက ရွိင်းရဲ့ခြေစွမ်းကိုသတိပြုမိခဲ့တဲ့သူတွေက တစ်ဦးဟာ ဖာဂူဟန်ရဲ့သား ဒါရန်ဖြစ်ပြီး ရွိင်းကိုခေါ်မှဖြစ်မယ် … သူကတကယ်ကောင်းတာ ဆိုပြီး သူ့အဖေကိုပြောခဲ့တာ ဖြစ်ပါတယ်။အင်္ဂလန်မြေကိုပြောင်းရွှေ့ လာခဲ့ပြီးနောက် ရွိင်းကသူ့ရဲ့မြင့်မားတဲ့ပြောင်းရွှေ့ကြေးအပေါ် ဖိအားမရှိ ကြောင်း၊သူအနေနဲ့အရင်က ထက်ပိုတောင် ကောင်းလာမှာဖြစ်ကြောင်း သတင်းထောက် တွေကိုပြောခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ ငါးနှစ်စာချုပ်ချုပ်ခဲ့တဲ့ ရွိင်းဟာအပြောနဲ့ အလုပ်တကယ်ပဲညီခဲ့ပြီး သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်သည်အသင်းကို ၃ဂိုး၂ဂိုးနဲ့အနိုင်ရအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ရွိင်းဟာမန်ချက်စတာယူနိုက်တက်အတွက်ပထမဆုံးရာသီမှာ လိဂ်ပွဲ၃၂ပွဲကစားပြီး ၂၃ဂိုးသွင်းခဲ့ ပါတယ်။ ရှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့စံချိန်ကိုလည်းတင်ခဲ့ပြီးချန်ပီယံလိဂ်မှာလည်း ၁၀ဂိုးသွင်းယူနိုင်ခဲ့ တာကြောင့် PFA Player Of the Year ဆုကိုလည်းရခဲ့ပါတယ်။

နောက်ရာသီမှာတော့လိဂ်ပွဲ၃၄ပွဲမှာ၂၅ဂိုးသွင်းယူခဲ့ပါတယ်။အာဆင်နယ်တိုက်စစ်မှူးအွန်နရီကိုကျော်ဖြတ်ပြီး ရွှေဖိနပ်ဆုခဲ့သလို ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်းရခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လည်းကိုးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းသွင်းဂိုးအရေ အတွက်က ၁၂ဂိုးအထိရှိခဲ့ တာကြောင့် UEFAက ချီးမြှင့်တဲ့ဥရောပ အကောင်းဆုံးတိုက်စစ်မှူးဆုကို လည်းရရှိခဲ့ပါတယ်။ ၂၀၀၃-၂၀၀၄ဘောလုံးရာသီမှာ ရွိင်းဟာပထမဆုံးနှစ်ပွဲမှာတင်ပဲ ၂ ဂိုးစီသွင်းခဲ့ပြီး လိဂ်ပွဲ ၁၀ ပွဲ ဆက်တိုက်ဂိုးသွင်းယူခဲ့ပြီးစံချိန်သစ်တစ်ခုတင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့လက်စတာတိုက်စစ်မှူးဂျေမီဗာဒီက၁၁ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့ပြီးသူ့ရဲ့စံချိန်ကိုချိုးခဲ့ပါတယ်။အဲ့ဒီရာသီမှာသူရဲ့ကလပ်အသင်းသွင်းဂိုး ၁၀၀ပြည့် မြောက်ခဲ့ပါတယ်။

 ၂၀၀၄-၂၀၀၅ဘောလုံးရာသီမှာတော့ နယ်သာလန်သားဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရပါတယ်။ဒါပေမယ့်ပါ၀င်ကစားနိုင်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲများမှာဂိုးတွေသွင်းယူနိုင်ခဲ့ပြီး အရင်က Denis Law တင်ထားခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုး၂၈ဂိုးစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။အမှတ်တရအနေနဲ့အဲ့ဒီ့ရာသီမှာပဲ အာဆင်နယ်အသင်းရဲ့၄၉ပွဲဆက်ရှုးပွဲမရှိဖြစ်မယ့်စံချိန်ကိုရပ်တန့်နိုင်ခဲ့ပြီးအဖွင့်ဂိုးကိုပင်နယ်တီကနေသွင်းယူပေးခဲ့ကာပြီးခဲ့တဲ့နှစ်ကအာဆင်နယ်နဲ့ပွဲမှာပင်နယ်တီလွဲချော်မှုကိုလက်စားချေနိုင်ခဲ့ပါတယ်။ဒါပေမယ့်FAဖလားဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ပြန်ရင်ဆိုင်တွေ့ချိန်မှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

၂၀၀၅-၂၀၀၆ရာသီမှာတော့ဒဏ်ရာပြဿနာမရှိပဲအသင်းအတွက်ကစားပေးနိုင်ခဲ့ပြီး လိဂ်ဂိုး၂၁ဂိုး သွင်းကာ အွန်နရီရဲ့နောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒီရာသီမှာ အသင်းရဲ့မန်နေဂျာဖာဂူဆန်နဲ့ ပြဿနာလေးတွေရှိခဲ့တာကြောင့်League Cup Final မှာအရန်ခုံ ထိုင်ခဲ့ရပြီး လိဂ် ပွဲ၆ပွဲဆက်တိုက် ပွဲထွက်ခွင့်ထပ်မံဆုံးရှုးခဲ့ရပါတယ်။ ရာသီကုန်ခါနီးမှာပဲအသင်းမှာ ရွိင်းရဲ့ အနာဂတ်က စတင်လှုပ်ခတ်လာပြီး ပြဿနာတွေရှိလာခဲ့ပါတယ်။ ၂၀၀၆မေလ ၊ အသင်းနဲ့လေ့ကျင့်ရေး အစီအစဉ်မှာ ရော်နယ်ဒိုနဲ့ အချင်းများခဲ့ပါတယ်။ရော်နယ်ဒိုက ဘောလုံးကို အသင်းဖော်တွေဆီ ပေးမယ့်အစား ဘောလုံးကိုင်ထားတာနဲ့ ပတ်သက်ပြီး ရွိင်းက ပြစ်တင်ဆူပူခဲ့ပြီး အဲ့ဒီအချိန်တုန်းကအသင်းရဲ့ပေါ် တူဂီသား လက်ထောက် နည်းပြကားလိုစ်ကွီရော့ဇ်ကို ရည်ညွှန်းပြီး မင်းအဖေဆီသွားငိုပြလိုက်လေ ဆိုပြီးပြောခဲ့ ပါတယ်။ ဒါပေမယ့်လွန်ခဲ့တဲ့ရှစ်လလောက်ကဖခင်ကိုဆုံးရှုးခဲ့ရတဲ့ရော်နယ်ဒိုအတွက်တော့မျက်ရည်တွေကျလောက်အောင်၀မ်းနည်းစရာဖြစ်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ဒီကိစ္စအတွက်ရွိင်းကဖာဂူဆန်ကိုတောင်းပန်ခဲ့ပါတယ်။

၂၀၀၆ဇူလိုင်မှာတော့ နစ္စတယ်ရွိင်းဟာ ရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွှေ့ကြေးပေါင်၁၄သန်းနဲ့ပြောင်းခဲ့ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။စပိန်မြေမှာလည်းရွိင်းဟာခြေစွမ်းပြခဲ့ပြီးရာသီအကုန်မှာ၂၅ဂိုးသွင်းယူကာ Pichichi awardကိုရယူခဲ့သလိုအသင်းကလည်းလာလီဂါချန်ပီယံ ဖြစ်ခဲ့ပါတယ်။ လာလီဂါ ၇ပွဲ ဆက် ဂိုးသွင်းယူခဲ့ပြီး အရင်ကစံချိန်ရှင် ဟူဂိုဆန်းချက်နဲ့ တန်းတူဖြစ်ခဲ့ပါတယ်။

နောက်ရာသီမှာတော့ ၃၃ပွဲကစား ဂိုး ၂၀ သွင်းယူခဲ့ပြီး ၃၄နှစ်အရွယ်ရွိင်းဟာအသင်းနဲ့စာချုပ် သက်တမ်းထပ်တိုးခဲ့ပါတယ်။၂၀၀၈နို၀င်ဘာမှာ ရွိင်းဟာဒူးဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့်၂၀၀၈-၂၀၀၉ဘောလုံးရာသီရဲ့လက်ကျန်ပွဲစဉ်အားလုံးကိုလွဲချော်ခဲ့ရပါတယ်။ဒဏ်ရာတွေရဲ့နှိပ်စက်မှုကြောင့် ရွိင်းဟာ ၂၀၀၈-၂၀၀၉ဘောလုံးရာသီရဲ့လူစာရင်းကလည်း နှုတ်ထွက်ခဲ့ရသလိုသူ့ရဲ့ကျောနံပါတ်ကိုလည်းဒန်နီပါရီဂျိုကို ပေးခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေက ထပ်နှိပ်စက်နေခဲ့တာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ဖြစ်လာပါတယ်။

၂၀၁၀နှစ်စမှာတော့ ရွိင်းဟာ ဂျာမနီကလပ်ဟမ်းဘတ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဟမ်းဘတ်မှာရှိနေစဉ်မှာ ရီးရဲမက်ဒရစ်ကိုကာလတိုစာချုပ် နဲ့ ပြန်လည်ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပါသေးတယ်။ ဒဏ်ရာရနေတဲ့ ဟီဂူအင်ရဲ့နေရာမှာ အစားထိုးဖို့ဖြစ်ပြီးရီးရဲအသင်းManagerမော်ရင်ဟိုကလည်းခေါ်ယူလိုခဲ့သလိုရွိင်းက လည်းပြောင်းရွှေ့လိုခဲ့ပေမယ့်ဟမ်းဘတ်အသင်းကရီးရဲလ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တာကြောင့်အပြောင်းအရွှေ့ကတော့မဖြစ်ခဲ့ပါဘူး။

၂၀၁၁မှာတော့ လာလီဂါကို ‌ပြန်ရောက်လာခဲ့ပြီး ၊ အလွတ်ပြောင်းရွှေ့ကြေးနဲ့မာလာဂါကို ပြောင်းရွှေ့လာ ခဲ့တာဖြစ်ပါတယ်။မာလာဂါဟာ့ရဲ့ကစားသမားဘ၀နောက်ဆုံးကလပ်အသင်းဖြစ်ခဲ့ပြီး၂၀၁၂မေလ မှာတော့ရွိင်းဟာကစားသမားဘ၀ကအနားယူပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ရွိင်းကနိုင်ငံအသင်းအတွက်ကိုယ်စားပြုကစားပြီး၃၅ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နယ်သာလန်နဲ့ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တာမရှိခဲ့ပါဘူး။နိုင်ငံအသင်းနည်းပြတွေရဲ့မျက်နှာသာပေးမှုမရခဲ့တာကြောင့် စိတ်ပျက်ခဲ့ပြီး နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀က အနားယူကြောင်းခဏခဏ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့နိုင်ငံကသူ့ကိုလိုအပ်နေချိန်မှာတော့ ရွိင်းဟာ ပြန်လာခဲ့တာပါပဲ။

ကစားသမားဘ၀ကအနားယူပြီးတဲ့နောက်ရွိင်းဟာနည်းပြဘ၀ထဲ၀င်ရောက်လာခဲ့ပါတယ်။ PSV U17အသင်းနဲ့ အတူအလုပ်သင်နည်းပြဘ၀စတင်ခဲ့ပြီး U17,U19 အသင်းတွေမှာတိုက်စစ်နည်းပြလုပ်ခဲ့ပါတယ်။၂၀၁၄ကမ္ဘာဖလားမှာလည်း နိုင်ငံအသင်းအတွက်လက်ထောက်နည်းပြ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈မှာတော့ PSV U19 အသင်းရဲ့မန်နေဂျာဖြစ်လာခဲ့ပြီး ဒါကသူ့ရဲ့ပထမဆုံးမန်နေဂျာ အတွေ့အကြုံပဲ ဖြစ်ခဲ့ပါတယ်။ မိသားစုဘဝအနေနဲ့တော့ ရွိင်းဟာသူ့ရဲ့ရည်းစားဖြစ်သူ Leontien Slaats နဲ့ ၂၀၀၄ခုနစ်မှာလက်ထပ်ခဲ့ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။

ဒဏ်ရာတွေသာမနှိပ်စက်ခဲ့ရင်ရွိင်းရဲ့ရွှေအိုရောင်ကာလတွေကိုပရိသတ်များဟာပိုပြီးကြာကြာမြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုကြောင့် မန်ယူကနေသူထွက်ခဲ့ရတာဆိုပြီး ပရိသတ်အချို့ကတော့ အခုထိနှမြော နေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ကအိုးထရက်ဖို့ဒ်နဲ့ဘာနေဗြူးတို့မှာ အဆုံးသတ်သိပ်သေချာတဲ့ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် ရွိင်းကိုအမှတ်ရနေကြဆဲပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: