နောက်ဆုံးရအာဆင်နယ်သတင်းများ (28Oct-11am)

** ဆန်ဒါးလန်းနည်းပြ လီးဂျွန်ဆင်က  EFL ဖလား ကွာတားဖိုင်နယ်အဆင့်မှာ  အာဆင်နယ် (သို့) စပါးအသင်းတွေနဲ့ တွေ့ဆုံလိုပြီး နောက်တစ်ဆင့်ကနေ အသင်းကြီးတွေကို စောင့်နေမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုမှုနဲ့ပတ်သတ်ပြီး လန်ဒန်နှစ်သင်းစလုံးရဲ့ပရိတ်သတ်တွေဟာ လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်အဖြစ်ပြန်လည်တုန့်ပြန်သွားခဲ့ကြတယ်လို့   Football London ကနေဖော်ပြသွားခဲ့ပါတယ်။

** ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာလာတော့မယ့်  ဘာစီလိုနာကစားသမား  ဆာဂျီယိုရောဘတ်တို ကို အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ဟာ အပြိုင်ကမ်းလှမ်းဖို့ပြင်ဆင်နေကြတယ်လို့  The Sun ကဖော်ပြသွားခဲ့ပါတယ်။ ဒီရာသီမှာ ကစားသမားဟာ ဘာကာအတွက် ၈ ပွဲကစားပြီး ၂ ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။

Advertisements

** အာဆင်နယ်ကစားသမားဟောင်း နာဆရီဟာ  မာဆေးလ်အသင်းရဲ့တရားဝင် You Tube Channel နဲ့တွေ့ဆုံရာမှာ ဆာလီဘာရဲ့အရည်အသွေးတွေကိုချီးကျူးပြောဆိုသွားပြီး ၊ ဘာအကြောင်းကြောင့် အာဆင်နယ်အသင်းနဲ့ ကစားခွင့်မရခဲ့သလဲ သူနားမလည်နိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဆာလီဘာဟာ  ပရီးမီးယားလိဂ်မှာကစားဖို့အသင့်ရှိနေသူလို့ ညွန်းဆိုသွားခဲ့ပါတယ်။

** လီဗာပူးအသင်းရဲ့ပစ်မှတ်ဖြစ်တဲ့  မေဂျာလိဂ် ကလပ် ဒဲလက်စ်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှုး ရီကာဒိုပက်ပီကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားလာပြီလို့  သိရပါတယ်။ အဆိုပါ အမေရိကန်တိုက်စစ်မှုးလေးဟာ  ၂၈ပွဲကစားထားပြီး ၁၃ ဂိုးသွင်း ၊ ၂ ကြိမ်ဖန်တီးပေးထားနိုင် တာဖြစ်ပါတယ်။

** နောက်ခံလူကိုလာစီနစ်အနေနဲ့ လိဒ်အသင်းနဲ့  EFL ပွဲမှာ ပါဝင်ကစားခဲ့တာဟာ အသင်းအတွက်နောက်ဆုံးကစားပေးသွားတာဖြစ်နိုင်** တယ်လို့  ပရိတ်သတ်တွေကယူဆနေပါတယ်။ အာတီတာရောင်းထုတ်ဖို့ကြိုးစားနေတဲ့ကစားသမားအစုအဖွဲ့ထဲမှာ ကိုလာစီနစ်လဲအပါအဝင်ဖြစ်ပါတယ်။

** ပွဲထွက်နေရာရဖို့အသင်းကနေပြောင်းရွှေ့ချင်နေတဲ့ တိုက်စစ်မှုးလေး အန်ကတ်တီယာကို နည်းပြအာတီတာက အသင်းမှာဆက်ရှိနေစေချင်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်စစ်မှုးလေးဟာ ကစားခွင့်ရတဲ့ ပွဲစဥ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးလဲသွင်းယူနိုင်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: