** လက်စတာစီးတီးနဲ့ ယှဥ်ပြိုင်ကစားကြမယ့် ပွဲကို ဒိုင်လူကြီးမိုက်ကယ်အိုလီဗာက ကိုင်တွယ်မှာဖြစ်လို့ ပရိတ်သတ်တွေစိတ်ပူနေကြကြောင်း HITC ကဖော်ပြသွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ အိုလီဗာကိုင်တွယ်ထားတဲ့ ၄၃ ပွဲမှာ ၁၈ ပွဲနိုင်ပြီး ၁၅ ပွဲရှုံးထားခဲ့ကာ ပယ်နယ်တီလည်း ၄ကြိမ်ပေးထားရပါတယ်။
** Four Four Two ရဲ့ဖော်ပြချက်အရ ချာလီပါတီနို ဟာ ပရီးမီးယားပွဲတစ်ပွဲမှကစားရသေးခြင်းမရှိသော်လည်း ပေါင် ၅သန်းခန့်တန်ကြေးရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲလေ့စ်ရဲ့ အိုလီဆီ ၊ ဗီလာရဲ့ ဘယ်ရီတို့နဲ့အတူ Wonder Kid အဖြစ်တင်စားရေးသားခဲ့ပါသေးတယ်။ အာဆင်နယ်အသိုင်းအဝိုင်းမှာလည်း ပါတီနိုကို ဖာဘရီဂက်စ် ၊ ဂျက်ဝီရှိုင်းယားတို့လိုထွန်းတောက်လာဖို့မျှော်လင့်ချက်ထားနေကြပါတယ်။
** အာတီတာအနေနဲ့ အငှားချထားတဲ့ မာဗရိုပါနို့စ်ကို ၂.၅ သန်းနဲ့လက်လွှတ်မယ့်အစား ဂါဘရီရယ် ၊ မာရီတို့နဲ့ ယှဥ်ပြိုင်ခိုင်းသင့်တယ်လို့ Football London က သုံးသပ်ဖော်ပြထားပါတယ်။ အဆိုပါ ဂရိသားရဲ့ ဘောလုံးဖြန့်ကစားပုံကိုစိုးရိမ်နေတဲ့ အာတီတာအတွက် ဂျာမန်မြေကမှတ်တမ်းတွေကို ကိုးကားပြီးအကြံပြုခဲ့တာပါ။ WhoScored ရဲ့ဖော်ပြချက်တွေအရ မာဗရိုပါနို့စ်ဟာ နောက်ဆုံး ၆ပွဲမှာအမြင့်ဆုံး Rating တွေကိုရရှိထားပါတယ်။
** မန်စီးတီး ၊ စပါးအသင်းတို့နဲ့အပြိုင် အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက် တောင်ပံလူ မိုင်နာဆော်လမွန်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူလိုနေတယ်လို့သိရပါတယ်။ အဆိုပါ အသက် ၂၂ နှစ်အရွယ် အစ္စရေးလ်ကစားသမားဟာ အသင်းအတွက် ပွဲပေါင်း ၉၆ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။
** လန်ဒန် ကိုနေးမှာ လာရောက်လေ့ကျင့်နေတဲ့ ဝီးရှိုင်းယားရဲ့ Instagram ပို့စ်ကို ဝက်ဟမ်းကစားသမား ဒီကလန်ရိုက်စ်ကလည်း နှစ်သက်စွာ Comment ပေးထားခဲ့ပါတယ်။ ဂျက်ဟာ အသင်းသစ်ရှာဖွေဆဲဖြစ်ပြီး အနားယူဖို့အစီအစဥ်မရှိသေးပါဘူး။
** Express Sport ရဲ့ဆောင်းပါးရှင် Lewis Winter က အာဆင်နယ်မှာ ပွဲထွက်ခွင့်နဲနေတဲ့ မာတင်နယ်လီကို အငှားကစားစေတာက အကျိုးဖြစ်ထွန်းစေမယ်လို့ အကြံပြုခဲ့ပါတယ်။ သူက စမစ်ရိုကို တချိန်က အငှားချထားရင်း ခြေစွမ်းကောင်းတွေဖြစ်ပေါ်စေခဲ့တာကို ဥပမာပေးရင်း အကြံပြုခဲ့တာဖြစ်ပါတယ်။
Leave a Reply