နောက်ဆုံးရ အာဆင်နယ်သတင်းများ (27Oct-10am)

** EFL ဖလားပွဲမှာ ချိန်ဘာစ်နဲ့ လူစားလဲခဲ့ရတဲ့ နောက်ခံလူ ဘင်ဝှိုက်ဟာ ဒဏ်ရာရရှိတာကြောင့်မဟုတ်ပဲ ၊ အဖျားဝေဒနာကြောင့်သာဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။  အသင်းမှာအဖျားရောဂါနဲ့ပတ်သတ်ပြီး ပျံ့နှံနေတာမျိုး တစ်စုံတစ်ခုဖြစ်နေပုံရတယ်လို့ ခန့်မှန်းသွားခဲ့ပြီး နောက်ခံလူမာရီဟာလည်း အဖျားကြောင့် ပွဲမထွက်နိုင်ခဲ့တာဖြစ်ပါတယ်။

** ရိုးမားနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အာဆင်နယ်ကွင်းလယ်လူရှာခါကို မခေါ်ယူနိုင်ခဲ့ပေမယ့် အာဆင်နယ်မှာ အငှားကစားဖူးတဲ့ ဆီဘယ်လော့ကို ခေါ်ယူချင်နေတယ်လို့  Daily Canon ကဆိုပါတယ်။ ဆီဘယ်လော့ဟာ အာဆင်နယ်မှာ နှစ်ရာသီကစားဖူးပြီ  သွင်းဂိုး ၂ ဂိုးနဲ့  ဖန်တီးမှု ၅ ကြိမ် မှတ်တမ်းရှိထားသူပါ။ လက်ရှိအချိန်မှာတော့ အိုလံပစ်ပွဲကဒဏ်ရာကြောင့် ဒီရာသီ သူ့အသင်းရီးရဲအတွက် တစ်ကြိမ်မှ မကစားရသေးပါဘူး။

Advertisements

** အာဆင်နယ်အသင်းနဲ့ သတင်းထွက်ဖူးတဲ့ တိုရီနိုတိုက်စစ်မှုး ဘယ်လော့တီဟာ ရာသီကုန်မှာအသင်းနဲ့ စာချုပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ နည်းပြ အီဗန်ဂျူရစ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ဇန်နဝါရီမှာ‌ရောင်းချမှာမဟုတ်ပဲ ရာသီကုန်မှသာအလွတ်နဲ့ထွက်ခွာမှာဖြစ်တယ်လို့ဆိုပါတယ်။

** ဥရောပပွဲစဥ်တွေမရှိတဲ့ နှစ်တစ်နှစ်ကို ၂၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ဖြတ်သန်းနေရတဲ့အာဆင်နယ်အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် အာတီတာကို ထောက်ပံ့မှုကောင်းကောင်းပေးဖို့ ဂန္တဝင်ကြီး ဒေးဗစ်ဆီးမန်းက အသင်းပိုင်ရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။

** အသင်းရဲ့လူငယ်တိုက်စစ်မှုးတွေနဲ့ပတ်သတ်လို့ အာတီတာက သူ့မှာအစီအစဥ်တွေရှိနေကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ EFL ပွဲမှာ အရံအဖြစ်ပါဝင်ခဲ့တဲ့ ဘာလိုဂန် အတွက်သူ့မှာ အစီအစဥ်တွေရှိနေကြောင်း အတည်ပြုပေးခဲ့ပြီး ၊ အန်ကတ်တီယာကိုလည်း အသင်းမှာရှိစေချင်တယ်လို့ ဆိုသွားခဲ့ပါတယ်။

** အာဆင်နယ်ရဲ့ပစ်မှတ်တစ်ခုဖြစ်တဲ့ ဇင်းနစ်တိုက်စစ်မှုးအက်ဇမုန်ဟာ အသင်းပြောင်းဖို့မရှိကြောင်း ၊ ပြောင်းရွှေ့ဖြစ်ပါကလည်း ယခုရာသီမှာမ ဖြစ်နိုင်သေးကြောင်း သူ့ရဲ့ အေးဂျင့်က   Soccer.ru ကိုပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: