လုပ်ငန်းစဥ်‌တွေ ဘယ်လိုရှိနေပြီလဲ အာတီတာ

အာဆင်နယ်ပရိတ်သတ်တစ်ယောက်ကို EPL ပထမဆုံး ၃  ပွဲအပြီးမှာ ” နိုဝင်ဘာလလောက်မှာ အသင်းက ဘာဖြစ်နေမလဲ ” လို့မေးရင် အဖြေပေါင်းစုံရှိနိုင်မှာပါ။ ဒါပေမယ့် ၉ ပွဲဆက်ရှုံးပွဲမရှိအောင်ကစားထားနိုင်မယ်ဆိုတဲ့အဖြေကတော့ လွန်စွာမှကိုရှားပါလိမ့်မယ်။ ရှိမယ်တောင်မထင်ပါဘူး။ ဒါပေမယ့်အခုတော့တကယ်ဖြစ်လာခဲ့ပါပြီ။

ဒါဟာ လုပ်ငန်းစဥ်ပါပဲ   .. နည်းပြအာတီတာကဆိုပါတယ်။

ဆက်ပြီးသူက

ပုံစံတစ်ခုကိုအထိုင်ချတယ် ၊ လေ့ကျင့်ရေးမှာအကြိမ်ကြိမ်ပုံဖော်တယ်။ နောက်ပြီးကွင်းထဲမှာပုံဖော်တယ်။ ကျွန်တော်တို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကနေရလဒ်တွေဖြစ်လာပါတယ် , ကျွန်တော်တို့အားလုံးတကယ်ကြိုးစားခဲ့ကြပါတယ် .. ဒါပေမယ့် ဆက်ပြီးလုပ်ဆောင်စရာတွေအများကြီးရှိပါသေးတယ် .. ကျွန်တော်တို့ ဘာမှဖြစ်မလာသေးပါဘူး  

လို့ ထိမ်းထိမ်းသိမ်းသိမ်းဖြေပါတယ်။ ဒါပေမယ့် သူတို့အားလုံးတက်ကြွနေတာသိသာပါတယ်။

အူဘာမီယန်ဟာ သိသိသာသာပုံစံပြောင်းသွားခဲ့တယ်။ ဒီပုံစံသစ်ကို ပိုကြိုက်တယ်လို့ အာတီတာကလည်းဆိုပါတယ်။ နိုင်လိုစိတ်ပြင်းလာတယ်။ ပိုပြီး Pressing မှာပါဝင်လာတယ်။ အသင်းရဲ့တိုးတက်လာမှုမှာလူငယ်လေးတွေကို အသိအမှတ်ပြုရမှာဖြစ်သလို အရင်ရာသီတွေမှာ ပုံစံသိပ်မကောင်းလှတဲ့ စီနီယာတွေကို   အသစ်တဖန်မွေးဖွားစေနိုင်တဲ့ အာတီတာကိုလည်းချီးကျူးရမှာပါ။

ကွင်းလယ်က ပါတေးရဲ့ ဒဏ်ရာကင်းစင်နေမှု ၊ နောက်ပြီး ဆမ်ဘီအပါအဝင်အသစ်ခေါ်ယူထားတဲ့ကစားသမားတွေရဲ့ ထင်ထားတာထက်ပိုပြီး အစွမ်းပြနေမှုတွေ ၊ ဟေးအန်းထွက်ကုန်လေးတွေရဲ့ ကမ္ဘာ့အဆင့်တင်ဆက်မှုတွေက ဒီနေ့ အာဆင်နယ်ကို  အဓိကအသက်သွင်းသွားခဲ့တာပါ။

ဘန်ဝှိုက် ၊ တိုမီယာစုတို့ရဲ့ အနေအထားတွေကို စောဒကတက်ခဲ့ကြတဲ့ပရိတ်သတ်တွေ ၊ အထူးသဖြင့် ဆိုးဆိုးရွားရွားဝေဖန်ခံခဲ့ရတဲ့ ဂိုးသမားရမ်းစ်ဒေးလ်တို့ရဲ့လက်စွမ်းတွေကြောင့်  Panic Buying လို့ခေါင်းစဥ်တပ်ခံခဲ့ရတဲ့ အီဒူးရဲ့လူခေါ်မှုတွေကို ဝေဖန်သံတွေတိတ်သွားခဲ့ပြီဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးနှိမ့်နှိမ့်ချချနေထိုင်ပြီး ဆက်လက်ကြိုးစားရပါမယ် ..  တိုးတက်ဖို့အများကြီးလိုပါသေးတယ်။ တစ်ပွဲခြင်းစီကို အာရုံစိုက်ပြီး ရလဒ်ကောင်းတွေဖော်ဆောင်ရပါမယ်  .. လို့  Mirror နဲ့အင်တာဗျုးကို သူကအဆုံးသတ်ပါတယ်။

လာမယ့်ကာလတွေမှာ မှတ်ကျောက်တင်ခံရမယ့် ပွဲကြီးတွေဆက်တိုက်လာနေပါတယ်။ အာဆင်နယ်အသင်းဘယ်လောက်ထိခရီးပေါက်မလဲကတော့စောင့်ကြည့်ရမယ်ဆိုပေမယ့် တိုးတက်မှုကတော့မျက်မြင်ကိုယ်တွေ့ပါပဲ။

စိန်ခေါ်မှုကတော့ တိုက်စစ်မှုးသစ်ခေါ်ယူဖို့ပါပဲ။ နိုအာလန်း လိုတက်သစ်စကစပြီး ဝါရင့်တွေအထိစာရင်းထဲမှာရှိနေပါတယ်။ တဖက်ကလည်း လာကာဇက်ကိုက လက်လွတ်ရဖို့ရှိနေပြီ။ အာတီတာတို့ လူသစ်ခေါ်မလား ၊ အန်ကတ်တီယာတို့လို ကစားသမားတွေနဲ့ စွန့်စားမလားဆိုတာကတော့ ပြောရခက်ပါသေးတယ်။ အန်ကတ်တီယာကတော့ ပွဲထွက်ခွင့်အသဲအသန်လိုချင်နေပါတယ်။ နောက်ထပ် မာတင်နယ်လီရဲ့အလားအလာ။ ဒီကောင်လေးဘယ်လောက်ထိဖြစ်မလဲ။ တိုက်စစ်မှုးကိစ္စကတော့ပြောရခက်ပါသေးတယ်။

အီဒူးကလည်း ကစားသမားရောင်းချဖို့ကို အဓိကအာရုံစိုက်နေပုံပါပဲ။ လူခေါ်ဖို့ကတော့ ရောင်းပြီးမှစီစဥ်မယ်လို့ ယူဆရပါတယ်။ လောလောဆယ်တော့ အယ်နီနီတစ်ယောက်ကတော့ သတင်းတွေအရ ဝယ်လက်တွေ့နေပြီဖြစ်ပါတယ်။ လစာလျော့သွားတာရယ် ၊ ရောင်းရငွေတွေရယ်ပေါင်းရင်တော့ ကစားသမားကောင်းတစ်ယောက်လောက်ထပ်ရနိုင်ပါတယ်။

အာဆင်နယ်ကို အသေးစိတ်သုံးသပ်ကြည့်ရင် ၉ ပွဲလောက်မရှုံးတာနဲ့ အဆင်ပြေနေပြီတော့ပြောမရ‌သေး။ အီဒူးနဲ့ အာတီတာမှာ လုပ်စရာတွေတပုံတပင်ရှိနေသေးတယ်။ တိုးတက်လာတယ်ဆိုရုံနဲ့တော့ လုပ်ငန်းစဥ်ကြီး အလုပ်ဖြစ်တယ်ဆိုရင် လက်တွေ့မကျ။

သို့သော် ..

အသင်းဟာ ကျန်တဲ့ပွဲစဥ်တွေမှာ ဆက်လက်တိုးတက်သည်ဖြစ်စေ ကျဆင်းသည်ဖြစ်စေ  တီယာနေလဲကျနေတာကို ရူဘင်ဒီယက်ဇ်တို့က ငုံကြည့်ပြီး လှောင်ခံရတဲ့ အာဆင်နယ်ဆိုတဲ့ပုံရိပ်တွေကတော့ ဒီလူငယ်တသိုက်နဲ့ ကောင်းမွန်စွာခရီးနှင်နေသေးသ၍ ပြန်မြင်ရစရာမရှိတော့လို့  ပရိတ်သတ်တွေ ယုံကြည်လိုက်သင့်ပြီဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်တို့တသိုက်ရဲ့ပြင်းအားက အသင်းမှာ နှစ်များစွာလိုအပ်ချက်ဖြစ်ခဲ့တဲ့ Passionate   မဖြစ်ခြင်းကို လှန်ချလိုက်ခဲ့ပြီးပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: