နောက်ဆုံးရ အာဆင်နယ် သတင်းများ (1Nov-9am)

** Mirror သတင်းဌာနက မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိ ဟာ အာဆင်နယ်လိုအပ်နေတဲ့ ကွင်းလယ်တစ်နေရာအတွက် သင့်တော်တဲ့   ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြသွားပါတယ်။ ဗန်ဒီဘိ ဟာ သူ့ရဲ့အေးဂျင့်ဟောင်းနဲ့လက်တွဲဖြုတ်ပြီး   အလီဒါဆင် နဲ့ စတင်လက်တွဲကာ အသင်းသစ်ကိုရှာဖွေသွားဖွယ်ရှိနေပါတယ်။ ရှာခါဒဏ်ရာရနေတာအပြင် အာဖရိက ဖလားပွဲအနေအထာကြောင့် ကွင်းလယ်လူလိုအပ်နေတဲ့အသင်းအတွက် ဘိုချန် ကွင်းလယ်လူ ဇာကာရီယာ အပါအဝင်များစွာကို စောင့်ကြည့်နေစဥ်မှာ ဗန်ဒီဘိနဲ့ ပတ်သတ်ပြီးရေးသားမှုအချို့ရှိလာတာဖြစ်ပါတယ်။

** အာဆင်နယ် စောင့်ကြည့်နေတဲ့ ဘက်တစ်ကွင်းလယ်လူ  ဂီဒို ရိုဒရီဂွတ်  ကို ဝက်စ်ဟမ်းအသင်းကကြားဖြတ်ခေါ်ယူသွားဖွယ်ရှိကြောင်း  The Weasle ကဖော်ပြသွားပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် လန်ဒန်ပြိုင်ဖက်ဟာ ပေါင်သန်း ၃၀ ပေးချေဖို့လဲ အဆင်ပြေတယ်လို့ ဆိုပါတယ်။

Advertisements

** စပိန်သတင်းစာအချို့ရဲ့ဖော်ပြချက်အရ  အာတီတာဟာ အသင်းမှာအငှားလာကစားဖူးတဲ့ စီဘယ်လော့ကိုပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း သိရပါတယ်။ သတင်းဟာအတည်မပြုနိုင်သေးပေမယ့် အကယ်၍သာ အာဆင်နယ်အနေနဲ့ကြိုးစားမယ်ဆိုရင်  ဘက်တစ် နဲ့ ဂျူဗီတို့ကိုယှဥ်ပြိုင်ရဖို့ရှိနေပါတယ်။

** စပိန်သတင်းစာ  Fichajes ရဲ့ဖော်ပြချက်အရ အာတီတာဟာ ဘက်တစ်ကွင်းလယ်လူ ဝီလျှံကာဗယ်ဟိုကိုခေါ်ယူဖို့ အလေးအနက်ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာပါတယ်။ အဆိုပါပေါ်တူဂီသားကိုစောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေဟာ မကြာမကြာထွက်ပေါ်နေတာဖြစ်ပြီး အခုထပ်မံဖော်ပြလာတာပါ။ ကစားသမားဟာ အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး စပိန်မြေမှာ အလှည့်ကျပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။

** Football Insider  ရဲ့  Russel Edge  က လူငယ်တိုက်စစ်မှုးလေး အန်ကတ်တီယာအနေနဲ့ ပဲလေ့စ်အသင်းကိုပြောင်းရွှေ့ပါက အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်းပြောင်းရွှေ့ချင်နေတယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။  နည်းပြအာတီတာကလည်း ကစားသမားလေးကို အသင်းမှာဆက်ရှိနေစေချင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: