နောက်ဆုံးရ အာဆင်နယ် သတင်းများ (30Oct-11am)

** Sporx ရဲ့ဖော်ပြချက်အရ ကွင်းလယ်လူအယ်နီနီဟာ ဂါလာတာစာရေးအသင်းကို ဇန်နဝါရီမှာပြောင်း‌ရွှေ့ဖို့အတွက် အသင်းနဲ့ပါသဘောတူခဲ့ပြီလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးကိုဖော်ပြထားခြင်းမရှိပေမယ့် အနဲဆုံး တစ်ပတ် ပေါင် ၅၀၀၀၀ ပေးချေရခြင်းကနေတော့ သက်သာသွားခဲ့ပြီလို့လဲ သုံးသပ်ဖော်ပြသွားခဲ့ပါတယ်။

** စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရတော့ လာကာဇက်ဟာ အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလို့ဆိုပြီး ၊  အက်သလက်တီကိုမက်ဒရစ်ဖက်က ကစားသမားအပေါ် လေးလေးနက်နက် စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လတ်တလောခြေစွမ်းပြန်တက်လာတဲ့ အနေအထားအရ ဆက်ရှိနေမယ်လို့ ထင်ကြေးပေးနေကြပေမယ့်  အခုလိုပြောင်းရွှေ့မယ့်သတင်းတွေထပ်မံထွက် ပေါ်လာတာဖြစ်ပါတယ်။

** နည်းပြအာဆင်နယ်က  ဘယ်နောက်ခံလူ တာဗာရက်စ်အနေနဲ့  လက်စတာအသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ခြေစွမ်းတွေကိုလည်း ချီးကျူးရင်း ဒဏ်ရာအခြေအနေလဲတိုးတက်ကြောင်း ပြောဆိုခဲ့တာပါ။

** အာဆင်နယ်အသင်းမှာကစားဖို့က အိမ်မက်ဖြစ်ကြောင်း ဝန်ခံပြောဖူးတဲ့ လိုင်လီတိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေက တိုက်တွန်းနေကြောင်း HITC ကဖော်ပြသွားပါတယ်။ အဆိုပါ အသက် ၂၁ နှစ်အရွယ် ကနေဒါတိုက်စစ်မှုးလေးဟာ ပြင်သစ်လိဂ်မှာ ၁၂ ပွဲကစားပြီး ၈ ဂိုးသွင်းပေးထားပါတယ်။

** Calcio Mercato ရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ အန်ကတ်တီယာကို စာချုပ်သစ်ကမ်းလှမ်းထားပြီလို့သိရပေမယ့် ကစားသမားက  နည်းပြဆီက ပွဲထွက်ခွင့်နဲ့ပတ်သတ်ပြီး အာမခံချက်တစ်ခုလိုချင်နေတယ်လို့ ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ် ခြံပေါက်တိုက်စစ်မှုးလေးဟာ လတ်တလောခြေစွမ်းပြနေပြီး လာမယ့်ရာသီမှာအလွတ်ပြောင်းနိုင်ခွင့်လဲရှိနေသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: