နောက်ဆုံးရအာဆင်နယ် သတင်းများ (2Nov-10am)

** BBC ရဲ့ဘောလုံးကျွမ်းကျင်သူ  ဂါ့ ခရွတ် ကဂိုးသမားအာရွန်ရမ်ဆေးရဲ့စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့်ဖြစ်ပြီး ၊ လက်ရွေးစင်အသင်းမှာ ပထမနေရာကိုယူဖို့အသင့်ဖြစ်နေပြီလို့ သုံးသပ်သွားခဲ့ပါတယ်။ မက်ဒီဆင်ရဲ့ ကန်ချက်ကို ချက်ချင်းမှန်ကန်စွာတုန့်ပြန်သွားပုံဟာ အံ့အားသင့်ဖွယ်ရာဖြစ်ကြောင်း ၊ ပစ်ဖို့ဒ်ကိုကောင်းစွာယှဥ်ပြိုင်နိုင်ပြီဖြစ်ကြောင်းပြောဆိုသွားတာဖြစ်ပါတယ်။

** ရီးရဲအသင်းရဲ့တိုက်စစ်မှုး လူကာဂျိုဗစ်ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်တစ်ရပ်နဲ့ ခေါ်ယူဖွယ်ရှိတယ်လို့  သတင်းထောက် အက်ကရင်ကူနော် က ထုတ်ဖော်ပြောလိုက်ပါတယ်။ အဆိုပါ ၂၃ နှစ်အရွယ်တိုက်စစ်မှုးကို လီဗာပူးနည်းပြ ယာကင်ကလော့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့  စပိန်သတင်းစာ Fichajes  ကဖော်ပြထားပါသေးတယ်။ Mundo Deportivo ရဲ့ဖော်ပြချက်အရ  မီလန်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ ဆိုပြန်ပါတယ်။

** မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင် ရီယိုဖာဒီနန်က လက်စတာနဲ့ပွဲအပြီးမှာ စမစ်ရိုနဲ့ ဆာကာတို့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး သူအနှစ်သက်ဆုံးကစားသမား နှစ်ယောက်အဖြစ်ရည်ညွန်းခဲ့ပါတယ်။ တဆက်တည်း အာတီတာ ဟာ အထုတ်ပယ်ခံရဖို့ ရေပန်းစားခဲ့ပေမယ့် တစ်စုံတစ်ရာကို ဖိအားတွေအောက်မှာတည်ငြိမ်စွာအကောင် အထည်ဖော်နေခဲ့တာဖြစ်ကြောင်း ၊ လက်စတာအသင်းအတွက် ဘာမှလုပ်လို့မရတဲ့ပွဲတစ်ပွဲလဲဖြစ်ခဲ့ကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။

** ပြင်သစ်သတင်းစာ L’Equipe ရဲ့အဆိုအရ နည်းစနစ်ဒါရိုက်တာအီဒူးဟာ ဆာလီဘာကိုလုံးဝလက်လွတ်ခံဖို့အစီအစဥ်မရှိကြောင်း ၊ ဆာလီဘာရဲ့တိုးတက်မှုတွေကို ပုံမှန်စောင့်ကြည့်နေ‌တာဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

** မရိုးနိုင်တဲ့ဇာတ်လမ်းတွေဖြစ်ပေမယ့် ဘက်တစ်ပလေယာ ဂီဒို ရိုဒရီဂွတ်စ် နဲ့ပတ်သတ်ပြီး ထပ်မံဖော်ပြချက်တွေရှိလာပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် အဆိုပါကွင်းလယ်လူကို ဝက်စ်ဟမ်းအသင်းနဲ့အပြိုင် ပေါင်းသန် ၃၀ ပေးဖို့ရှိနေတယ်လို့ စပိန်သတင်းစာ Fichajes  ကဖော်ပြသွားပါတယ်။

** လီဗာပူးအသင်းကထွက်ခွာဖို့နီးစပ်ခဲ့စဥ်က အာဆင်နယ်အသင်းကိုပြောင်းရွေ့လိုစိတ်ရှိခဲ့ကြောင်း  ဥရုဂွေးတိုက်စစ်မှုးကြီး ဆွာရက်စ်က ပြန်ပြောင်းပြောဆိုလိုက်ပါတယ်။ ထိုအချိန်က အသင်းဟာ ဥ‌‌ရောပအဆင့်မှာနှစ်စဥ်ကစားနေရတာကလည်းအချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: