လန်ဒန်ရဲ့ ခြင်္သေပြာတပ်သားတွေဟာ ပရီးယားလိဂ်ဖလားကို မန်ချက်စတာမြို့သား‌တွေဆီကနေ လုယူဖို့ အသင့်ဖြစ်နေပြီလား။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၉ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ လန်ဒန်မြိုခံ ချဲလ်ဆီး အသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက လီဗာပူးလ်ကို(၁)မှတ်၊တတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးကို(၂)မှတ်စီ အသီးသီးဖြတ်ပြီး (၉)ပွဲမှာ (၇)ပွဲနိုင်၊(၁)ပွဲသရေ၊(၁)ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်လျက်ရှိပါတယ်။‌ခြင်္သေ့ပြာတွေအနေနဲ့ ရာသီကုန်အထိ ခုလိုဆက်ဦးဆောင် နေနိုင်မလား ဆိုတာ အချက်အလက်လေးတွေလေ့လာကြည့်ရအောင်။

ဒီနှစ်မှာ သောမတ်စ်တူချယ်အနေနဲ့ ချဲလ်ဆီးအသင်းကို ရာသီအစအဆုံး စတင်ကိုင်တွယ်ခွင့်ရတာဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ  ရလဒ်တွေဆိုးရွားနေတဲ့အသင်းကိုတူချယ်ဟာ လမ်းပတ်ရဲ့လက်ထဲကနေလွှဲပြောင်းယူခဲ့ရတာဖြစ်တယ်။ဂျာမနီသားဟာ အသင်းကို ကောင်းကောင်းပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အချိန်တို အတွင်းမှာပဲ အသင်းအတွက်ဥရောပချန်ပီယံလိဂ်ဖလားနဲ့စူပါဖလားတို့ကိုရယူပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ယှဥ်ပြိုင်ကစားခဲ့ပြီးတဲ့ပွဲစဥ်‌များမှာချဲလ်ဆီးအသင်းဟာမနှစ်ကထက်ပိုကောင်းတဲ့ပုံစံကိုပြသလျက်ရှိပါတယ်။ရာသီအစမှာပဲအသင်းကြီးအများစုနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီးမြိုခံပြိုင်ဘက်တွေဖြစ်တဲ့စပါးနဲ့အာဆင်နယ်တို့ကိုအနိုင်၊လီဗာပူးလ်အသင်းကိုသရေရလဒ်နဲ့ လက်ရှိချန်ပီယံမန်စီးတီးအသင်းကိုတော့ အဝေးကွင်းမှာ အရှုံးပေးခဲ့ ရပါတယ်။ဒီရာသီမှာလည်းပရီးမီးယားလိဂ်ချန်ပီယံထပ်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့မန်စီးတီးကိုနိမ့်ခဲ့တာကချဲလ်ဆီးအသင်းအတွက်လေးနှစ်ကြာဝေးကွာနေတဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပြန်လည်ရယူဖို့စိန်ခေါ်မှုတွေရှိနေဆဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့ပါတယ်။

မနှစ်က အားနည်းခဲ့တဲ့အထောင်တိုက်စစ်နေရာမှာတီမို၀ါနာအစားအဆုံးသတ်‌သေချာတဲ့ တိုက်စစ်မှူး တစ်ယောက် အစားထိုးဖို့ ပြီးခဲ့တဲ့‌နွေရာသီမှာအင်တာမီလန်ကနေလူကာကူကိုခေါ်ယူခဲ့နိုင်တာက ဥရောပ ချန်ပီယံ‌အတွက် အင်အားတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အစပိုင်းမှာပဲခြေစွမ်းပြပြီး နောက်ပိုင်းပွဲတွေမှာ အရှိန်ကျသွားတဲ့အပြင် ဒဏ်ရာပါရသွားလို့ လောလောဆယ်မှာ တိုက်စစ်မှုး မပါပဲ ကစားနေရပါတယ်။  တိုက်စစ်မှုးတစ်ယောက် အမြန်ရှာနေတယ်ဆိုတဲ့သတင်းတွေကလဲ နေ့တိုင်းတက်နေ ပါတယ်။ ကစားသမားဟောင်း ဟာဇက်ကိုပြန်ခေါ်ဖို့စိတ်ဝင်စားတဲ့သတင်းအပါအဝင် အီကာဒီကို ခေါ်ချင်တယ် ဆိုတာမျိုးထိကိုရှိနေပါတယ်။

တခြားတဖက်မှာတော့ ချဲလ်‌ဆီးအသင်းရဲ့အတောက်ပဆုံးကြယ်ပွင့်ကစားသမားလေး မေဆင်မောင့်က ခြေစွမ်းကောင်း တွေဆက်ပြနေပြီး စောင့်ကြည့်ရမယ့်လူငယ်အဆင့်ဆိုတာထက် အများကြီးပိုလာခဲ့ပြီ ဖြစ်သလို ဒီရာသီခရီးရေရှည်အတွက်လည်း လူကာကူ၊ဟားဗတ်၊ကိုဗာစစ်၊ပူလီဆစ်၊ရိစ်ဂျိန်း၊ရူဒီဂါတိုရဲ့ အစုအဖွဲက တကယ်ကို တောင့်တင်းပါတယ်။  ရူဒီဂါနဲ့ပတ်သတ်ပြီး စာချုပ်သစ်ချုပ်ဖို့ ရုန်းကန် နေရတာကလည်း ပြသနာတစ်ခုဆိုပေမယ့် ဒီရာသီအတွက် တော့စိတ်အေးရပါသေးတယ်။

ချဲလ်ဆီးအသင်းရဲ့ အသက်သွေးကြောလို့ပြောလို့ရတဲ့ ပြင်သစ်ကွင်းလယ်လူကန်တေသာ ဒဏ်ရာပြဿနာ ကင်းပြီး ကြံ့ခိုင်မှုအပြည့်နဲ့ တစ်ရာသီလုံးကစားပေးနိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး အသင်းနဲ့လီဗာပူးလ်အသင်းတို့ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဂိုးရရှိဖို တိုက်စစ်ကိုပဲအားကိုးနေရတာမဟုတ်ပဲ နေရာစုံကနေဂိုးသွင်းယူနိုင်စွမ်းရှိတာက နောက်ထပ်အားသာချက်တစ်ခုဖြစ်ပြီး ပေးဂိုးအနည်းငယ်သာခွင့်ပြုထားရတဲ့ ခံစစ်ကလည်းစိတ်ချရတဲ့ အနေအထားမှာရှိပါတယ်။အသင်းရဲ့ ကွင်းလယ်အစုအဖွဲ့ကလည်းတောင့်တင်းသလို ခြေစွမ်းပြနေတဲ့ လူငယ်တွေဆီ ကလည်း ဒီထက်အများကြီးမျှော်လင့်စရာရှိပါသေးတယ်။ အိုဒွိုင်းဟာ တူချယ်ရဲ့လက်အောက်မှာ အဆင့်တစ်ခုထိရောက်လာခဲ့တာမြင်သာလှပါတယ်။

အသင်းနဲ့အတူ အကောင်းဆုံးလက်စွမ်းပြနေတဲ့ မန်ဒီကို အာဖရိကဖလားပြိုင်ပွဲမှာ ခဏ လက်လွှတ် ထားရမှာဆိုပေမယ့် ကီပါကလည်း လက်စွမ်းကောင်းတွေပြန်ပြနေတာကြောင့် ဒီအတွက်တော့ သိပ်စိုးရိမ်စရာ မရှိဘူးလို့ဆိုနိုင်ပါတယ်။တူချယ်အကောင်းဆုံးပြန်တည်ဆောက်ထားတဲ့ ချဲလ်ဆီးအသင်း အတွက်တော့ သူတိုသိမ်းပိုက်ထားတဲ့ချန်ပီယံလိဂ်ဖလားနဲ့စူပါဖလားတို့က အစပဲရှိသေးပြီး ဒီထက်အများကြီးတိုးတက်လာဖိုရှိလာသေးပါသေးတယ်။

ဒီနှစ်ကုန်မှာတော့ချဲလ်ဆီးအသင်းဟာ မနှစ်က အမှတ်‌ပေးဇယားအဆင့် သတ်မှတ်ချက် အဆင့်လေးဆိုတဲ့နေရာထက် ပိုမြင့်တဲ့နေရာကိုရမှာအသေအချာပါပဲ။ပရီးမီးယားလိဂ်ဖလားကို ပြန်လည် သိမ်းပိုက်နိုင့် ဒီရာသီမှာအစွမ်းကုန်ကြိုးစားလာမယ့် ဂျာဂင်ကလော့ရဲ့လီဗာပူးလ်ကို ပခုံးချင်းယှဉ်နိုင်ပါ့မလား၊ လက်ရှိချန်ပီယံမန်စီးတီးကို‌ရောအကောင်းဆုံးဖိအားပေးနိုင်မလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရပါဦးမယ်။  ဒဏ်ရာပြသနာနဲ့ တိုက်စစ်မှုးတွေရဲ့ခြေစွမ်းကတော့ အသင်းအတွက် အဓိက စိန်ခေါ်မှုပဲလို့ ဆိုရပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: