နောက်ဆုံးရအာဆင်နယ်သတင်းများ (31Oct-10am)

** အသင်းရဲ့ အဓိကနောက်ခံလူ ကီယန်တီယာနေ ရဲ့ ဒဏ်ရာဟာ သက်သာလာခြင်းမရှိသေးလို ၊ လမ်းကောင်းကောင်းမလျှောက်နိုင်သေးတာကြောင့် စိုးရိမ်နေရကြောင်းနည်းပြအာတီတာကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲကစလို့ အသင်းနဲ့လွဲချော်နေတဲ့ စ‌ကော့တလန်သားဟာ ဘယ်အချိန်မှအသင်းအတွက်ပြန်ကစားနိုင်မယ်လို့ အတိအကျမပြောနိုင်သေးဘူးလို့လဲဆိုပါတယ်။

** အာဆင်နယ်ပရိတ်သတ်တွေဟာ သူတို့ရဲ့တိုက်စစ်မှုး အူဘာမီယန်ကို ကျူးလွန်တဲ့  ဂျော်နီအီဗန်စ်ရဲ့  ကစားပုံနဲ့ ၊ ပဲလေ့စ်နဲ့ပွဲမှာ ဇာဟာကိုဆွဲလှဲခဲ့တဲ့ လာပေါ်တေရဲ့ တူညီတဲ့လုပ်ရပ်တွေအပေါ်မှာ မတူညီတဲ့ ဒိုင်တွေရဲ့တုန့်ပြန်မှုကို နှိုင်းယှဥ်ပြောကြားနေခဲ့ပါတယ်။  အီဗန်စ်ဟာ အဝါကတ်တောင်အပြမခံခဲ့ရပေမယ့် လာပေါ်တေကတော့ အနီကတ်ထိသွားခဲ့ပါတယ်။

** အာဆင်နယ်အသင်းဟာ နာပိုလီကွင်းလယ်ဖန်တီးရှင်  ဖေဘီယန်ရုဇ် ကိုစိတ်ဝင်စားနေတယ်လို့  Football London ကဖော်ပြပါတယ်။ အဆိုပါ အသက် ၂၅ နှစ်သားဟာ ရီးရဲ ဘာကာတို့နဲ့လည်း ချိတ်ဆက်ဖူးပြီး ၊ နာပိုလီတို့အတွက်  ၁၃၇ ပွဲမှာ ၁၇ ဂိုးသွင်း ၊ ၁၂ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

** အာဆင်နယ်အသင်းဟာ အဘားဒင်းနောက်ခံလူ အသက် ၁၈ နှစ်အရွယ် စကော့တလန်ကစားသမားလေး  ကယ်ဗင်ရမ်ဆေး ကို မန်ယူ ၊ ဗီလာတို့နဲ့အပြိုင်စိတ်ဝင်စားနေတယ်လို့   Gif football show ကဖော်ပြပါတယ်။ အဆိုပါကစားသမားလေးဟာ  ဒီရာသီ စကော့တလန်လိဂ်မှာ ၈ ကြိမ်ပွဲထွက်ပြီးပြီလဲဖြစ်ပါတယ်။

** မက်ဒီဆင်ရဲ့အကောင်းစားဖရီးကစ်ကို ရမ်းစ်ဒေးလ်ရဲ့ ပုတ်ထုတ်ကာကွယ်သွားတာအပေါ် အားလုံးကအံ့အားသင့်ခဲ့ရသလို  မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဖြစ်သူ ဂိုးသမားကြီး ရှမိုက်ကယ်ကလည်း  ခုနှစ်ပိုင်းတွေထဲမှာ အကောင်းဆုံးသော ဂိုးပေါက်ကာကွယ်မှုအဖြစ်တင်စားပြောဆိုသွားခဲ့ပါတယ်။  ရမ်းစ်ဒေးလ်ဟာ ထိုပွဲမှာ အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။

** တိုက်စစ်မှုးလာကာဇက်ဟာ အသင်းကထွက်ခွာဖို့ အခိုင်အမာဆုံးဖြတ်ပြီးခဲ့ပြီဖြစ်ပြီး ၊ အက်သလက်တီကိုအသင်းဖော် ဂရစ်မန်းနဲ့ အတူတူပြန်ကစားလိုနေတယ်လို့  Daily Canon သတင်းဌာနကလည်းဖော်ပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့လည်း ကစားသမားရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ရာသီကုန်မှာအလွတ်နဲ့ပြောင်းခွင့်ပေးမယ်လို့လည်းသိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: