ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (2Nov-10am)

** Mundo Deportivo ရဲ့ဖော်ပြချက်အရ  ချဲလ်ဆီးအသင်းဟာ  ကစားသမားဟောင်း အီဒင်ဟာဇက်ကို ပြန်လည်ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။ လက်ရှိတိုက်စစ်မှာ ဇီယက် ၊ ဝါနာ ၊ အိုဒွိုင်းတို့ရှိနေပေမယ့် ဟာဇက်ကိုလိုအပ်နေတယ်လို့ အသင်းဖက်ကသုံသပ်နေပုံရပါတယ်။ ဟာဇက်ဖက်ကတော့ ပြန်ပြောင်းလာချင်နေတယ်လို့ အဆိုပါသတင်းကဖော်ပြထားပါတယ်။

** နည်းပြတူချယ်က နော့ဝစ်မှာအငှားနဲ့ကစားနေတဲ့ လူငယ်လေး ဘီလီဂေးမားကို ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ အားပေးပြောဆိုလိုက်ပါတယ်။ နည်းပြက ဂေးမားအနေနဲ့ နော့ဝစ်မှာကစားရင်းတိုးတက်လာစရာတွေအများကြီးရှိသေးတယ်လို့ ယုံကြည်နေပါတယ်။

** မဲလ်မိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ မေဆင့်မောင့်ပါဝင်နိုင်ဦးမှာ မဟုတ်ပေမယ့် ပူလီဆစ်ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ချန်ပီယံလိဂ်လူစာရင်းမှာလည်းထည့်ထားကြောင်း တူချယ်က အတည်ပြုလိုက်ပါတယ်။ မေဆင်မောင့်ဟာ ရောဂါကြီးကြီးမားမားမဟုတ်ပဲ သာမာန်အဖျားသာဖြစ်ကြောင်းလည်းထပ်ပြီးပြောကြားခဲ့ပါတယ်။

** အသက် ၁၈ နှစ်အရွယ်လူငယ်ကစားသမားလေး ဟာဗေး ကို တူချယ်က မဲလ်မိုနဲ့ပွဲစဥ်အတွက် ခေါ်ယူထားပါတယ်။ ကွင်းလယ်မှာ ရွေးချယ်စရာကစားသမားတွေရှိနေသေးပေမယ့် အကယ်ဒမီထွက်လေးကိုပွဲထုတ်ဖို့ တူချယ်က စာရင်းထဲ ထည့်ခဲ့တာဖြစ်ပါတယ်။

** ယခုအချိန်မှာ ခြေစွမ်းလဲပြသနိုင်သလို ဂိုးသွင်းစံချိန်လဲရနေတဲ့  ဘန်ချီးဝဲလ်က အသင်းကိုရောက်စတုန်းက သူ့အနေအထားတွေအတွက်တော့ အားမလိုအားမရဖြစ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမား ၂၅ ယောက်လောက်ရှိနေတဲ့အသင်းမှာ အမြဲကြိုးစားနေဖို့လိုပြီး ၊ နေရာအတွက်တိုက်ပွဲဝင်နေရမှာကိုနားလည်ထားကြောင်းလဲ ထည့်သွင်းပြောသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: