ချဲလ်ဆီးအသင်းရဲ့‌နောက်ဆုံးရသတင်းများ (27Oct-2pm)

** ချဲလ်ဆီးအသင်းဟာ နောက်ခံလူ ခရစ်စတန်ဆန်နဲ့ ဆွေးနွေးမှုဟာတိုးတက်မှုနှောင့်နှေးနေတယ်လို့  The Times ကဖော်ပြသွားပါတယ်။ မူလတုန်းက လေးနှစ်စာချုပ် (တစ်နှစ်ထပ်တိုးခွင့်) နဲ့နီးစပ်ခဲ့ပေမယ့် သြဂုတ်လထဲကစလို့ နှောင့်နှေးနေတာလို့ဆိုပါတယ်။ ချဲလ်ဆီးရဲ့ အဓိကနောက်ခံလူ သုံးဦးထဲကတစ်ဦးဖြစ်တဲ့ ခရစ်စတန်ဆန်ကလည်း စာချုပ်မှာကျန့်ကြာနေသလို ၊ ရူဒီဂါကလဲ မသေချာချိန်မှာ ဆေးဗားလ်အနေနဲ့လည်း ၃၈ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။

** ရာသီကုန်မှာထွက်ခွာမယ့်သတင်းကျယ်လောင်စွာထွက်ပေါ်နေတဲ့ ရူဒီဂါကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လီဗာပူးလ်အသင်းလဲ ပါဝင်ခဲ့ပြီလို့  Liverpool ECHO Blog ကဆိုပါတယ်။ ယခုအတိုင်းဆိုရင် စိတ်ဝင်စားနေတဲ့ပြည်တွင်းပြိုင်ဖက်က ၃ သင်းထိရှိလာခဲ့ပြီဖြစ်ပြီး ၊ လီဗာပူးမတိုင်ခင် စပါးနဲ့ မန်စီးတီးအသင်းတို့ကလည်းစိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြနေကြတာပါ။

** ရီးရဲအသင်းကနေထွက်ခွာဖို့  ပြင်ဆင်နေတဲ့ ဖရက်ဒရစ်ကို ဗယ်ဗာဒီကို  တူချယ်က ကွင်းလယ်အားဖြည့်ဖို့ စိတ်ဝင်စားနေတယ်လို့  El Nacional ကဖော်ပြပါတယ်။ ‌ဂျော်ဂျင်ဟို ၊ ကန်တေတို့နဲ့ အလှည့်ကျကစားနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

** လာမယ့်အပတ်မှာ နယူးကာဆယ်အသင်းနဲ့ရင်ဆိုင်မယ့်ပွဲအတွက် အက်စ်ပီလီကွယ်တာ ၊ လော့ဖ်တပ်ချိဖ်နဲ့ ခရစ်စတန်ဆန်တို့ကိ ပါဝင်ကစားနိုင်ဖို့ရှိကြောင်း တူချယ်က ပြောကြားလိုက်ပါတယ်။

** သတင်းထောက် Ekrem Jonur  ရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှုးပြသနာကိုဖြေရှင်းဖို့  ပီအက်ဂျီတိုက်စစ်မှုး အီကာဒီကို ပစ်မှတ်ထားနေတယ်လို့  ဆိုလိုက်ပါတယ်။ လတ်တလောမှာတော့ ဒဏ်ရာပြသနာရော ၊ ဂိုးပေါက်ပျောက်တဲ့ပြသနာရောကို တိုက်စစ်ပိုင်းမှာရင်ဆိုင်နေရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: