ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (30Oct-3pm)

** ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါက သူ့အနေနဲ့ အသင်းမှာပျော်ရွင်နေကြောင်း ၊ စာချုပ်သစ်ကိစ္စဟာ အသင်းနဲ့ သူ့ရဲ့အေးဂျင့်ကြားမှဆွေးနွေးနေကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက “ ကျွန်တော်ဒီမှာပျော်နေပါတယ်။ ဒါကအရေးအကြီးဆုံးပါပဲ။ အားလုံးလဲ ကျွန်တော်အဆင်ပြေတာကို အမြင်ပဲဖြစ်မှာပါ။ စာချုပ်နဲ့ပတ်သတ်လို့ ကတော့ အရင်ကပြောခဲ့သလို ဆွေးနွေးစရာရှိတာက သူ့အချိန်နဲ့သူဆွေးနွေးနေကြတာပါ”  လို့ The Guardian ကိုထုတ်ဖော်ပြောသွားခဲ့ပါတယ်။

** ကွင်းလယ်လူဂျော်ဂျင်ဟိုသာ ဘလွန်းဒီအော ဆုအတွက် သူ့ကိုယ်သူမဲမပေးဘူးဆိုရင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကိုသာပေးမှာဖြစ်ကြောင်း  ESPN Brasil ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယခုနှစ်ပိုင်းတွေမှာ ဒီဘရိုင်းလုပ်ဆောင်ခဲ့တာတွေဟာ အလွန်လှပကောင်းမွန်ကြောင်းထုတ်ဖော်ချီးကျူးသွားခဲ့တာပါ။

** ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ မိုနာကိုကွင်းလယ်လူ ချူမာနီကို  လီဗားပူးအသင်းအပြင် စပါးကပါခေါ်ယူဖို့ကြိုးပမ်းလာနေတယ်လို့  Calcio Mercato  သတင်းဌာနကဖော်ပြသွားပါတယ်။ ဒါ့အပြင်အသင်းကစားသမားဟေား ဖာဘရီဂတ်စ်ကလည်း ပြင်သစ်ကွင်းလယ်လူကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

** မန်ချက်စတာစီးတီးအသင်းဟာ ထွက်ခွာသွားတဲ့ အဂူရိုနေရာအစားထိုးဖို့   တိုက်စစ်မှုးလူကာကူကို ချဲလ်ဆီးကမခေါ်ယူနိုင်ခင်မှာ အပြင်းအထန်ကြိုးစားခဲ့ကြောင်း လူကာကူရဲ့အေးဂျင့်ဖြစ်သူက Telegraph ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

** နာမည်ကျော် တင်ဆက်သူ လော်ရိုးနဲ့ ပေါလ်မာဆင်တို့အပါအဝင် ခန့်မှန်းသူအများစုဟာ ချဲလ်ဆီးအသင်းကို နယူးကာဆယ်အနေနဲ့ အနိုင်ရဖို့မဖြစ်နိုင်ကြောင်း တညီတညွတ်ထဲသုံးသပ်ထားကြပါတယ်။

** အသင်းရဲ့နောက်ခံလူဟောင်း အက်ရှ်လေကိုးနည်းပြနေတဲ့    U -17 အသင်းအတွက် နိုင်ဂျီးရီးယားလူငယ်ကစားသမားလေးနှစ်ယောက်ဖြစ်တဲ့ ဒဲရစ်အဘူး နဲ့ မန်ဒယ်အီဒိုဝူး တို့ဟာ ဂိုးတွေသွင်းပေးခဲ့ကြတယ်လို့   Chelsea Official Website ကဖော်ပြသွားပါတယ်။ အဆိုပါပွဲမှာ  ချဲလ်ဆီးလူငယ် အသင်းဟာ ရီးဒင်းနဲ့ ၃ဂိုးစီသရေကျခဲ့ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: