ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (1Nov-11am)

** စပိန်သတင်းစာ  Fichajes  ရဲ့ဖော်ပြချက်အရ   နောက်တန်းအားနဲနေတဲ့  ဂျူဗင်တပ်စ်အသင်းဟာ နောက်ခံလူ ခရစ်စတန်ဆန်ကို ရာသီကုန်မှာခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။ လက်ရှိစာချုပ်သစ်ဆွေးနွေးဆဲနောက်ခံလူဟာ အကယ်လို့သာ သက်တန်းမတိုးနိုင်ခဲ့ပါက အလွတ်နဲ့ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။

** နည်းပြတူချယ်နာမည်ပါဝင်တဲ့ သီချင်းအသစ်တစ်ပုဒ်ကို သီဆိုခဲ့ကြတဲ့ပရိတ်သတ်တွေအတွက် ကျေးဇူးတင်ကြောင်းနဲ့  သီဆိုစဥ်မှာ သတိမမူမိခဲ့တာအတွက် တောင်းပန်ကြောင်း တူချယ်က ပြောလိုက်ပါတယ်။ ဥရောပအောင်မြင်မှုတွေကိုပါရည်ညွန်းထည့်သွင်းထားတဲ့သီချင်းကို ပရိသတ်သတ်တွေဟာ စိန့်ဂျန်းပတ်ကို လိုက်အားပေးစဥ်က သီဆိုခဲ့ကြတာပါ။ သီချင်းကိုပါ တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။

** အသင်းအများစုက လိုချင်နေသလို ချဲလ်ဆီးကလည်း စာချုပ်သစ်ချုပ်ဖို့ကြိုးစားနေတဲ့ ရူဒီဂါကိုလိုချင်တဲ့အသင်းတွေထဲမှာ ရီးရဲမက်ဒရစ်လဲ  ပါဝင်လာပြီလို့ သိရပါတယ်။ အဆိုပါနောက်ခံလူဟာ လက်ရှိ တူချယ်ရဲ့ အသင်းမှာလည်းအလွန်အဓိကကျသူဖြစ်နေပါတယ်။

** ဘောလုံးဝေဖန်သူတွေဖြစ်ကြတဲ့ ရှီးယားနဲ့ ရိုက်တို့က  ချဲလ်ဆီးလူငယ်လေး ဂယ်လက်ဂါကို အထူးချီးမွန်းနေပြီး  ၊ အသင်းပရိတ်သတ်တွေကလည်း ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူလိုနေတယ်လို့ ဖော်ပြနေကြပါတယ်။ ဂယ်လက်ဂါ ရဲ့တန်ကြေးဟာလည်း   ပေါင် ၆၅ သန်းအထိမြင့်တက်နေခဲ့ပြီဖြစ်ပါတယ်။ လတ်တလောမှာတော့  ချဲလ်ဆီးရဲ့လူငယ်လေးဟာ ပဲလေ့စ်နည်းပြ ဗီအဲရာ ရဲ့အစီအစဥ်တွေထဲမှာ အဓိက ကျလျှက်ရှိပြီး စီးတီးကို အနိုင်ရတဲ့ပွဲမှာလည်း အထူးအစွမ်းပြသွားခဲ့ပါတယ်။

** အမျိုးသမီး FA Cup  ဖိုင်နယ်မှာ  ချဲလ်ဆီးအသင်းဟာ  အာဆင်နယ်အသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ လန်ဒန်သူတွေဟာ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ မန်စီးတီးအမျိုးသမီးအသင်းကို  ၃-၀ နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

** နယူးကာဆယ်နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့  နောက်ခံလူ ဂျိမ်းစ်က သူ့ရဲ့ဂိုးတွေနဲ့ပတ်သတ်ပြီး ခုလိုပြောခဲ့ပါတယ်။

“ ပထမဂိုးကအတော်ခက်တယ်ဗျ .. မသန်တဲ့ခြေထောက်နဲ့ကန်ပြီး လှလှပပသွင်းနိုင်ခဲ့တာ ,, ဒုတိယဂိုးကတော့ လူမရှိတဲ့အနေအထားကနေသွင်းသွားခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ် “ လို့    ပြောသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: