ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးရသတင်းများ (26Oct-11am)

** ပူလီဆစ် အနေနဲ့  ကြံ့ခိုင်ရေးအတွက် သီးသန့်လေ့ကျင့်ခန်းတွေပြန်လည်စတင်နေပြီလို့ အသင်းဖက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ  စက်တင်ဘာလတုန်းက နိုင်ငံအသင်းနဲ့အတူ ဒဏ်ရာရခဲ့တာဖြစ်ပြီး ၊ မကြာခန ပြန်ပြန်ထိတတ်တဲ့ဒဏ်ရာအမျိုးအစားဖြစ်တယ်လို့တော့ သိရပါတယ်။

** လူကာကူနဲ့ဝါနာတို့ မကစားနိုင်သေးပေမယ့် ကန်တေကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ တူချယ်ရဲ့အဆိုအရ ကန်တေကို စနေနေ့တုန်းက အသင်းသားတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး ထည့်သွင်းမကစားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

** METRO သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့အကြားမှာ ဒီလစ် နဲ့ပတ်သတ်ပြီးဆွေးနွေးမှုတွေစတင်လာနိုင်တယ်လို့ ဆိုပါတယ်။ တစ်ပတ်ကို ၂၈၀၀၀၀ ပေးနေရတဲ့ ကစားသမားအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေပုံရတဲ့အတွက် ချဲလ်ဆီးနဲ့ဆွေးနွေးလိုနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းကတော့ ကမ်းလှမ်းမှုကို ဂျူဗီဖက်ကပယ်ချခဲ့တာပါ။

** ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟို့စ်က ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းက သူ့ကိုချဥ်းကပ်လာခဲ့ပေမယ့် ပဲရစ်အသင်းဖက်က အလုံးစုံပိတ်ပင်ခဲ့တာကြောင့် ဘာမှဆက်ဖြစ်မလာခဲ့ဘူးလို့ဆိုပါတယ်။ အဆိုပါ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပိုချက်တီနိုအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီး  အသင်းကိုကစားပုံကို ဦးဆောင်ပေးနေသူလဲဖြစ်ပါတယ်။

** တင်းကြပ်တဲ့စည်းမျဥ်းတွေဟာ တစ်ခါတစ်လေ ကောင်းမွန်တဲ့တွန်းအားတွေဖြစ်ကြောင်း နည်းပြတူချယ်က အိုဒွိုင်းနဲ့ပတ်သတ်ပြီးမှတ်ချက်ပေးလိုက်ပါတယ်။ “ သူကကစားသမားကောင်းပါ။ ကစားသမားကောင်းတွေဟာ ချီးမွမ်းသံတွေနဲ့ယဥ်ပါးနေတတ်ပါတယ်။  တိုက်စစ်သမားတစ်ယောက်ဘာလဲဆိုတာသိရဖို့အတွက် သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ  စတဲ့ ကိန်းဂဏန်းတွေကြည့်လိုက်ရင်ရှင်းနေတာပါပဲ။ သူ့ဖက်က လုပ်စရာရှိတာလုပ်ပြီးသက်သေပြရပါလိမ့်မယ်။ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာ့အဆင့်ဖြစ်ပါတယ်။ ဒီနေရာမှာရပ်တည်ဖို့အတွက် သူ့ဖက်က အကောင်းဆုံးလုပ်ပြဖို့လိုပါတယ် “ ဆိုပြီး ပြောဆိုခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: