ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (28Oct-2pm)

** ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းရဲ့ လူငယ်ကစားသမားလေး လီယိုနာဒို ကာဒိုဆိုကို လက်ရှိအသင်းနဲ့ ပရိုစာချုပ်မချုပ်ဆိုခင်မှာ လက်ဦးမှုယူပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့    Football Insider ကဖော်ပြပါတယ်။ မကြာခင် အသက် ၁၇ နှစ်ပြည့်တော့မယ့် လူငယ်ကစားသမားလေးကို ချဲလ်ဆီးအသင်းဟာ စာချုပ်ဖျက်ကြေးပေးပြီး ခပ်သွက်သွက်ခေါ်ယူမယ့်ပုံပါပဲ။

** ကစားသမားဟောင်း ဂျာမိန်းဒီဖိုးဟာ  ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ချဲလ်ဆီး ၊ လီဗာပူးနဲ့ မန်စီးတီးတို့ သုံးသင်းသာ အဓိကထားယှဥ်ပြိုင်ရမယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

** ဒေါ့မွန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ တီမိုဝါနာနဲ့ အိုဒွိုင်းတို့ကိုရောင်းချရန်ရှိမရှိ ဆက်သွယ်မေးမြန်းလာတယ်လို့    Team Talk ကဖော်ပြထားပါတယ်။ သူတို့ဟာ လာမယ့်နှစ်မှာအသင်းပြောင်းဖွယ်ရှိတဲ့ လူငယ်တိုက်စစ်မှုး ဟာလန်းရဲ့နေရာမှာအစားထိုးဖို့ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။ တဆက်ထဲမှာပဲ သူတို့ရဲ့ ကစားသမားဟောင်း ပူလီဆစ် ရဲ့အလားအလာကိုလည်းမေးမြန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

** ပွဲမှာ လက်စွမ်းပြသွားခဲ့တဲ့ ဂိုးသမားကီပါဟာ  သူ့အနေနဲ့ခုထက်ပိုပြီး ပွဲများများကစားလိုတယ်လို့ နည်းပြတူချယ်ကို တောင်းဆိုသွားခဲ့ပါတယ်။ မန်ဒီရဲ့လက်စွမ်းပြမှုတွေနဲ့ သူ့ရဲ့အမှားများမှုတွေကြောင့် ကီပါဟာ အရံကစားသမားဖြစ်နေတာတော့ကြာပြီဖြစ်ပါတယ်။**ပွဲမှာ လက်စွမ်းပြသွားခဲ့တဲ့ ဂိုးသမားကီပါဟာ  သူ့အနေနဲ့ခုထက်ပိုပြီး ပွဲများများကစားလိုတယ်လို့ နည်းပြတူချယ်ကို တောင်းဆိုသွားခဲ့ပါတယ်။ မန်ဒီရဲ့လက်စွမ်းပြမှုတွေနဲ့ သူ့ရဲ့အမှားများမှုတွေကြောင့် ကီပါဟာ အရံကစားသမားဖြစ်နေတာတော့ကြာပြီဖြစ်ပါတယ်။

** ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကစားသမားလေး ဘယ်လင်ဂန်အတွက် ရောင်းချဖို့စိတ်ဝင်စားခြင်းမရှိပဲ ၊ စာချုပ်သစ်ချုပ်ဆိုဖို့ကိုသာ ပိုပြီးအားထည့်လုပ်ဆောင်နေတယ်လို့   90 Mins ကဖော်ပြပါတယ်။  အသင်းကြီးအားလုံးကလိုချင်နေတဲ့ ၁၈ နှစ်သားလေးဟာ ဒီရာသီ ၁၅ပွဲကစားပြီး ၃ ဂိုးသွင်း ၊ ၆ ကြိမ်ဖန်တီးပေးထားတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: