ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (29Oct-2pm)

** ပဲလေ့စ်အသင်းကို အငှားသွားကစားနေတဲ့ ချဲလ်ဆီးလူငယ် ကော်နာဂယ်လက်ဂါ ရဲ့ခြေစွမ်းကို  ဘောလုံးဝေဖန်သူ အာဆင်နယ်ဂန္တဝင် အီယန်ရိုက်က ချီးကျူးပြောဆိုလိုက်ပြီး  အသင်းအနေနဲ့ဆက်ပြီး မျက်နှာလွှဲမထားဖို့ တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ၂၁ နှစ်အရွယ်ကွင်းလယ်လူဟာ ဗီအဲရားလက်အောက်မှာ ၂ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

** နည်းပြတူချယ်ဟာ ရာသီဝက်မှာ တိုက်စစ်မှုးတစ်ယောက်ထပ်မံခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း Daily Express ရဲ့   Podcast အစီအစဥ်က ပြောဆိုသွားပါတယ်။ လူကာကူရဲ့နောက်ပိုင်းပွဲတွေမှာခြေစွမ်းယိမ်းယိုင်မှု ၊ ဝါနာရဲ့ ခြေမမှန်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

** နာမည်ကျော်အပြောင်းအရွှေ့သတင်းထောက် ဖေဘရီဇီယိုရိုမာနိုက  လီဗာပူးအသင်းရဲ့ ရူဒီဂါကို ကမ်းလှမ်းဖို့ စိတ်ဝင်စားနေမှုဟာ စာချူပ်သစ်တို့းဖို့ကြိုးစားနေတဲ့ ချဲလ်ဆီးအတွက် တကယ့်အကြပ်အတည်းတစ်ရပ်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ Transfer MKT ရဲ့ဖော်ပြချက်အရ ကစားသမားတန်ကြေးက ပေါင် ၃၁.၅ သန်းလို့ဆိုပါတယ်။

Advertisements

** ဘာစီလိုနာနည်းပြအပြောင်းအလဲဟာ  ဆီးဗီးလားနောက်ခံလူ ကွန်ဒီကို ခေါ်ယူချင်နေတဲ့ချဲလ်ဆီးအတွက် အတားအဆီးတစ်ရပ်ဖြစ်လာနိုင်တယ်လို့  Football London  ကဖော်ပြသွားပါတယ်။

** အသင်းရဲ့ကြယ်ပွင့်ဟောင်း ဟာဇက်ကို ပြန်လည်ခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေ ကျယ်လောင်စွာပြန်လည်ထွက်ပေါ်လာနေပြီး နယူးကာဆယ်အသင်းကလဲ အပြိုင်ကမ်းလှမ်းဖွယ်ရှိတယ်လို့  သတင်းတွေကဖော်ပြနေပါတယ်။ ရီးရဲနည်းပြ အန်ဆယ်လော့တီအနေနဲ့ ဟာဇက်ရဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုပေမယ့် နေရာတစ်နေရာအတွက်တော့ ပိုကောင်းတဲ့ကစားသမားတွေရှိနေတယ်လို့ ထုတ်ဖော်ပြောထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: